အသင်းသစ် Al Nassr အတွက် ပွဲကစားခွင့် ပိတ်ပင်ခြင်းခံထားရတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းသစ် Al Nassr အတွက်ပွဲကစားခွင့်ပိတ်ပင်ခြင်းခံထားရကာပထမဆုံးပွဲကစားရန်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းပြီးနောက်ဆော်ဒီကလပ် Al Nassr အတွက်၂နှစ်ခွဲစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာကလပ်သစ် Al Nassr တွင်တစ်နှစ်လုပ်ခပေငါ်၁၇၃သန်းရရှိကာကမ္ဘာ့လုပ်ခအများဆုံးအားကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာအင်္ဂါနေ့တုန်းက Al Nassr ကစားသမားသစ်အဖြစ်ထောင်ပေါင်းများစွာသောပရိသတ်များရှေ့မှောက်မှာမိတ်ဆက်ပြီးနောက်ကစားဖော်များနှင့်အတူလေ့ကျင့်ခန်းစတင်ဆင်းခဲ့ပါတယ်။

ဒါပေမဲ့သူဟာ ယနေ့ည Al-Ta’ee နှင့်ရင်ဆိုင်ကစားရမဲ့ပွဲတွင် Al Nassr အတွက်ပထမဆုံးပွဲကစားလာနိုင်မှာမဟုတ်ပါဘူး။

သူဟာနှစ်ပွဲပယ်ပြစ်ဒဏ်ကျခံရဦးမှာဖြစ်လို့ Al Nassr အတွက်ကစားဖို့စောင့်ဆိုင်းရပါဦးမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဧပြီလတုန်းကအဲဗာတန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးတွင်အဲဗာတန်ပရိသတ်ငယ်ရဲ့လက်ထဲမှဖုန်းကိုရိုက်ချခဲ့မှုအတွက်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းနှစ်ပွဲပယ်ပြစ်ဒဏ်ကိုကမ္ဘာ့ဖလားကြောင့်ကျခံရခြင်းမရှိသေးရာကလပ်သစ် Al Nassr တွင်ကျခံလာရပါမယ်။

ဒါကြောင့်လည်းသူဟာယနေ့ည Al-Ta’ee နှင့်ပွဲပါဝင်ကစားနိုင်မှာမဟုတ်တဲ့အပြင်ဇန်နဝါရီလ၁၄ရက်နေ့ Al Shabab နှင့်ကစားရမဲ့ဒါဘီပွဲစဉ်တွင်လည်းပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

သူဟာဇန်နဝါရီလ၂၁ရက်နေ့ Ettifaq နှင့်ပွဲတွင်မှ Al Nassr အတွက်ပထမဆုံးပွဲကစားလာနိုင်ပါမယ်။

ZawGyi

အသင္းသစ္ Al Nassr အတြက္ ပြဲကစားခြင့္ ပိတ္ပင္ျခင္းခံထားရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းသစ္ Al Nassr အတြက္ပြဲကစားခြင့္ပိတ္ပင္ျခင္းခံထားရကာပထမဆုံးပြဲကစားရန္ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ေဆာ္ဒီကလပ္ Al Nassr အတြက္၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

သူဟာကလပ္သစ္ Al Nassr တြင္တစ္ႏွစ္လုပ္ခေပငၚ၁၇၃သန္းရရွိကာကမာၻ႔လုပ္ခအမ်ားဆုံးအားကစားသမားျဖစ္လာခဲ့ပါတယ္။

သူဟာအဂၤါေန႔တုန္းက Al Nassr ကစားသမားသစ္အျဖစ္ေထာင္ေပါင္းမ်ားစြာေသာပရိသတ္မ်ားေရွ႕ေမွာက္မွာမိတ္ဆက္ၿပီးေနာက္ကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းစတင္ဆင္းခဲ့ပါတယ္။

ဒါေပမဲ့သူဟာ ယေန႔ည Al-Ta’ee ႏွင့္ရင္ဆိုင္ကစားရမဲ့ပြဲတြင္ Al Nassr အတြက္ပထမဆုံးပြဲကစားလာႏိုင္မွာမဟုတ္ပါဘူး။

သူဟာႏွစ္ပြဲပယ္ျပစ္ဒဏ္က်ခံရဦးမွာျဖစ္လို႔ Al Nassr အတြက္ကစားဖို႔ေစာင့္ဆိုင္းရပါဦးမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဧၿပီလတုန္းကအဲဗာတန္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္အဲဗာတန္ပရိသတ္ငယ္ရဲ႕လက္ထဲမွဖုန္းကို႐ိုက္ခ်ခဲ့မႈအတြက္ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းႏွစ္ပြဲပယ္ျပစ္ဒဏ္ကိုကမာၻ႔ဖလားေၾကာင့္က်ခံရျခင္းမရွိေသးရာကလပ္သစ္ Al Nassr တြင္က်ခံလာရပါမယ္။

ဒါေၾကာင့္လည္းသူဟာယေန႔ည Al-Ta’ee ႏွင့္ပြဲပါဝင္ကစားႏိုင္မွာမဟုတ္တဲ့အျပင္ဇန္နဝါရီလ၁၄ရက္ေန႔ Al Shabab ႏွင့္ကစားရမဲ့ဒါဘီပြဲစဥ္တြင္လည္းပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။

သူဟာဇန္နဝါရီလ၂၁ရက္ေန႔ Ettifaq ႏွင့္ပြဲတြင္မွ Al Nassr အတြက္ပထမဆုံးပြဲကစားလာႏိုင္ပါမယ္။