အသင်းဟောင်းဂရီမီယိုသို့ ဂျူဗင်တပ်ရဲ့ဒေါက်ကလပ်ကော့စတာအငှားဖြင့်ပြောင်းရွှေ့

ဂျူဗင်တပ်အလယ်တန်းကစားသမားဒေါက်ကလပ်ကော့စတာဟာယခုရာသီအကုန်မှာအသင်းဟောင်းဂရီမီယိုသို့အငှားဖြင့်ပြောင်းရွှေ့ကစာပါမယ်။

အသက်၃၀နှစ်ရှိဘရာဇီးကစားသမားဟာ၂၀၂၀-၂၁ရာသီတွင်ဂျူဗင်တပ်တွင်နေရာရရှိရန်အာမခံချက်မရှိမှုကြောင့်ဘိုင်ယန်မြူးနစ်သို့အငှားဖြင့်ပြောင်းရွှေ့ကစားခဲ့ရသူလည်းဖြစ်ပါတယ်။

ယခုအခါဒေါက်ကလပ်ကော့စတာဟာဥရောပဘောလုံးလောကတွင်ဆယ်နှစ်ကြာကျင်လည်ချိန်အတွင်းကွဲပြားတဲ့နိုင်ငံသုံးခုမှအမှတ်ပေးဖလားများဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဒေါက်ကလပ်ကော့စတာဟာရုရှားကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်ဂျူဗင်တပ်တွင်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။သူဟာအသင်းဟောင်းဘိုင်ယန်မြူးနစ်တွင်ကစားသမားဘဝပြန်ဦးမော့လာအောင်လုပ်ဆောင်လိုခဲ့သော်လည်းရုန်းကန်ခဲ့ရမှုနဲ့အတူအပြီးသတ်ခေါ်ယူခြင်းမခံခဲ့ရပါဘူး။

ZawGyi




 

