
ဘောလုံးပရိသတ်များဟာမနေ့ညတုန်းကအေစီမီလန်နှင့်ချဲလ်ဆီးတို့ရဲ့ဆန်စီရိုချန်ပီယံလိဂ်ညတွင်ဖီကာယိုတိုမိုရီအနီကတ်ပြထုတ်ပယ်ခံရမှုအတွက်အပြင်းအထန်ဝေဖန်နေကြပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့မီလန်ဟာမနေ့ညတုန်းကဆန်စီရိုတွင်ချဲလ်ဆီးကိုပြန်လည်ဧည့်ခံကစားခဲ့ပါတယ်။
ဒါပေမဲ့ပွဲအစ၁၈မိနစ်မှာဘဲအိမ်ရှင်အေစီမီလန်ဟာလူတစ်ယောက်အလျှော့ဖြင့်ကစားဖို့ကြုံလာရပါတယ်။
တိုမိုရီဟာချဲလ်ဆီးကစားဖော်ဟောင်းမေဆင်မောင့်ကိုဧရိယာအတွင်းမှာပုခုံးကိုလက်ဖြင့်တွန်းခဲ့ပါတယ်။ဒါပေမဲ့မေဆင်မောင့်ဟာဟန်ချက်ထိန်းနိုင်ခဲ့ကာ ကန်ချက်ပြုလုပ်နိုင်ခဲ့ပြီးမီလန်ဂိုးသမားကာပရီယန်တာတာရူဆန်ကလည်းကာကွယ်နိုင်ခဲ့ပါတယ်။
ဒိုင်လူကြီးကတော့ယင်းကိုပင်နယ်တီအဖြစ်ချက်ချင်းသတ်မှတ်ခဲ့သလို တိုမိုရီကိုလည်းတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
အသက်၂၄နှစ်ရှိအင်္ဂလန်နောက်ခံလူနှင့်မီလန်ကစားဖော်တို့ဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုစောဒကတက်ခဲ့ပါတယ်။
VAR ကလည်းဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုစစ်ဆေးခဲ့ပေမဲ့ကွင်းတွင်းဆုံးဖြတ်ချက်ကိုပဲအတည်ပြုခဲ့ပါတယ်။
ယင်းပင်နယ်တီကနေဂျော်ဂျင်ဟိုကအပိုင်ကန်ပြီးချဲလ်ဆီးအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်အူဘာမီယန်ကချဲလ်ဆီးတို့၂-၀ဂိုးဖြင့်အနိုင်ရစေမဲ့ဒုတိယဂိုးကိုထပ်သွင်းခဲ့ပါတယ်။
တိုမိုရီအနီကတ်ပြခံရမှုနှင့်ပတ်သက်ပြီးပရိသတ်တစ်ဦးက “ဒါကဘယ်လိုများ အနီကတ်ဖြစ်သွားရတာလဲ”လို့ ဝေဖန်ခဲ့ပါတယ်။အခြားတစ်ဦးကလည်း “ဘောလုံးကိုတဖြည်းဖြည်းစိတ်ကုန်လာနေပြီ။နှစ်တစ်သန်းအတွက်ဘယ်တုန်းကမှအနီကတ်မဖြစ်ခဲ့တာကြီးကို”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “အနီကတ်တော့မပြသဘူး။တိုမိုရီအထုတ်မခံရသင့်ဘူး။အဝါကတ်လောက်ဆိုရင်တောင်မျှတသေးတယ်”လို့ဆိုသွားပါတယ်။
ဒါပေမဲ့ချဲလ်ဆီးပရိသတ်များကတော့အသင်းဟောင်းအတွက်အနိုင်ရရှိအောင် ကူညီခဲ့တဲ့ တိုမိုရီနှင့်ပတ်သက်ပြီးဟာသလုပ်ပြောဆိုမှုတွေပြုလုပ်နေကြပါတယ်။
ချဲလ်ဆီးပရိသတ်တစ်ဦးက “အေးဂျင့်တိုမိုရီ။အမြဲတမ်းအပြာကောင်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ဖီကာယိုတိုမိုရီဟာကစားသမားဘဝမှာဒါဘီ၊မီလန်တို့နဲ့အတူချဲလ်ဆီးကိုသုံးကြိမ်ရင်ဆိုင်ခဲ့တယ်။၇ဂိုးပေးခဲ့တယ်။OG တစ်ဂိုးသွင်းတယ်။အထုတ်ခံရတယ်။တစ်ခါအပြာကောင်ဖြစ်ဖူးရင်တစ်သက်လုံးအပြာကောင်ပဲ”လို့ဆိုသွားပါတယ်။
ZawGyi
အသင္းေဟာင္းခ်ဲလ္ဆီးႏွင့္ပြဲတြင္ မီလန္ေနာက္ခံလူတိုမိုရီ အျငင္းပြားဖြယ္ အထုတ္ခံရမႈအေပၚ ပရိသတ္မ်ားေပါက္ကြဲ
ေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကေအစီမီလန္ႏွင့္ခ်ဲလ္ဆီးတို႔ရဲ႕ဆန္စီ႐ိုခ်န္ပီယံလိဂ္ညတြင္ဖီကာယိုတိုမိုရီအနီကတ္ျပထုတ္ပယ္ခံရမႈအတြက္အျပင္းအထန္ေဝဖန္ေနၾကပါတယ္။
ၿပီးခဲ့တဲ့အပတ္တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တဲ့မီလန္ဟာမေန႔ညတုန္းကဆန္စီ႐ိုတြင္ခ်ဲလ္ဆီးကိုျပန္လည္ဧည့္ခံကစားခဲ့ပါတယ္။
ဒါေပမဲ့ပြဲအစ၁၈မိနစ္မွာဘဲအိမ္ရွင္ေအစီမီလန္ဟာလူတစ္ေယာက္အေလွ်ာ့ျဖင့္ကစားဖို႔ႀကဳံလာရပါတယ္။
တိုမိုရီဟာခ်ဲလ္ဆီးကစားေဖာ္ေဟာင္းေမဆင္ေမာင့္ကိုဧရိယာအတြင္းမွာပုခုံးကိုလက္ျဖင့္တြန္းခဲ့ပါတယ္။ဒါေပမဲ့ေမဆင္ေမာင့္ဟာဟန္ခ်က္ထိန္းႏိုင္ခဲ့ကာ ကန္ခ်က္ျပဳလုပ္ႏိုင္ခဲ့ၿပီးမီလန္ဂိုးသမားကာပရီယန္တာတာ႐ူဆန္ကလည္းကာကြယ္ႏိုင္ခဲ့ပါတယ္။
ဒိုင္လူႀကီးကေတာ့ယင္းကိုပင္နယ္တီအျဖစ္ခ်က္ခ်င္းသတ္မွတ္ခဲ့သလို တိုမိုရီကိုလည္းတိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။
အသက္၂၄ႏွစ္ရွိအဂၤလန္ေနာက္ခံလူႏွင့္မီလန္ကစားေဖာ္တို႔ဟာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုေစာဒကတက္ခဲ့ပါတယ္။
VAR ကလည္းဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုစစ္ေဆးခဲ့ေပမဲ့ကြင္းတြင္းဆုံးျဖတ္ခ်က္ကိုပဲအတည္ျပဳခဲ့ပါတယ္။
ယင္းပင္နယ္တီကေနေဂ်ာ္ဂ်င္ဟိုကအပိုင္ကန္ၿပီးခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္အူဘာမီယန္ကခ်ဲလ္ဆီးတို႔၂-၀ဂိုးျဖင့္အႏိုင္ရေစမဲ့ဒုတိယဂိုးကိုထပ္သြင္းခဲ့ပါတယ္။
တိုမိုရီအနီကတ္ျပခံရမႈႏွင့္ပတ္သက္ၿပီးပရိသတ္တစ္ဦးက “ဒါကဘယ္လိုမ်ား အနီကတ္ျဖစ္သြားရတာလဲ”လို႔ ေဝဖန္ခဲ့ပါတယ္။အျခားတစ္ဦးကလည္း “ေဘာလုံးကိုတျဖည္းျဖည္းစိတ္ကုန္လာေနၿပီ။ႏွစ္တစ္သန္းအတြက္ဘယ္တုန္းကမွအနီကတ္မျဖစ္ခဲ့တာႀကီးကို”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “အနီကတ္ေတာ့မျပသဘူး။တိုမိုရီအထုတ္မခံရသင့္ဘူး။အဝါကတ္ေလာက္ဆိုရင္ေတာင္မွ်တေသးတယ္”လို႔ဆိုသြားပါတယ္။
ဒါေပမဲ့ခ်ဲလ္ဆီးပရိသတ္မ်ားကေတာ့အသင္းေဟာင္းအတြက္အႏိုင္ရရွိေအာင္ ကူညီခဲ့တဲ့ တိုမိုရီႏွင့္ပတ္သက္ၿပီးဟာသလုပ္ေျပာဆိုမႈေတြျပဳလုပ္ေနၾကပါတယ္။
ခ်ဲလ္ဆီးပရိသတ္တစ္ဦးက “ေအးဂ်င့္တိုမိုရီ။အၿမဲတမ္းအျပာေကာင္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ဖီကာယိုတိုမိုရီဟာကစားသမားဘဝမွာဒါဘီ၊မီလန္တို႔နဲ႔အတူခ်ဲလ္ဆီးကိုသုံးႀကိမ္ရင္ဆိုင္ခဲ့တယ္။၇ဂိုးေပးခဲ့တယ္။OG တစ္ဂိုးသြင္းတယ္။အထုတ္ခံရတယ္။တစ္ခါအျပာေကာင္ျဖစ္ဖူးရင္တစ္သက္လုံးအျပာေကာင္ပဲ”လို႔ဆိုသြားပါတယ္။