အသင်းဟောင်းဂျူဗင်တပ်သို့ ပြန်ပါက လုပ်ခများစွာ လျှော့ယူရမယ့် ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာအနေဖြင့်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းဟောင်းဂျူဗင်တပ်သို့ပြောင်းရွှေ့ကစားမည်ဆိုပါက လုပ်ခများစွာလျှော့ယူမှသာလျှင်ပြောင်းရွှေ့နိုင်မှာဖြစ်ကြောင်း Tuttosport နှင့် Gazzetta Dello Sport တို့ကဖော်ပြသွားပါတယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာအဆင်ပြေကောင်းမွန်လျက်ရှိပါတယ်။

ဒါပေမယ့်မန်ယူဟာပေါ့ဘာကိုစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုကြန့်ကြာနေခြင်းအပေါ်စိတ်မရှည်နိုင်အောင်ဖြစ်နေပါတယ်။

ဂျူဗင်တပ်ဟာပေါ့ဘာကိုပြန်လည်ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ကလပ်များထဲမှတစ်ခုဖြစ်ပြီးကာယကံရှင်ကိုယ်တိုင်ကလည်းအသင်းဟောင်းသို့ပြန်ရန်စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်ပေါ့ဘာရဲ့တစ်နှစ်လုပ်ခယူရို၁၅သန်းမှာဂျူဗင်တပ်အတွက်ကြီးမားတဲ့အတားအဆီးဖြစ်နေပါတယ်။ဒါကြောင့်ပေါ့ဘာအနေဖြင့်ဂျူဗင်တပ်သို့ပြောင်းရွှေ့ကစားလိုပါကယူရို၁၀သန်းမှ၁၂သန်းအတွင်းရယူကာကစားရပါမယ်။

တစ်ဖက်တွင် The Sun သတင်းစာရဲ့ဖော်ပြချက်အရပေါလ်ပေါ့ဘာဟာလာမယ့်ခရစ္စမတ်မတိုင်မီ မန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ကြောင်းလည်းသိရပါတယ်။

ပေါ့ဘာဟာယခုရာသီမှာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၉ပွဲကစားပြီး၇ကြိမ်ဖန်တီးမှုပြုလုပ်ကာအကောင်းဆုံးပုံစံရရှိနေပါတယ်။

ZawGyi

အသင္းေဟာင္းဂ်ဴဗင္တပ္သို႔ ျပန္ပါက လုပ္ခမ်ားစြာ ေလွ်ာ့ယူရမယ့္ ေပါလ္ေပါ့ဘာ

ေပါလ္ေပါ့ဘာအေနျဖင့္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းေဟာင္းဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ကစားမည္ဆိုပါက လုပ္ခမ်ားစြာေလွ်ာ့ယူမွသာလွ်င္ေျပာင္းေ႐ႊ႕ႏိုင္မွာျဖစ္ေၾကာင္း Tuttosport ႏွင့္ Gazzetta Dello Sport တို႔ကေဖာ္ျပသြားပါတယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမွာအဆင္ေျပေကာင္းမြန္လ်က္ရွိပါတယ္။

ဒါေပမယ့္မန္ယူဟာေပါ့ဘာကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈၾကန႔္ၾကာေနျခင္းအေပၚစိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနပါတယ္။

ဂ်ဴဗင္တပ္ဟာေပါ့ဘာကိုျပန္လည္ေခၚယူရန္စိတ္ဝင္စားေနတဲ့ကလပ္မ်ားထဲမွတစ္ခုျဖစ္ၿပီးကာယကံရွင္ကိုယ္တိုင္ကလည္းအသင္းေဟာင္းသို႔ျပန္ရန္စိတ္ဝင္စားေနပါတယ္။

ဒါေပမယ့္ေပါ့ဘာရဲ႕တစ္ႏွစ္လုပ္ခယူ႐ို၁၅သန္းမွာဂ်ဴဗင္တပ္အတြက္ႀကီးမားတဲ့အတားအဆီးျဖစ္ေနပါတယ္။ဒါေၾကာင့္ေပါ့ဘာအေနျဖင့္ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ကစားလိုပါကယူ႐ို၁၀သန္းမွ၁၂သန္းအတြင္းရယူကာကစားရပါမယ္။

တစ္ဖက္တြင္ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရေပါလ္ေပါ့ဘာဟာလာမယ့္ခရစၥမတ္မတိုင္မီ မန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေၾကာင္းလည္းသိရပါတယ္။

ေပါ့ဘာဟာယခုရာသီမွာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၉ပြဲကစားၿပီး၇ႀကိမ္ဖန္တီးမႈျပဳလုပ္ကာအေကာင္းဆုံးပုံစံရရွိေနပါတယ္။