အသင်းမှထွက်ခွာတော့မှာမဟုတ်တော့တဲ့ ကိန်းကို လုပ်ခပေါင် ၁ သိန်းတိုးပြီး စပါးစ်ကမ်းလှမ်းမည်

စပါးစ်ဟာယခုနွေရာသီတွင်အသင်းမှပြောင်းရွှေ့တော့မှာမဟုတ်တော့တဲ့ဟယ်ရီကိန်းအားတစ်ပတ်လုပ်ခပေါင်၁သိန်းအထိတိုးမြှင့်ကာအနာဂတ်နှင့်ပတ်သက်ပြီးစိတ်ချရအောင်လုပ်ဆောင်သွားရန်စီစဉ်နေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာမန်စီးတီးသို့ပြောင်းရွှေ့ရေးပျက်ပြယ်သွားခဲ့ပြီးနောက်ယခုရာသီတွင်စပါးစ်တွင်ပင်ဆက်ရှိနေမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ယင်းသို့ကိန်းရဲ့မန်စီးတီးအပြောင်းအရွှေ့ပျက်ပြယ်သွားမှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့ပြောင်းရေးအတွက်လုပ်ဆောင်လာပါတယ်။

စပါးစ်ဟာသုံးနှစ်စာချုပ်ကျန်နေသေးတဲ့ဟယ်ရီကိန်းဘက်ကလာမယ့်ဇန်နဝါရီ(သို့မဟုတ်)နွေရာသီတို့တွင်အသင်းပြောင်းရေးကြိုးပမ်းလာဦးမည်ကိုစိုးရိမ်နေပါတယ်။

ဒါကြောင့်လည်းစပါးစ်ဥက္ကဌလီဗိုင်းဟာဟယ်ရီကိန်းအားတစ်ပတ်လုပ်ခပေါင်၁သိန်းအထိတိုးမြှင့်ကာတစ်ပတ်လုပ်ခပေါင်၃၃၀၀၀၀ပေးကာ၂၀၂၇ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းရေးစီစဉ်နေပါတယ်။

အကယ်၍ဟယ်ရီကိန်းသာစပါးစ်ကကမ်းလှမ်းလာမယ့်စာချုပ်သစ်ကိုလက်ခံမည်ဆိုပါကစပါးစ်တွင်အသက်၃၄နှစ်ရှိအထိဆက်ရှိနေတော့မှာဖြစ်ပါတယ်။

ZawGyi

အသင္းမွထြက္ခြာေတာ့မွာမဟုတ္ေတာ့တဲ့ ကိန္းကို လုပ္ခေပါင္ ၁ သိန္းတိုးၿပီး စပါးစ္ကမ္းလွမ္းမည္

စပါးစ္ဟာယခုေႏြရာသီတြင္အသင္းမွေျပာင္းေ႐ႊ႕ေတာ့မွာမဟုတ္ေတာ့တဲ့ဟယ္ရီကိန္းအားတစ္ပတ္လုပ္ခေပါင္၁သိန္းအထိတိုးျမႇင့္ကာအနာဂတ္ႏွင့္ပတ္သက္ၿပီးစိတ္ခ်ရေအာင္လုပ္ေဆာင္သြားရန္စီစဥ္ေနပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ေရးပ်က္ျပယ္သြားခဲ့ၿပီးေနာက္ယခုရာသီတြင္စပါးစ္တြင္ပင္ဆက္ရွိေနမွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ယင္းသို႔ကိန္းရဲ႕မန္စီးတီးအေျပာင္းအေ႐ႊ႕ပ်က္ျပယ္သြားမႈနဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးသို႔ေျပာင္းေရးအတြက္လုပ္ေဆာင္လာပါတယ္။

စပါးစ္ဟာသုံးႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့ဟယ္ရီကိန္းဘက္ကလာမယ့္ဇန္နဝါရီ(သို႔မဟုတ္)ေႏြရာသီတို႔တြင္အသင္းေျပာင္းေရးႀကိဳးပမ္းလာဦးမည္ကိုစိုးရိမ္ေနပါတယ္။

ဒါေၾကာင့္လည္းစပါးစ္ဥကၠဌလီဗိုင္းဟာဟယ္ရီကိန္းအားတစ္ပတ္လုပ္ခေပါင္၁သိန္းအထိတိုးျမႇင့္ကာတစ္ပတ္လုပ္ခေပါင္၃၃၀၀၀၀ေပးကာ၂၀၂၇ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ကမ္းလွမ္းေရးစီစဥ္ေနပါတယ္။

အကယ္၍ဟယ္ရီကိန္းသာစပါးစ္ကကမ္းလွမ္းလာမယ့္စာခ်ဳပ္သစ္ကိုလက္ခံမည္ဆိုပါကစပါးစ္တြင္အသက္၃၄ႏွစ္ရွိအထိဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။