အသင်းဟောင်းဘာစီလိုနာနှင့်ပွဲစဉ်တွင် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာပါဝင်လာနိုင်

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာအသင်းဟောင်းဘာစီလိုနာနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင်ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာယနေ့ညတွင်ဘရက်စ်နှင့်ရင်ဆိုင်ကစားရမယ့် Coupe de France ပွဲစဉ်အတွက်ပီအက်စ် ဂျီလူစာရင်းတွင်ပါဝင်လာခြင်းမရှိပေမယ့်လည်းအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနေနိုင်ပြီဖြစ်ပါတယ်။

နေမာဟာဖေဖော်ဝါရီလ၁၀ ရက်နေ့တုန်းကကိန်းအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာရရှိပြီးအနားယူလာခဲ့ရသူ ဖြစ်ပါတယ်။သူဟာနျူးကမ့်တွင်ဘာစီလိုနာကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ပီအက်စ်ဂျီဟာလီဂူး၁ဖလားအတွက်အပြင်းအထန်တိုက်ပွဲဝင်နေရရာဘာစီလိုနာနှင့်ပွဲစဉ်တွင် နေမာကိုပွဲထွက်ကစားသမားအဖြစ်အရဲစွန့်သုံးလာဖွယ်မရှိပါဘူး။

ZawGyi

အသင္းေဟာင္းဘာစီလိုနာႏွင့္ပြဲစဥ္တြင္ ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာပါဝင္လာႏိုင္

ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာဟာလာမယ့္ဗုဒၶဟူးေန႔မွာအသင္းေဟာင္းဘာစီလိုနာႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္တြင္ပါဝင္လာႏိုင္ဖို႔ရွိေနပါတယ္။

ဘရာဇီးတိုက္စစ္မႉးဟာယေန႔ညတြင္ဘရက္စ္ႏွင့္ရင္ဆိုင္ကစားရမယ့္ Coupe de France ပြဲစဥ္အတြက္ပီအက္စ္ ဂ်ီလူစာရင္းတြင္ပါဝင္လာျခင္းမရွိေပမယ့္လည္းအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေနႏိုင္ၿပီျဖစ္ပါတယ္။

ေနမာဟာေဖေဖာ္ဝါရီလ၁၀ ရက္ေန႔တုန္းကကိန္းအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာရရွိၿပီးအနားယူလာခဲ့ရသူ ျဖစ္ပါတယ္။သူဟာန်ဴးကမ့္တြင္ဘာစီလိုနာကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္ပီအက္စ္ဂ်ီဟာလီဂူး၁ဖလားအတြက္အျပင္းအထန္တိုက္ပြဲဝင္ေနရရာဘာစီလိုနာႏွင့္ပြဲစဥ္တြင္ ေနမာကိုပြဲထြက္ကစားသမားအျဖစ္အရဲစြန႔္သုံးလာဖြယ္မရွိပါဘူး။