
မန်စီးတီးစတားဂျူလီယန်အယ်ဗာရက်ဇ်ဟာကလပ်နှင့်နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
လူငယ်တိုက်စစ်သမားဟာနွေရာသီတုန်းကအီတီဟတ်သို့ရောက်လာပြီးနောက်ခြေစွမ်းပြကစားလာခဲ့သူဖြစ်ပြီးဒီဇင်ဘာလတုန်းကအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာမန်စီးတီးအတွက်ပွဲ၃၀ပွဲကစားထားရာမှာ၁၀ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးထားနိုင်မှုနှင့်အတူတစ်နှစ်စာချုပ်သက်တမ်းတိုးပြီးချီးမြှင့်ခြင်းခံလာရပါတယ်။
အယ်ဗာရက်ဇ်ဟာစာချုပ်သစ်ကြောင့်အီတီဟတ်တွင်၂၀၂၈ခုနှစ်အထိရှိနေတော့မှာဖြစ်ပါတယ်။
အယ်ဗာရက်ဇ်ဟာနွေရာသီတုန်းကရေးဗားပလိတ်မှပေါင်၁၇သန်းဖြင့်ပြောင်းလာပြီးနောက်အာလင်းဟာလန်းရဲ့ဒုတိယဦးစားပေးကစားသမားအဖြစ်ကစားခွင့်ရလာပေမဲ့ဂွါဒီယိုလာအားကိုးရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။
ZawGyi
အသင်းသို့ ရောက်လာပြီး ၈ လအကြာမှာပဲ ခြေစွမ်းပြနိုင်မှုကြောင့် မန်စီးတီးရဲ့စာချုပ်သစ်ချုပ်ဆိုခြင်းခံလာရတဲ့ အယ်ဗာရက်ဇ်