အသင်းဟောင်းပဲလေ့စ်ဘက်သို့ ချဲလ်ဆီးအတွက် လှပတဲ့ အနိုင်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံရန် ငြင်းခဲ့တဲ့ ဂယ်လာဂါ

ကော်နာဂယ်လာဂါဟာမနေ့ညတုန်းကSelhurst Parkတွင်အသင်းဟောင်းခရစ္စတယ်ပဲလေ့စ်ဘက်သို့ ချဲလ်ဆီးအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်အောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။

ဂယ်လာဂါဟာလန်ဒန်တောင်ပိုင်းတွင်ကစားတဲ့ပွဲစဉ်တွင်လူစားဝင်လာပြီးနောက် ချဲလ်ဆီးတို့၂-၁ဂိုးဖြင့်အနိုင်ရရှိစေမယ့်အနိုင်ဂိုးကိုနောက်ဆုံးမိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်ပဲလေ့စ်ဟာပွဲအစ၇မိနစ်မှာဘဲအော့ဆွန်နီအက်ဝတ်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့နိုင်ခဲ့ပေမဲ့ အူဘာမီယန်ကသူ့ရဲ့ပထမဆုံးချဲလ်ဆီးဂိုးဖြင့်ချေပခဲ့ပါတယ်။

ပွဲကသရေအဖြစ်ပြီးဆုံးမယ်လို့ယူဆရတဲ့အချိန်မှာဒုတိယပိုင်းမှာလူစားဝင်လာတဲ့ဂယ်လာဂါဟာဧရိယာအစပ်ကနေသူ့ရဲ့ချဲလ်ဆီးအတွက်ပထမဆုံးစီနီယာဂိုးအဖြစ် လှပတဲ့အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဂယ်လာဂါဟာချဲလ်ဆီးအတွက်အဖိုးတန်အနိုင်ဂိုးကိုနောက်ဆုံးမိနစ်တွင်သွင်းယူခဲ့တယ်ဆိုပေမဲ့အောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။သူဟာပြီးခဲ့တဲ့ရာသီတုန်းကပဲလေ့စ်တွင်အငှားဖြင့်သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

ပွဲအပြီးတွင်ခရစ္စတယ်ပဲလေ့စ်ပရိသတ်များဟာသူတို့ဘက်သို့အနိုင်ဂိုးသွင်းခဲ့ပေမဲ့ အောင်ပွဲခံမှုမပြုလုပ်ခဲ့တဲ့ဂယ်လာဂါကိုလက်ခုပ်တီးအားပေးခဲ့ကြတာတွေ့ရပါတယ်။

ZawGyi

အသင္းေဟာင္းပဲေလ့စ္ဘက္သို႔ ခ်ဲလ္ဆီးအတြက္ လွပတဲ့ အႏိုင္ဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲခံရန္ ျငင္းခဲ့တဲ့ ဂယ္လာဂါ

ေကာ္နာဂယ္လာဂါဟာမေန႔ညတုန္းကSelhurst Parkတြင္အသင္းေဟာင္းခရစၥတယ္ပဲေလ့စ္ဘက္သို႔ ခ်ဲလ္ဆီးအတြက္အဖိုးတန္အႏိုင္ဂိုးသြင္းယူခဲ့ၿပီးတဲ့ေနာက္ေအာင္ပြဲခံခဲ့ျခင္းမရွိပါဘူး။

ဂယ္လာဂါဟာလန္ဒန္ေတာင္ပိုင္းတြင္ကစားတဲ့ပြဲစဥ္တြင္လူစားဝင္လာၿပီးေနာက္ ခ်ဲလ္ဆီးတို႔၂-၁ဂိုးျဖင့္အႏိုင္ရရွိေစမယ့္အႏိုင္ဂိုးကိုေနာက္ဆုံးမိနစ္မွာသြင္းယူခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ပဲေလ့စ္ဟာပြဲအစ၇မိနစ္မွာဘဲေအာ့ဆြန္နီအက္ဝတ္ရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ႏိုင္ခဲ့ေပမဲ့ အူဘာမီယန္ကသူ႔ရဲ႕ပထမဆုံးခ်ဲလ္ဆီးဂိုးျဖင့္ေခ်ပခဲ့ပါတယ္။

ပြဲကသေရအျဖစ္ၿပီးဆုံးမယ္လို႔ယူဆရတဲ့အခ်ိန္မွာဒုတိယပိုင္းမွာလူစားဝင္လာတဲ့ဂယ္လာဂါဟာဧရိယာအစပ္ကေနသူ႔ရဲ႕ခ်ဲလ္ဆီးအတြက္ပထမဆုံးစီနီယာဂိုးအျဖစ္ လွပတဲ့အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ဂယ္လာဂါဟာခ်ဲလ္ဆီးအတြက္အဖိုးတန္အႏိုင္ဂိုးကိုေနာက္ဆုံးမိနစ္တြင္သြင္းယူခဲ့တယ္ဆိုေပမဲ့ေအာင္ပြဲခံခဲ့ျခင္းမရွိပါဘူး။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပဲေလ့စ္တြင္အငွားျဖင့္သြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။

ပြဲအၿပီးတြင္ခရစၥတယ္ပဲေလ့စ္ပရိသတ္မ်ားဟာသူတို႔ဘက္သို႔အႏိုင္ဂိုးသြင္းခဲ့ေပမဲ့ ေအာင္ပြဲခံမႈမျပဳလုပ္ခဲ့တဲ့ဂယ္လာဂါကိုလက္ခုပ္တီးအားေပးခဲ့ၾကတာေတြ႕ရပါတယ္။