အသင်းပြောင်းခွင့်တောင်းဆိုထားတဲ့ အာဆင်နယ်စိတ်ဝင်စားနေတဲ့ ဘာစီလိုနာဂိုးသမားနီတို

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကဂိုးသမားနီတိုမှာဇန်နဝါရီအပြောင်းအရွှေ့တွင်အသင်းပြောင်းခွင့်ပေးရန်ကလပ်ထံသို့တောင်းဆိုထားကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

အသက်၃၁နှစ်ရှိဘရာဇီးဂိုးသမားဟာ၂၀၁၉ခုနှစ်၊နွေရာသီတုန်းကဗလင်စီယာမှာဘာစီလိုနာသို့ပြောင်းလာသူဖြစ်ပြီးယခုရာသီတွင်ဘာစီလိုနာအတွက်၉ပွဲကစားရမှုအပါအဝင်၁၄ပွဲတည်းသာကစားခွင့်ရထားပါတယ်။

ဒါကြောင့်လည်းဘရာဇီးအတွက်၁ပွဲကစားခွင့်ရရှိဖူးတဲ့နီတိုဟာအသင်းပြောင်းလိုလျက်ရှိနေပြီးအာဆင်နယ်က စိတ်ဝင်စားနေကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်လည်းဘာစီလိုနာဟာနီတိုကိုကလပ်ရဲ့အရေးပါတဲ့သူအဖြစ်သတ်မှတ်ထားဆဲဖြစ်ကာအသင်းပြောင်းခွင့် တောင်းဆိုမှုကိုပယ်ချထားပါတယ်။

ကိုးမန်းက “သူ့ကိုယ်စားလှယ်တွေကလပ်ကထွက်ခွာခွင့်ပေးဖို့တောင်းဆိုခဲ့တယ်ဆိုတာအမှန်ပါ။သူကကျွန်တော် တို့အတွက်အရေးပါတဲ့သူတစ်ဦးဖြစ်လို့ငြင်းပယ်ခဲ့ပါတယ်။ကျွန်တော်တို့ကနေရာတိုင်းမှာကောင်းမွန်တဲ့အရန်ရှိစေ ချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာဇန်နဝါရီအပြောင်းအရွှေ့မှာမန်စီးတီးနောက်ခံလူအဲရစ်ဂါစီယာကိုခေါ်ယူလိုနေပေမယ့်ဘဏ္ဍာရေး အခက်အခဲများရှိနေမှုနဲ့အတူနွေရာသီအထိစောင့်ဆိုင်းရမယ့်အခြေအနေမှာရှိပါတယ်။

ZawGyi

အသင္းေျပာင္းခြင့္ေတာင္းဆိုထားတဲ့ အာဆင္နယ္စိတ္ဝင္စားေနတဲ့ ဘာစီလိုနာဂိုးသမားနီတို

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကဂိုးသမားနီတိုမွာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အသင္းေျပာင္းခြင့္ေပးရန္ကလပ္ထံသို႔ေတာင္းဆိုထားေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

အသက္၃၁ႏွစ္ရွိဘရာဇီးဂိုးသမားဟာ၂၀၁၉ခုႏွစ္၊ေႏြရာသီတုန္းကဗလင္စီယာမွာဘာစီလိုနာသို႔ေျပာင္းလာသူျဖစ္ၿပီးယခုရာသီတြင္ဘာစီလိုနာအတြက္၉ပြဲကစားရမႈအပါအဝင္၁၄ပြဲတည္းသာကစားခြင့္ရထားပါတယ္။

ဒါေၾကာင့္လည္းဘရာဇီးအတြက္၁ပြဲကစားခြင့္ရရွိဖူးတဲ့နီတိုဟာအသင္းေျပာင္းလိုလ်က္ရွိေနၿပီးအာဆင္နယ္က စိတ္ဝင္စားေနေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္လည္းဘာစီလိုနာဟာနီတိုကိုကလပ္ရဲ႕အေရးပါတဲ့သူအျဖစ္သတ္မွတ္ထားဆဲျဖစ္ကာအသင္းေျပာင္းခြင့္ ေတာင္းဆိုမႈကိုပယ္ခ်ထားပါတယ္။

ကိုးမန္းက “သူ႔ကိုယ္စားလွယ္ေတြကလပ္ကထြက္ခြာခြင့္ေပးဖို႔ေတာင္းဆိုခဲ့တယ္ဆိုတာအမွန္ပါ။သူကကြၽန္ေတာ္ တို႔အတြက္အေရးပါတဲ့သူတစ္ဦးျဖစ္လို႔ျငင္းပယ္ခဲ့ပါတယ္။ကြၽန္ေတာ္တို႔ကေနရာတိုင္းမွာေကာင္းမြန္တဲ့အရန္ရွိေစ ခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာမန္စီးတီးေနာက္ခံလူအဲရစ္ဂါစီယာကိုေခၚယူလိုေနေပမယ့္ဘ႑ာေရး အခက္အခဲမ်ားရွိေနမႈနဲ႔အတူေႏြရာသီအထိေစာင့္ဆိုင္းရမယ့္အေျခအေနမွာရွိပါတယ္။