အသင်းဟောင်းဘင်ဖီကာသို့ ပြန်ပြောင်းရန် တံခါးဖွင့်ထားကြောင်း မာတစ်ဖွင့်ဟ

မန်ယူကွင်းလယ်ကစားသမားနီမင်ဂျာမာတစ်ကဘင်ဖီကာမှာသူ့နှလုံးသားထဲတွင်အမြဲရှိနေတဲ့ကလပ်တစ်ခုဖြစ်ပြီး ပြန်လည်ပြောင်းရွှေ့ကစားရန်တံခါးဖွင့်ပေးထားကြောင်းပြောကြားလာပါတယ်။

ဆားဘီးယားအလယ်တန်းကစားသမားဟာ၂၀၁၁ခုနှစ်မှ၂၀၁၄ခုနှစ်အတွင်းတွင်ဘင်ဖီကာတွင်ကစားခဲ့သူဖြစ်ပြီးယင်းမှတစ်ဆင့်ချဲလ်ဆီးသို့ပြောင်းရွှေ့ကစားခဲ့ပါတယ်။

မာတစ်ကအိုးထရက်ဖို့ဒ်တွင်ပျော်ရွှင်လျက်ရှိနေသော်လည်းအသင်းဟောင်းဘင်ဖီကာကသာကမ်းလှမ်းမှုပြုလုပ်လာ ပါကငြင်းပယ်မည်မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

မာတစ်က “ကစားသမားဘဝဘယ်မှာအဆုံးသတ်မလဲမဆုံးဖြတ်သေးပါဘူး။ဘာဖြစ်လာမလဲကြည့်ရပါဦးမယ်။ ကျွန်တော့်အတွက်တော့ဘင်ဖီကာကနှလုံးသားထဲမှာအမြဲရှိတဲ့ကလပ်ပါ။အနာဂတ်မှာဘာဖြစ်လာမလဲကြည့်ရ ပါမယ်။တကယ်လို့ဘင်ဖီကာကသာကျွန်တော့်ကိုနောက်ထပ်တစ်ကြိမ်လိုအပ်သေးတယ်ဆိုရင်တော့စဉ်းစား သွားပါမယ်။ဒါပေမယ့်အခုမန်ချက်စတာမှာပျော်နေပါတယ်။ထွက်ခွာဖို့လည်းမစဉ်းစားပါဘူး။ဒါပေမယ့်ဘောလုံးမှာဘာမှအတိအကျပြောလို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

မာတစ်ဟာမန်ယူအသင်းနှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုခြင်းခံထားရသူဖြစ်ပါတယ်။သူဟာ၂၀၁၇ခုနှစ်တွင်ချဲလ်ဆီးမှရောက်လာပြီးနောက်မန်ယူအတွက်၁၄၆ပွဲကစားကာ၄ဂိုးသွင်းယူထားပါတယ်။

ZawGyi

အသင္းေဟာင္းဘင္ဖီကာသို႔ ျပန္ေျပာင္းရန္ တံခါးဖြင့္ထားေၾကာင္း မာတစ္ဖြင့္ဟ

မန္ယူကြင္းလယ္ကစားသမားနီမင္ဂ်ာမာတစ္ကဘင္ဖီကာမွာသူ႔ႏွလုံးသားထဲတြင္အၿမဲရွိေနတဲ့ကလပ္တစ္ခုျဖစ္ၿပီး ျပန္လည္ေျပာင္းေ႐ႊ႕ကစားရန္တံခါးဖြင့္ေပးထားေၾကာင္းေျပာၾကားလာပါတယ္။

ဆားဘီးယားအလယ္တန္းကစားသမားဟာ၂၀၁၁ခုႏွစ္မွ၂၀၁၄ခုႏွစ္အတြင္းတြင္ဘင္ဖီကာတြင္ကစားခဲ့သူျဖစ္ၿပီးယင္းမွတစ္ဆင့္ခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။

မာတစ္ကအိုးထရက္ဖို႔ဒ္တြင္ေပ်ာ္႐ႊင္လ်က္ရွိေနေသာ္လည္းအသင္းေဟာင္းဘင္ဖီကာကသာကမ္းလွမ္းမႈျပဳလုပ္လာ ပါကျငင္းပယ္မည္မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မာတစ္က “ကစားသမားဘဝဘယ္မွာအဆုံးသတ္မလဲမဆုံးျဖတ္ေသးပါဘူး။ဘာျဖစ္လာမလဲၾကည့္ရပါဦးမယ္။ ကြၽန္ေတာ့္အတြက္ေတာ့ဘင္ဖီကာကႏွလုံးသားထဲမွာအၿမဲရွိတဲ့ကလပ္ပါ။အနာဂတ္မွာဘာျဖစ္လာမလဲၾကည့္ရ ပါမယ္။တကယ္လို႔ဘင္ဖီကာကသာကြၽန္ေတာ့္ကိုေနာက္ထပ္တစ္ႀကိမ္လိုအပ္ေသးတယ္ဆိုရင္ေတာ့စဥ္းစား သြားပါမယ္။ဒါေပမယ့္အခုမန္ခ်က္စတာမွာေပ်ာ္ေနပါတယ္။ထြက္ခြာဖို႔လည္းမစဥ္းစားပါဘူး။ဒါေပမယ့္ေဘာလုံးမွာဘာမွအတိအက်ေျပာလို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မာတစ္ဟာမန္ယူအသင္းႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံထားရသူျဖစ္ပါတယ္။သူဟာ၂၀၁၇ခုႏွစ္တြင္ခ်ဲလ္ဆီးမွေရာက္လာၿပီးေနာက္မန္ယူအတြက္၁၄၆ပြဲကစားကာ၄ဂိုးသြင္းယူထားပါတယ္။