အသင်းဟောင်းချဲလ်ဆီးသို့ ပြန်မယ့်သတင်းကို ဟာဇက်ငြင်းဆို

အေဒင်ဟာဇက်ကအသင်းဟောင်းချဲလ်ဆီးသို့ပြန်မယ်ဆိုတဲ့သတင်းကိုငြင်းဆိုသွားခဲ့ပါတယ်။ဘယ်လ်ဂျီယံစူပါစတားဟာ၂၀၁၉ခုနှစ်တုန်းကချဲလ်ဆီးမှရီးရဲလ်မက်ဒရစ်သို့ပေါင်သန်း၁၀၀ဖြင့်ပြောင်းရွှေ့ပြီးနောက်ဒဏ်ရာပြဿနာကြုံရကာဝေဖန်မှုများနှင့်ကြုံလာခဲ့ရသူလည်းဖြစ်ပါတယ်။

အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်အတွက်၅၉ပွဲတည်းသာကစားထားနိုင်တဲ့အပြင်လာလီဂါပွဲ၃၀တည်းသာကစားထားနိုင်ကာလေးဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဒါကြောင့်လည်းအေဒင်ဟာဇက်ဟာယခုနွေရာသီတွင်အသင်းဟောင်းချဲလ်ဆီးသို့ပြန်ပြောင်းမယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမယ့်ဟာဇက်က “အခုအချိန်မှာရီးရဲလ်မက်ဒရစ်ကထွက်ခွာဖို့မစဉ်းစားပါဘူး။ကျွန်တော့်ရဲ့ပထမနှစ်ရာသီကဒဏ်ရာတွေကြောင့်ကောင်းမွန်တဲ့ရာသီတွေမဖြစ်ခဲ့ပါဘူး။ကျွန်တော်ကြံ့ခိုင်မှုပြည့်ဝချိန်မှာတော့ကလပ်အတွက်အားလုံးလုပ်ပေးနိုင်ပါတယ်။အခုယူရိုချန်ပီယံရှစ်ပြိုင်ပွဲအတွက်ဘဲစဉ်းစားနေပါတယ်။ပြီးရင်ရီးရဲလ်အတွက်အစွမ်းကုန်ပေးဆပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အသင္းေဟာင္းခ်ဲလ္ဆီးသို႔ ျပန္မယ့္သတင္းကို ဟာဇက္ျငင္းဆို

ေအဒင္ဟာဇက္ကအသင္းေဟာင္းခ်ဲလ္ဆီးသို႔ျပန္မယ္ဆိုတဲ့သတင္းကိုျငင္းဆိုသြားခဲ့ပါတယ္။ဘယ္လ္ဂ်ီယံစူပါစတားဟာ၂၀၁၉ခုႏွစ္တုန္းကခ်ဲလ္ဆီးမွရီးရဲလ္မက္ဒရစ္သို႔ေပါင္သန္း၁၀၀ျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ဒဏ္ရာျပႆနာႀကဳံရကာေဝဖန္မႈမ်ားႏွင့္ႀကဳံလာခဲ့ရသူလည္းျဖစ္ပါတယ္။

ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္အတြက္၅၉ပြဲတည္းသာကစားထားႏိုင္တဲ့အျပင္လာလီဂါပြဲ၃၀တည္းသာကစားထားႏိုင္ကာေလးဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဒါေၾကာင့္လည္းေအဒင္ဟာဇက္ဟာယခုေႏြရာသီတြင္အသင္းေဟာင္းခ်ဲလ္ဆီးသို႔ျပန္ေျပာင္းမယ္လို႔သတင္းထြက္ေနပါတယ္။

ဒါေပမယ့္ဟာဇက္က “အခုအခ်ိန္မွာရီးရဲလ္မက္ဒရစ္ကထြက္ခြာဖို႔မစဥ္းစားပါဘူး။ကြၽန္ေတာ့္ရဲ႕ပထမႏွစ္ရာသီကဒဏ္ရာေတြေၾကာင့္ေကာင္းမြန္တဲ့ရာသီေတြမျဖစ္ခဲ့ပါဘူး။ကြၽန္ေတာ္ႀကံ့ခိုင္မႈျပည့္ဝခ်ိန္မွာေတာ့ကလပ္အတြက္အားလုံးလုပ္ေပးႏိုင္ပါတယ္။အခုယူ႐ိုခ်န္ပီယံရွစ္ၿပိဳင္ပြဲအတြက္ဘဲစဥ္းစားေနပါတယ္။ၿပီးရင္ရီးရဲလ္အတြက္အစြမ္းကုန္ေပးဆပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။