အသင်းဟောင်းရီးရဲလ်မက်ဒရစ်တွင် လေ့ကျင့်ခန်းဆင်းနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းဟောင်းရီးရဲလ်မက်ဒရစ်နှင့်အတူလေ့ကျင့်ခန်းဆင်းနေကြောင်းသိရပါတယ်။

ပေါ်တူဂီစတားဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်မှာမော်ရိုကိုကိုရှုံးနိမ့်ပြီးထွက်ခွာခဲ့ရသူလည်းဖြစ်ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့အင်တာဗျူးကြောင့် ယူနိုက်တက်ရဲ့တစ်ပတ်လုပ်ခပေါင်၅၀၀၀၀တန်စာချုပ်ကိုဖျက်သိမ်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာကလပ်သစ်ရှာဖွေနေစဉ်အတွင်းကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်လာစေရန်အတွက် လေ့ကျင့်ခန်းဆင်းမှုစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

Relevo ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်ရဲ့ဗယ်ဒီဘီလက်စ်လေ့ကျင့်ရေးစခန်းသို့လာရောက်ကာလေ့ကျင့်ခန်းဆင်းနေကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်တွင်ကိုးနှစ်ကစားခဲ့စဉ်အတွင်းချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးခဲ့တဲ့အပြင်ကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ဂိုး၄၅၀ဖြင့်ရပ်တည်နေသူဖြစ်ပါတယ်။ဒါကြောင့်လည်းသူနဲ့ကလပ်အကြားကောင်းမွန်တဲ့ဆက်ဆံရေးရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ဟာကလပ်လက်မဲ့ဖြစ်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုအသင်းအတွင်းမတည်မငြိမ်ဖြစ်မှုရှောင်းရှားနိုင်ရန်အတွက်ခေါ်ယူမှုမပြုလုပ်ရန်ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ZawGyi

အသင္းေဟာင္းရီးရဲလ္မက္ဒရစ္တြင္ ေလ့က်င့္ခန္းဆင္းေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေဟာင္းရီးရဲလ္မက္ဒရစ္ႏွင့္အတူေလ့က်င့္ခန္းဆင္းေနေၾကာင္းသိရပါတယ္။

ေပၚတူဂီစတားဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကြာတားဖိုင္နယ္မွာေမာ္႐ိုကိုကိုရႈံးနိမ့္ၿပီးထြက္ခြာခဲ့ရသူလည္းျဖစ္ပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ ပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့အင္တာဗ်ဴးေၾကာင့္ ယူႏိုက္တက္ရဲ႕တစ္ပတ္လုပ္ခေပါင္၅၀၀၀၀တန္စာခ်ဳပ္ကိုဖ်က္သိမ္းျခင္းခံခဲ့ရသူျဖစ္ပါတယ္။

Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာကလပ္သစ္ရွာေဖြေနစဥ္အတြင္းႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္လာေစရန္အတြက္ ေလ့က်င့္ခန္းဆင္းမႈစတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

Relevo ရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္ရဲ႕ဗယ္ဒီဘီလက္စ္ေလ့က်င့္ေရးစခန္းသို႔လာေရာက္ကာေလ့က်င့္ခန္းဆင္းေနေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္တြင္ကိုးႏွစ္ကစားခဲ့စဥ္အတြင္းခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးခဲ့တဲ့အျပင္ကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ဂိုး၄၅၀ျဖင့္ရပ္တည္ေနသူျဖစ္ပါတယ္။ဒါေၾကာင့္လည္းသူနဲ႔ကလပ္အၾကားေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနဆဲျဖစ္ပါတယ္။

ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ဟာကလပ္လက္မဲ့ျဖစ္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအသင္းအတြင္းမတည္မၿငိမ္ျဖစ္မႈေရွာင္းရွားႏိုင္ရန္အတြက္ေခၚယူမႈမျပဳလုပ္ရန္ဆုံးျဖတ္ထားၿပီးျဖစ္ပါတယ္။