အသင်းဟောင်းဒေါ့မွန်နှင့်ပွဲတွင် ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ ပထမပိုင်းအပြီးမှတင် လူစားလဲခံခဲ့ရတဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာအသင်းဟောင်းဒေါ့မွန်ကိုပြန်လည်ရင်ဆိုင်ရတဲ့ပွဲစဉ်မှာဘာမှမယ်မယ်ရရလုပ်ပြနိုင်ခဲ့ခြင်းမရှိဘဲပထမပိုင်းအပြီးတွင်ပင်လူစားလဲခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်သူဟာဒဏ်ရာလည်းရရှိခဲ့တာကြောင့်စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။

ဒါ့အပြင်သူဟာဖျားနာနေခဲ့ခြင်း၊ပင်ပန်းခြင်းတို့ကြောင့်လည်းစိုးရိမ်နေခဲ့ရပါတယ်။

အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာနွေရာသီတုန်းကဒေါ့မွန်ကိုစွန့်ခွာကာမန်စီးတီးသို့ရောက်လာခဲ့သူဖြစ်ပြီးအသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရချိန်မှာတော့အကောင်းဆုံးပုံစံမရခဲ့ပါဘူး။

သူဟာဘောလုံးကို၁၃ကြိမ်တည်းသာထိခဲ့ပြီးဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မျှမပြုလုပ်ခဲ့ပါဘူး။သူဟာအောင်မြင်တဲ့ဘောလုံးပေးပို့မှုလည်း၇ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင်သူဟာတံတောင်တွင်ဒဏ်ရာလည်းရရှိနေခဲ့ပြီးသွေးထွက်နေတာတွေ့ရပါတယ်။

ဒါကြောင့်လည်းမန်စီးတီးနည်းပြဂွါဒီယိုလာဟာပထမပိုင်းအပြီးတွင်အာလင်းဟာလန်းကို ဘာနာဒိုဆေးလ်ဗားနှင့်လူစားလဲမှုပြုလုပ်ခဲ့ပါတယ်။ဂွါဒီယိုလာဟာကန်စီလိုအစားဒေါ့မွန်စတားဟောင်းအေကန်ဂျီကိုလည်းထည့်သွင်းခဲ့ပါတယ်။

မနေ့ညတုန်းကပွဲတွင်မန်စီးတီးဟာရီယက်မရာ့ဇ်မှာပင်နယ်တီမဝင်ခဲ့မှုနှင့် ဒေါ့မွန်နှင့်ဂိုးမရှိသရေကျခဲ့ပါတယ်။ဒါပေမဲ့မန်စီးတီးဟာအုပ်စုဗိုလ်အဖြစ်ဖြင့် ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ပြီဖြစ်ပါတယ်။

အာလင်းဟာလန်းကို လူစားလဲမှုနဲ့ပတ်သက်ပြီးစပိန်လူမျိုးနည်းပြက “သုံးချက်ရှိတယ်။သူပန်းပန်နေတာတွေ့ရတယ်။ဒုတိယတစ်ချက်ကဖျားနာမှုကသူ့ခန္ဓာကိုယ်ကိုရိုက်ခတ်တယ်။တတိယတစ်ချက်ကခြေထောက်မှာဒဏ်ရာရသွားတယ်။ဒါကြောင့်လည်းဒုတိယပိုင်းဆက်မကစားနိုင်တာပါ။အခုဒဏ်ရာအခြေအနေမသိရသေးဘူး။သူတို့(ဆေးအဖွဲ့)နဲ့စကားပြောပြီးပြီ။သူတို့လည်းနည်းနည်းစိုးရိမ်နေကြတယ်”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှပေါင်၅၂သန်းဝန်းကျင်ဖြင့်ရောက်လာပြီးနောက်မန်စီးတီးအတွက်၁၅ပွဲကစားထားရာတွင်၂၂ဂိုးသွင်းထားသူဖြစ်ပါတယ်။

မန်စီးတီးဟာလာမယ့်စနေနေ့တွင်လက်စတာနှင့်ကစားရပါမယ်။

ZawGyi

အသင္းေဟာင္းေဒါ့မြန္ႏွင့္ပြဲတြင္ ဘာမွမလုပ္ျပႏိုင္ခဲ့ဘဲ ပထမပိုင္းအၿပီးမွတင္ လူစားလဲခံခဲ့ရတဲ့ အာလင္းဟာလန္း

