အသင်းပြောင်းရေးကို မေ့လိုက်ရန် ဆာလီဘာကို အာဆင်နယ်ပြောကြား

အာဆင်နယ်နည်းပြအာတီတာကဝီလီယမ်ဆာလီဘာအားလာမယ့်ဘောလုံးရာသီသစ်တွင်အသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်လာမည်ဖြစ်ကြောင်းပြောကြားကာ အသင်းပြောင်းရေးကိုမေ့လိုက်ရန် ပြောကြားလာပါတယ်။

အသက်၂၁နှစ်ရှိဆာလီဘာဟာ၂၀၁၉ခုနှစ်တွင်စိန့်အက်တီယန်မှပေါင်၂၇သန်းဖြင့်ရောက်လာပြီးနောက်အာဆင်နယ်အတွက်တစ်ပွဲမျှမကစားရသေးပါဘူး။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီသုံးခုအားအငှားဖြင့်ထွက်ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမာဆေးလ်ကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကူညီခဲ့တဲ့ဆာလီဘာဟာပုံမှန်ပွဲထွက်ကစားခွင့်ရရှိလိုနေပြီးအာမခံချက်မရှိပါကအသင်းပြောင်းရွှေ့သွားခွင့်တောင်းဆိုသွားမှာလည်းဖြစ်ပါတယ်။

ဒါပေမဲ့အာတီတာကအသင်းနှင့်၂နှစ်စာချုပ်သာကျန်တော့တဲ့ဆာလီဘာမှာကလပ်ရဲ့အနာဂတ်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အာတီတာက “ဝီလီယမ်ကကျွန်တော့်အစီအစဉ်ထဲမှာပါဝင်ပါတယ်။သူ့ကိုကြည့်ပြီးစိတ်လှုပ်ရှားနေခဲ့ကြတာပါ။သူဟာဘာလုပ်နိုင်တယ်ဆိုတာမာဆေးလ်မှာပြသထားပြီးဖြစ်ပါတယ်။ကျွန်တော်တို့အကြားဆက်ဆံရေးကပုံမှန်အတိုင်းမစတင်ခဲ့ပေမဲ့သူ့ကိုဝယ်ယူကတည်းကအငှားချဖို့ကစီစဉ်ထားခဲ့ပြီးသားပါ။ပရီးမီးယားလိဂ်မှာသူရင်ဆိုင်ရမယ့်အရာတွေအတွက်အသင့်ဖြစ်အောင်ကျွန်တော်တို့ကြိုးပမ်းခဲ့ကြတာပါ။ဘယ်သူ့ကိုမှပထမအသင်းအာမခံချက်မပေးနိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကိုနောက်တစ်ဆင့်သို့ခေါ်ဆောင်သွားမယ့်ကစားသမားကိုတော့ကစားချိန်ပိုရမယ်လို့အာမခံချက်ပေးနိုင်ပါတယ်။သူ့ဘက်ကလည်းအများကြီးတိုးတက်လာပါတယ်။နိုင်ငံခြားမှာရှိနေစဉ်အတွင်းသူ့ယုံကြည်ချက်မြင့်မားလာခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဆာလီဘာဟာအာဆင်နယ်တွင်ပုံမှန်နေရာရရှိရေးအတွက်ဂါဘရီရယ်၊ ဘင်ဝှိုက်၊ရော့ဘ်ဟိုးဒင်း၊ပါလလိုမာရီတို့နှင့်ယှဉ်ပြိုင်ရပါမယ်။

ZawGyi

အသင္းေျပာင္းေရးကို ေမ့လိုက္ရန္ ဆာလီဘာကို အာဆင္နယ္ေျပာၾကား

အာဆင္နယ္နည္းျပအာတီတာကဝီလီယမ္ဆာလီဘာအားလာမယ့္ေဘာလုံးရာသီသစ္တြင္အသင္းရဲ႕အေရးပါတဲ့ကစားသမားျဖစ္လာမည္ျဖစ္ေၾကာင္းေျပာၾကားကာ အသင္းေျပာင္းေရးကိုေမ့လိုက္ရန္ ေျပာၾကားလာပါတယ္။

အသက္၂၁ႏွစ္ရွိဆာလီဘာဟာ၂၀၁၉ခုႏွစ္တြင္စိန႔္အက္တီယန္မွေပါင္၂၇သန္းျဖင့္ေရာက္လာၿပီးေနာက္အာဆင္နယ္အတြက္တစ္ပြဲမွ်မကစားရေသးပါဘူး။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီသုံးခုအားအငွားျဖင့္ထြက္ကစားခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမာေဆးလ္ကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ကူညီခဲ့တဲ့ဆာလီဘာဟာပုံမွန္ပြဲထြက္ကစားခြင့္ရရွိလိုေနၿပီးအာမခံခ်က္မရွိပါကအသင္းေျပာင္းေ႐ႊ႕သြားခြင့္ေတာင္းဆိုသြားမွာလည္းျဖစ္ပါတယ္။

ဒါေပမဲ့အာတီတာကအသင္းႏွင့္၂ႏွစ္စာခ်ဳပ္သာက်န္ေတာ့တဲ့ဆာလီဘာမွာကလပ္ရဲ႕အနာဂတ္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အာတီတာက “ဝီလီယမ္ကကြၽန္ေတာ့္အစီအစဥ္ထဲမွာပါဝင္ပါတယ္။သူ႔ကိုၾကည့္ၿပီးစိတ္လႈပ္ရွားေနခဲ့ၾကတာပါ။သူဟာဘာလုပ္ႏိုင္တယ္ဆိုတာမာေဆးလ္မွာျပသထားၿပီးျဖစ္ပါတယ္။ကြၽန္ေတာ္တို႔အၾကားဆက္ဆံေရးကပုံမွန္အတိုင္းမစတင္ခဲ့ေပမဲ့သူ႔ကိုဝယ္ယူကတည္းကအငွားခ်ဖို႔ကစီစဥ္ထားခဲ့ၿပီးသားပါ။ပရီးမီးယားလိဂ္မွာသူရင္ဆိုင္ရမယ့္အရာေတြအတြက္အသင့္ျဖစ္ေအာင္ကြၽန္ေတာ္တို႔ႀကိဳးပမ္းခဲ့ၾကတာပါ။ဘယ္သူ႔ကိုမွပထမအသင္းအာမခံခ်က္မေပးႏိုင္ပါဘူး။ဒါေပမဲ့ကြၽန္ေတာ္တို႔ကိုေနာက္တစ္ဆင့္သို႔ေခၚေဆာင္သြားမယ့္ကစားသမားကိုေတာ့ကစားခ်ိန္ပိုရမယ္လို႔အာမခံခ်က္ေပးႏိုင္ပါတယ္။သူ႔ဘက္ကလည္းအမ်ားႀကီးတိုးတက္လာပါတယ္။ႏိုင္ငံျခားမွာရွိေနစဥ္အတြင္းသူ႔ယုံၾကည္ခ်က္ျမင့္မားလာခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဆာလီဘာဟာအာဆင္နယ္တြင္ပုံမွန္ေနရာရရွိေရးအတြက္ဂါဘရီရယ္၊ ဘင္ဝႈိက္၊ေရာ့ဘ္ဟိုးဒင္း၊ပါလလိုမာရီတို႔ႏွင့္ယွဥ္ၿပိဳင္ရပါမယ္။