အသင်းပြောင်းခွင့်ပေးရန် ပဲလေ့စ်စတားဇာဟာတောင်းဆို

ဝီလ်ဖရိုင်းဇာဟာဟာခရစ္စတယ်ပဲလေ့စ်တာဝန်ရှိသူများအားအသင်းပြောင်းခွင့်ပေးရန်တောင်းဆိုလိုက်ကြောင်းသိရပါတယ်။

မန်ယူတောင်ပံတိုက်စစ်ကစားသမားဟောင်းဟာယခုလအတွင်းမှာဘဲခရစ္စတယ်ပဲလေ့စ်ကနေထွက်ခွာလိုနေတာလည်းဖြစ်ပါတယ်။

ဇာဟာဟာ၂၀၀၄ခုနှစ်မှာပဲလေ့စ်သို့လူငယ်ကစားသမားအဖြစ်ရောက်လာပြီးနောက်ပဲလေ့စ်အတွက်၃၉၃ပွဲကစားကာ၆၈ဂိုးသွင်းယူထားပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ၂၀၁၉ခုနှစ်တုန်းကပဲလေ့စ်မှထွက်ခွာလုနီးပါးဖြစ်ခဲ့သော်လည်းကလပ်ဘက်ကပေါင်သန်း၁၀၀တောင်းဆိုမှုကြောင့်အာဆင်နယ်သို့ပြောင်းရေးပျက်ပြယ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ဇာဟာဟာပဲလေ့စ်နှင့်၂နှစ်စာချုပ်သက်တမ်းကျန်နေသေးသော်လည်း အသင်းပြောင်းခွင့်တောင်းဆိုလာပြီဖြစ်ပါတယ်။

ဇာဟာဟာဇူလိုင်လအစောပိုင်းတွင်စတင်မယ့်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မတိုင်မီ အသင်းသစ်သို့ပြောင်းရွှေ့လိုနေတာလည်းဖြစ်ပါတယ်။

ZawGyi