အာလင္းဟာလန္းဟာအသင္းေဟာင္းေဒါ့မြန္ကိုျပန္လည္ရင္ဆိုင္ရတဲ့ပြဲစဥ္မွာဘာမွမယ္မယ္ရရလုပ္ျပႏိုင္ခဲ့ျခင္းမရွိဘဲပထမပိုင္းအၿပီးတြင္ပင္လူစားလဲျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္သူဟာဒဏ္ရာလည္းရရွိခဲ့တာေၾကာင့္စိုးရိမ္ရတဲ့အေနအထားမွာရွိေနပါတယ္။

ဒါ့အျပင္သူဟာဖ်ားနာေနခဲ့ျခင္း၊ပင္ပန္းျခင္းတို႔ေၾကာင့္လည္းစိုးရိမ္ေနခဲ့ရပါတယ္။

အသက္၂၂ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာေႏြရာသီတုန္းကေဒါ့မြန္ကိုစြန႔္ခြာကာမန္စီးတီးသို႔ေရာက္လာခဲ့သူျဖစ္ၿပီးအသင္းေဟာင္းကိုျပန္လည္ရင္ဆိုင္ရခ်ိန္မွာေတာ့အေကာင္းဆုံးပုံစံမရခဲ့ပါဘူး။

သူဟာေဘာလုံးကို၁၃ႀကိမ္တည္းသာထိခဲ့ၿပီးဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္မွ်မျပဳလုပ္ခဲ့ပါဘူး။သူဟာေအာင္ျမင္တဲ့ေဘာလုံးေပးပို႔မႈလည္း၇ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္သူဟာတံေတာင္တြင္ဒဏ္ရာလည္းရရွိေနခဲ့ၿပီးေသြးထြက္ေနတာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းမန္စီးတီးနည္းျပဂြါဒီယိုလာဟာပထမပိုင္းအၿပီးတြင္အာလင္းဟာလန္းကို ဘာနာဒိုေဆးလ္ဗားႏွင့္လူစားလဲမႈျပဳလုပ္ခဲ့ပါတယ္။ဂြါဒီယိုလာဟာကန္စီလိုအစားေဒါ့မြန္စတားေဟာင္းေအကန္ဂ်ီကိုလည္းထည့္သြင္းခဲ့ပါတယ္။

မေန႔ညတုန္းကပြဲတြင္မန္စီးတီးဟာရီယက္မရာ့ဇ္မွာပင္နယ္တီမဝင္ခဲ့မႈႏွင့္ ေဒါ့မြန္ႏွင့္ဂိုးမရွိသေရက်ခဲ့ပါတယ္။ဒါေပမဲ့မန္စီးတီးဟာအုပ္စုဗိုလ္အျဖစ္ျဖင့္ ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ၿပီျဖစ္ပါတယ္။

အာလင္းဟာလန္းကို လူစားလဲမႈနဲ႔ပတ္သက္ၿပီးစပိန္လူမ်ိဳးနည္းျပက “သုံးခ်က္ရွိတယ္။သူပန္းပန္ေနတာေတြ႕ရတယ္။ဒုတိယတစ္ခ်က္ကဖ်ားနာမႈကသူ႔ခႏၶာကိုယ္ကို႐ိုက္ခတ္တယ္။တတိယတစ္ခ်က္ကေျခေထာက္မွာဒဏ္ရာရသြားတယ္။ဒါေၾကာင့္လည္းဒုတိယပိုင္းဆက္မကစားႏိုင္တာပါ။အခုဒဏ္ရာအေျခအေနမသိရေသးဘူး။သူတို႔(ေဆးအဖြဲ႕)နဲ႔စကားေျပာၿပီးၿပီ။သူတို႔လည္းနည္းနည္းစိုးရိမ္ေနၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

အာလင္းဟာလန္းဟာေႏြရာသီတြင္ေဒါ့မြန္မွေပါင္၅၂သန္းဝန္းက်င္ျဖင့္ေရာက္လာၿပီးေနာက္မန္စီးတီးအတြက္၁၅ပြဲကစားထားရာတြင္၂၂ဂိုးသြင္းထားသူျဖစ္ပါတယ္။

မန္စီးတီးဟာလာမယ့္စေနေန႔တြင္လက္စတာႏွင့္ကစားရပါမယ္။