အသင်းဟောင်းမန်ယူရဲ့မဟာရန်သူတော်ထံသို့ ခရစ္စတီယာနိုရော်နယ်ဒို မထင်မှတ်ဘဲပြောင်းသွားနိုင်

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုနွေရာသီတွင်အသင်းဟောင်းမန်ယူရဲ့မြို့ခံပြိုင်ဘက်ကလပ်မန်စီးတီးသို့ မထင်မှတ်ဘဲပြောင်းရွှေ့သွားနိုင်ကြောင်းသိရပါတယ်။

ဂျူဗင်တပ်စူပါစတားဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့ပြီဖြစ်ပြီးသူ့အနာဂတ်နှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဂျူဗင်တပ်ဟာကာယကံရှင်ဘက်ကသာအသင်းပြောင်းခွင့်တောင်းဆိုလာပါကလက်ခံသွားရန်အသင့်ရှိနေပါတယ်။ဂျူဗင်တပ်အနေဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်သစ်မချုပ်ဆိုနိုင်ပါကလာမယ့်နှစ်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမည်ဖြစ်ရာယခုနွေတွင် ရတဲ့ဈေးဖြင့်ရောင်းချသွားပါမယ်။တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုရောင်းချလိုက်မှုကြောင့်ဂျူဗင်တပ်အတွက်လုပ်ခလျှော့ချပြီးသားလည်းဖြစ်လာပါမယ်။

မန်စီးတီးဟာယခုနွေတွင်အသင်းမှထွက်ခွာသွားတဲ့ဆာဂျီယိုအဂွဲရိုးရဲ့နေရာတွင်အစားထိုးရန်တိုက်စစ်မှူးရှာဖွေနေပါတယ်။၎င်းတို့ဟာဟယ်ရီကိန်းနှင့်ဟာလန်းတို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေပေမယ့်လည်းအပြောင်းအရွှေ့မှာဖြစ်မြောက်လာဖွယ်မရှိပါဘူး။

ဒါကြောင့်လည်းမန်စီးတီးဟာတစ်ရာသီလျှင်အနည်းဆုံးဂိုး၃၀အထက်သွင်းယူနိုင်ဆဲဖြစ်တဲ့အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုကိုပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးရဲ့မြို့ခံပြိုင်ဘက်မန်ယူတွင်ခြောက်နှစ်ကြာကစားစဉ်အတွင်းပရီးမီးယားလိဂ်ဖလား၃ကြိမ်၊ချန်ပီယံလိဂ်၁ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi

အသင္းေဟာင္းမန္ယူရဲ႕မဟာရန္သူေတာ္ထံသို႔ ခရစၥတီယာႏိုေရာ္နယ္ဒို မထင္မွတ္ဘဲေျပာင္းသြားႏိုင္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုေႏြရာသီတြင္အသင္းေဟာင္းမန္ယူရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ကလပ္မန္စီးတီးသို႔ မထင္မွတ္ဘဲေျပာင္းေ႐ႊ႕သြားႏိုင္ေၾကာင္းသိရပါတယ္။

ဂ်ဴဗင္တပ္စူပါစတားဟာဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့ၿပီျဖစ္ၿပီးသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

ဂ်ဴဗင္တပ္ဟာကာယကံရွင္ဘက္ကသာအသင္းေျပာင္းခြင့္ေတာင္းဆိုလာပါကလက္ခံသြားရန္အသင့္ရွိေနပါတယ္။ဂ်ဴဗင္တပ္အေနျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ပါကလာမယ့္ႏွစ္တြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရမည္ျဖစ္ရာယခုေႏြတြင္ ရတဲ့ေဈးျဖင့္ေရာင္းခ်သြားပါမယ္။တစ္ဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေရာင္းခ်လိုက္မႈေၾကာင့္ဂ်ဴဗင္တပ္အတြက္လုပ္ခေလွ်ာ့ခ်ၿပီးသားလည္းျဖစ္လာပါမယ္။

မန္စီးတီးဟာယခုေႏြတြင္အသင္းမွထြက္ခြာသြားတဲ့ဆာဂ်ီယိုအဂြဲ႐ိုးရဲ႕ေနရာတြင္အစားထိုးရန္တိုက္စစ္မႉးရွာေဖြေနပါတယ္။၎တို႔ဟာဟယ္ရီကိန္းႏွင့္ဟာလန္းတို႔ကိုေခၚယူရန္ပစ္မွတ္ထားေနေပမယ့္လည္းအေျပာင္းအေ႐ႊ႕မွာျဖစ္ေျမာက္လာဖြယ္မရွိပါဘူး။

ဒါေၾကာင့္လည္းမန္စီးတီးဟာတစ္ရာသီလွ်င္အနည္းဆုံးဂိုး၃၀အထက္သြင္းယူႏိုင္ဆဲျဖစ္တဲ့အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုကိုပစ္မွတ္ထားလာတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူတြင္ေျခာက္ႏွစ္ၾကာကစားစဥ္အတြင္းပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္၁ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။