
နီဝဲလ်အိုးဘွိုင်းစ်ဟာနောက်ခံလူဟောင်းနှင့်အာဂျင်တီးနားလက်ရွေးစင်ဟောင်းဂါဘရီရယ်ဟိန့်ဇ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်လာပါတယ်။
ဟိန့်ဇ်ဟာနီဝဲလ်အိုးဘွိုင်းစ်တွင်ကစားသမားဘဝစတင်ခဲ့တဲ့သူဖြစ်ပြီးပီအက်စ်ဂျီ၊မန်ချက်စတာယူနိုက်တက်နှင့်ရီးရဲလ်မက်ဒရစ်တို့တွင်လည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။
အသက်၄၄နှစ်ရှိယူနိုက်တက်စတားဟောင်းဟာဩဂုတ်လတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဂျာဗီးယားဆန်ဂူနက်တီရဲ့နေရာတွင်ယာယီနည်းပြအဖြစ်ကိုင်တွယ်နေတဲ့အက်ဒရီယန်ကိုရီယာနေရာတွင်အစားထိုးတာဝန်ယူသွားပါမယ်။
ဟိန့်ဇ်ဟာ၂၀၂၁ခုနှစ်၊ဇူလိုင်လတုန်းကအမေရိကန်မေဂျာလိဂ်ကလပ်အတ္တလန္တာယူနိုက်တက်မှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။သူဟာ၁၃ပွဲကိုင်တွယ်ခဲ့ရာမှာ၂ပွဲတည်းသာအနိုင်ရပြီးနောက်အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာအာဂျင်တီးနားကလပ်များဖြစ်ကြတဲ့ဂိုဒွိုင်းခရုဇ်၊အာဂျင်တီနို့စ်ဂျူနီယာ၊ဗီလက်ဇ်ဆာဖီးလ်တို့ကိုကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။
ZawGyi
အသင်းဟောင်းနီဝဲလ်အိုးဘွိုင်းစ်နည်းပြသစ်အဖြစ် ခန့်အပ်ခံလာရတဲ့ ယူနိုက်တက်စတားဟောင်းဟိန့်ဇ်