အသင်းဟောင်းဘာစီလိုနာထံမှ ဖုန်းခေါ်ဆိုမှုများကို မက်ဆီ လျစ်လျူရှုထား

လီယွန်နယ်မက်ဆီဟာအသင်းဟောင်းဘာစီလိုနာထံမှဖုန်းဆက်သွယ်မှုများကိုလျစ်လျူရှုထားလာမှုနှင့်အတူသူ့အနာဂတ်နှင့်ပတ်သက်ပြီးကောလာဟလသတင်းများဆက်လက်ထွက်ပေါ်လာစေလျက်ရှိပါတယ်။

အသက်၃၅နှစ်ရှိအာဂျင်တီးနားစူပါစတားရဲ့ပီအက်စ်ဂျီနှင့်လက်ရှိစာချုပ်မှာယခုရာသီအကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ရာသီတွင်သူဘယ်မှာကစားမယ်ဆိုတာလူတိုင်းကသိရှိလိုလျက်ရှိပါတယ်။

ဘာစီလိုနာဟာလီယွန်နယ်မက်ဆီကိုနူးကမ့်သို့ပြန်လည်ခေါ်ဆောင်လိုနေတယ်ဆိုတာလျို့ဝှက်ထားခြင်းမရှိပါဘူး။

ဒါပေမဲ့ SPORT ရဲ့ဖော်ပြလာမှုအရမက်ဆီဟာဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာနှင့်နီးစပ်တဲ့ စေ့စပ်ဆွေးနွေးပေးသူတစ်ဦးကဖုန်းဆက်သွယ်လာမှုများကိုလျစ်လျူရှုထားကြောင်းသိရပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကမက်ဆီဟာဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီသို့ ပြောင်းမယ်လို့သတင်းထွက်ခဲ့ပါတယ်။

အင်တာမီယာမီတာဝန်ရှိသူများဟာမက်ဆီရဲ့ဖခင်နှင့်အေးဂျင့်ဖြစ်တဲ့ဂျော့နှင့်အကြိမ်ကြိမ်ဆွေးနွေးမှုပြုလုပ်ထားပြီးဖြစ်ကြောင်း The Athletic ကဖော်ပြသွားပါတယ်။

ဒါ့ပေမဲ့မက်ဆီဟာသူ့အနာဂတ်နှင့်ပတ်သက်ပြီးတိတိကျကျဆုံးဖြတ်ချက်ချရခြင်းမရှိသေးပါဘူး။သူဟာလာမယ့်ဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှအနာဂတ်ကိုစဉ်းစားသွားပါမယ်။

ZawGyi

အသင္းေဟာင္းဘာစီလိုနာထံမွ ဖုန္းေခၚဆိုမႈမ်ားကို မက္ဆီ လ်စ္လ်ဴရႈထား

လီယြန္နယ္မက္ဆီဟာအသင္းေဟာင္းဘာစီလိုနာထံမွဖုန္းဆက္သြယ္မႈမ်ားကိုလ်စ္လ်ဴရႈထားလာမႈႏွင့္အတူသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးေကာလာဟလသတင္းမ်ားဆက္လက္ထြက္ေပၚလာေစလ်က္ရွိပါတယ္။

အသက္၃၅ႏွစ္ရွိအာဂ်င္တီးနားစူပါစတားရဲ႕ပီအက္စ္ဂ်ီႏွင့္လက္ရွိစာခ်ဳပ္မွာယခုရာသီအကုန္တြင္ကုန္ဆုံးမွာျဖစ္ၿပီး လာမယ့္ရာသီတြင္သူဘယ္မွာကစားမယ္ဆိုတာလူတိုင္းကသိရွိလိုလ်က္ရွိပါတယ္။

ဘာစီလိုနာဟာလီယြန္နယ္မက္ဆီကိုႏူးကမ့္သို႔ျပန္လည္ေခၚေဆာင္လိုေနတယ္ဆိုတာလ်ိဳ႕ဝွက္ထားျခင္းမရွိပါဘူး။

ဒါေပမဲ့ SPORT ရဲ႕ေဖာ္ျပလာမႈအရမက္ဆီဟာဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာႏွင့္နီးစပ္တဲ့ ေစ့စပ္ေဆြးေႏြးေပးသူတစ္ဦးကဖုန္းဆက္သြယ္လာမႈမ်ားကိုလ်စ္လ်ဴရႈထားေၾကာင္းသိရပါတယ္။

လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းကမက္ဆီဟာေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့ အေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီသို႔ ေျပာင္းမယ္လို႔သတင္းထြက္ခဲ့ပါတယ္။

အင္တာမီယာမီတာဝန္ရွိသူမ်ားဟာမက္ဆီရဲ႕ဖခင္ႏွင့္ေအးဂ်င့္ျဖစ္တဲ့ေဂ်ာ့ႏွင့္အႀကိမ္ႀကိမ္ေဆြးေႏြးမႈျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း The Athletic ကေဖာ္ျပသြားပါတယ္။

ဒါ့ေပမဲ့မက္ဆီဟာသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးတိတိက်က်ဆုံးျဖတ္ခ်က္ခ်ရျခင္းမရွိေသးပါဘူး။သူဟာလာမယ့္ေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္မွအနာဂတ္ကိုစဥ္းစားသြားပါမယ္။