အသင်းပြောင်းခွင့်ရရန် ပြိုင်ဘက်အသင်းအင်္ကျီဝတ်ဆင်ပြီး လေ့ကျင့်ရေးကွင်းသို့ လာတဲ့ တိုက်စစ်မှူး ဘာဖြစ်သွားလဲ?

ဒီဒီယာလမ်ကယ်ဇီးဟာရွိုင်ယန်အန့်ဝတ်ခ်မှာပြဿနာမီးခွက်ထွန်းရှာခဲ့ပါတယ်။သူဟာဗုဒ္ဓဟူးနေ့နံနက်ပိုင်း တုန်းကအသင်းရဲ့လေ့ကျင့်ရေးကွင်းသို့ပြိုင်ဘက်ကလပ်ရဲ့အင်္ကျီဝတ်ဆင်ပြီးရောက်လာမှုနဲ့အတူလေ့ကျင့်ရေးကွင်းသို့ဝင်ခွင့်မရဘဲနှင်ထုတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းမှာကစားသမားပေါင်းများစွာတို့ဟာကလပ်ကနေထွက်ခွာနိုင်ဖို့အတွက်နည်းလမ်း ပေါင်းစုံ သုံးပြီးကြိုးပမ်းခဲ့ကြပါတယ်။ကလပ်ကထွက်ခွာရစေတဲ့နည်းလမ်းကလည်းများစွာရှိပါတယ်။

ပုံမှန်အားဖြင့်ကစားသမားတွေဟာကလပ်တွေထွက်ခွာရဖို့အတွက်လေ့ကျင့်ခန်းဆင်းဖို့ငြင်းတာမျိုး၊မီဒီယာကနေ ထွက်ခွာလိုကြောင်းမကြာခဏပြောတာမျိုးလုပ်လေ့ရှိကြပါတယ်။ဒါပေမယ့်လမ်ကယ်ဇီးကတော့နည်းလမ်းသစ် သုံးလာပါတယ်။

ကင်မရာတိုက်စစ်မှူးဟာပါရာသီနိုင်ကို့စ်သို့ပြောင်းရွှေ့ရေးကြိုးပမ်းနေသူဖြစ်ပါတယ်။သူဟာကလပ်သစ်သို့ပြောင်း နိုင်ရေးကြိုးပမ်းရာမှာရွိုင်ယန်အန့်ဝတ်ခ်တာဝန်ရှိသူတွေစိတ်ပျက်ဒေါသထွက်လာအောင်အစီအစဉ်အသေအချာချမှတ်လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

သူဟာကလပ်ရဲ့လေ့ကျင့်ရေးကွင်းသို့ ပြိုင်ဘက်ကလပ်အန်ဒါလက်ချ်ရဲ့အင်္ကျီဝတ်ဆင်ပြီးရောက်လာခဲ့တာဖြစ်ပါ တယ်။ဒါပေမယ့်ဂိတ်ပေါက်မှလုံခြုံရေးကလည်းသူ့ကိုအတွင်းသို့ဝင်ခွင့်မပေးခဲ့ပါဘူး။

မကြာသေးမီတုန်းက၎င်းက “ကျွန်တော်ကတော့ ဂရိသွားချင်တယ်။ပုဂ္ဂိုလ်ရေးသဘောတူညီမှုလည်းရထားပါပြီ” လို့ပြောကြားသွားပါတယ်။

ပါနာသီနိုင်ကို့စ်ကို အန့်ဝတ်ခ်နည်းပြဟောင်းလက်စ်ဇီယိုဘိုလိုနီကကိုင်တွယ်နေပြီးအသက်၂၄နှစ်ရှိတိုက်စစ်မှူးနှင့် ပြန်လည်လက်တွဲနေပါတယ်။

သူဟာအသင်းရဲ့လေ့ကျင့်ရေးကွင်းသို့ပြိုင်ဘက်ကလပ်အန်ဒါလက်ချ်အသင်းအင်္ကျီကိုရည်ရွယ်ချက်ရှိရှိဖြင့်ဝတ်ဆင်ကာ လာရောက်မှုအတွက် ပရိသတ်များရဲ့အကြီးအကျယ်ဒေါသထွက်ခြင်းခံခဲ့ရပါတယ်။နောက်ပိုင်းမှာသူဟာယင်းလုပ်ရပ်အတွက်ပရိသတ်များကိုလူသိရှင်ကြားတောင်း ပန်မှုပြုလုပ်ခဲ့ပါတယ်။

ကလပ်နှစ်ခုအကြားမှာအပြောင်းအရွှေ့နှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ကြပေမယ့်သဘောတူညီမှု မရရှိပါဘူး။သူ့ရဲ့စာချုပ်က ၂၀၂၂ခုနှစ်မှာမှကုန်ဆုံးပါမယ်။

ZawGyi

အသင္းေျပာင္းခြင့္ရရန္ ၿပိဳင္ဘက္အသင္းအက်ႌဝတ္ဆင္ၿပီး ေလ့က်င့္ေရးကြင္းသို႔ လာတဲ့ တိုက္စစ္မႉး ဘာျဖစ္သြားလဲ?

ဒီဒီယာလမ္ကယ္ဇီးဟာ႐ြိဳင္ယန္အန႔္ဝတ္ခ္မွာျပႆနာမီးခြက္ထြန္းရွာခဲ့ပါတယ္။သူဟာဗုဒၶဟူးေန႔နံနက္ပိုင္း တုန္းကအသင္းရဲ႕ေလ့က်င့္ေရးကြင္းသို႔ၿပိဳင္ဘက္ကလပ္ရဲ႕အက်ႌဝတ္ဆင္ၿပီးေရာက္လာမႈနဲ႔အတူေလ့က်င့္ ေရးကြင္းသို႔ဝင္ခြင့္မရဘဲႏွင္ထုတ္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာကစားသမားေပါင္းမ်ားစြာတို႔ဟာကလပ္ကေနထြက္ခြာႏိုင္ဖို႔အတြက္နည္းလမ္း ေပါင္းစုံ သုံးၿပီးႀကိဳးပမ္းခဲ့ၾကပါတယ္။ကလပ္ကထြက္ခြာရေစတဲ့နည္းလမ္းကလည္းမ်ားစြာရွိပါတယ္။

ပုံမွန္အားျဖင့္ကစားသမားေတြဟာကလပ္ေတြထြက္ခြာရဖို႔အတြက္ေလ့က်င့္ခန္းဆင္းဖို႔ျငင္းတာမ်ိဳး၊မီဒီယာကေန ထြက္ခြာလိုေၾကာင္းမၾကာခဏေျပာတာမ်ိဳးလုပ္ေလ့ရွိၾကပါတယ္။ဒါေပမယ့္လမ္ကယ္ဇီးကေတာ့နည္းလမ္းသစ္ သုံးလာပါတယ္။

ကင္မရာတိုက္စစ္မႉးဟာပါရာသီႏိုင္ကို႔စ္သို႔ေျပာင္းေ႐ႊ႕ေရးႀကိဳးပမ္းေနသူျဖစ္ပါတယ္။သူဟာကလပ္သစ္သို႔ေျပာင္း ႏိုင္ေရးႀကိဳးပမ္းရာမွာ႐ြိဳင္ယန္အန႔္ဝတ္ခ္တာဝန္ရွိသူေတြစိတ္ပ်က္ေဒါသထြက္လာေအာင္အစီအစဥ္အေသအခ်ာခ်မွတ္လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။

သူဟာကလပ္ရဲ႕ေလ့က်င့္ေရးကြင္းသို႔ ၿပိဳင္ဘက္ကလပ္အန္ဒါလက္ခ်္ရဲ႕အက်ႌဝတ္ဆင္ၿပီးေရာက္လာခဲ့တာျဖစ္ပါ တယ္။ဒါေပမယ့္ဂိတ္ေပါက္မွလုံၿခဳံေရးကလည္းသူ႔ကိုအတြင္းသို႔ဝင္ခြင့္မေပးခဲ့ပါဘူး။

မၾကာေသးမီတုန္းက၎က “ကြၽန္ေတာ္ကေတာ့ ဂရိသြားခ်င္တယ္။ပုဂၢိဳလ္ေရးသေဘာတူညီမႈလည္းရထားပါၿပီ” လို႔ေျပာၾကားသြားပါတယ္။

ပါနာသီႏိုင္ကို႔စ္ကို အန႔္ဝတ္ခ္နည္းျပေဟာင္းလက္စ္ဇီယိုဘိုလိုနီကကိုင္တြယ္ေနၿပီးအသက္၂၄ႏွစ္ရွိတိုက္စစ္မႉးႏွင့္ ျပန္လည္လက္တြဲေနပါတယ္။

သူဟာအသင္းရဲ႕ေလ့က်င့္ေရးကြင္းသို႔ၿပိဳင္ဘက္ကလပ္အန္ဒါလက္ခ်္အသင္းအက်ႌကိုရည္႐ြယ္ခ်က္ရွိရွိျဖင့္ဝတ္ဆင္ကာ လာေရာက္မႈအတြက္ ပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ေဒါသထြက္ျခင္းခံခဲ့ရပါတယ္။ေနာက္ပိုင္းမွာသူဟာယင္းလုပ္ရပ္အတြက္ပရိသတ္မ်ားကိုလူသိရွင္ၾကားေတာင္း ပန္မႈျပဳလုပ္ခဲ့ပါတယ္။

ကလပ္ႏွစ္ခုအၾကားမွာအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္ၾကေပမယ့္သေဘာတူညီမႈ မရရွိပါဘူး။သူ႔ရဲ႕စာခ်ဳပ္က ၂၀၂၂ခုႏွစ္မွာမွကုန္ဆုံးပါမယ္။