အသင်း ၈၀ ပါ ပြိုင်ပွဲစနစ်ဖြင့် ချန်ပီယံလိဂ်နေရာမှာ အစားထိုးဖို့ ကြိုးပမ်းလာတဲ့ လူမုန်းများတဲ့ ဥရောပစူပါလိဂ်

ဥရောပစူပါလိဂ်ဟာပြိုင်ပွဲဝင်အသင်း၆၀မှ၈၀အထိပါပြိုင်ပွဲစနစ်ဖြင့်ချန်ပီယံလိဂ်နေရာတွင်အစားထိုးရေးခြေလှမ်းသစ်ပြန်လှမ်းလာပါတယ်။

နောက်ဆုံးလုပ်လာတဲ့စိတ်ကူးအရတစ်သင်းလျှင်တစ်ရာသီကို၁၄ပွဲကစားရမှာဖြစ်ပြီးမည်သည့်အသင်းမှနှစ်စဉ်ပါဝင်ရန်အာမခံချက်မရှိပါဘူး။

ဥရောပစူပါလိဂ်ရဲ့ညီအစ်မကုမ္ပဏီဖြစ်တဲ့ ဥရောပအားကစားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ A22 ကအထက်ပါအစီအစဉ်ကိုကြေညာလာတာဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ကို၂၀၂၁ခုနှစ်၊ဧပြီလတုန်းကကြေညာခဲ့တာဖြစ်ပြီးပရိသတ်များဆန္ဒပြသပိတ်မှောက်မှုကြောင့်ပြိုင်ပွဲဝင်အားလုံးနီးပါးနုတ်ထွက်သွားကြပြီးဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်အသင်းများအဖြစ်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့သုံးသင်းတည်းသာကျန်ပါတော့တယ်။

အစောပိုင်းတုန်းကဥရောပစူပါလိဂ်အစီအစဉ်တွင်အက်သလက်တီကို၊အေစီမီလန်၊အင်တာမီလန်၊ယူနိုက်တက်၊လီဗာပူး၊မန်စီးတီး၊ချဲလ်ဆီး၊အာဆင်နယ်၊စပါးစ်၊ဒေါ့မွန်၊ဘိုင်ယန်မြူးနစ်တို့လည်းပါဝင်ခဲ့ကြပေမဲ့ပရိသတ်များရဲ့ဆန္ဒပြသပိတ်မှောက်မှုကြောင့်နောက်ဆုတ်သွားခဲ့ကြပါတယ်။

A2 ကဥရောပစူပါလိဂ်ပြိုင်ပွဲစနစ်သစ်ကို ဥရောပတလွှားရှိဥရောပကလပ်များစွာတို့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးတဲ့နောက်စီစဉ်လာတာဖြစ်ကြောင်းဆိုထားပါတယ်။

ဒါပေမဲ့လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာ ပြိုင်ပွဲစနစ်သစ်တွင်လည်းပါဝင်လာမလားဆိုတာအတိအကျမသိရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာငွေကြေးပိုမိုများစွာရရှိလာစေရန်အတွက် ချန်ပီယံလိဂ်နေရာတွင်အစားထိုးရန်ဥရောပစူပါလိဂ်စိတ်ကူးကိုအကောင်အထည်ဖော်ရေးကြိုးပမ်းခဲ့ကြတာလည်းဖြစ်ပါတယ်။

ZawGyi

အသင္း ၈၀ ပါ ၿပိဳင္ပြဲစနစ္ျဖင့္ ခ်န္ပီယံလိဂ္ေနရာမွာ အစားထိုးဖို႔ ႀကိဳးပမ္းလာတဲ့ လူမုန္းမ်ားတဲ့ ဥေရာပစူပါလိဂ္

ဥေရာပစူပါလိဂ္ဟာၿပိဳင္ပြဲဝင္အသင္း၆၀မွ၈၀အထိပါၿပိဳင္ပြဲစနစ္ျဖင့္ခ်န္ပီယံလိဂ္ေနရာတြင္အစားထိုးေရးေျခလွမ္းသစ္ျပန္လွမ္းလာပါတယ္။

ေနာက္ဆုံးလုပ္လာတဲ့စိတ္ကူးအရတစ္သင္းလွ်င္တစ္ရာသီကို၁၄ပြဲကစားရမွာျဖစ္ၿပီးမည္သည့္အသင္းမွႏွစ္စဥ္ပါဝင္ရန္အာမခံခ်က္မရွိပါဘူး။

ဥေရာပစူပါလိဂ္ရဲ႕ညီအစ္မကုမၸဏီျဖစ္တဲ့ ဥေရာပအားကစားဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီ A22 ကအထက္ပါအစီအစဥ္ကိုေၾကညာလာတာျဖစ္ပါတယ္။

ဥေရာပစူပါလိဂ္ကို၂၀၂၁ခုႏွစ္၊ဧၿပီလတုန္းကေၾကညာခဲ့တာျဖစ္ၿပီးပရိသတ္မ်ားဆႏၵျပသပိတ္ေမွာက္မႈေၾကာင့္ၿပိဳင္ပြဲဝင္အားလုံးနီးပါးႏုတ္ထြက္သြားၾကၿပီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဥေရာပစူပါလိဂ္ၿပိဳင္ပြဲဝင္အသင္းမ်ားအျဖစ္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔သုံးသင္းတည္းသာက်န္ပါေတာ့တယ္။

အေစာပိုင္းတုန္းကဥေရာပစူပါလိဂ္အစီအစဥ္တြင္အက္သလက္တီကို၊ေအစီမီလန္၊အင္တာမီလန္၊ယူႏိုက္တက္၊လီဗာပူး၊မန္စီးတီး၊ခ်ဲလ္ဆီး၊အာဆင္နယ္၊စပါးစ္၊ေဒါ့မြန္၊ဘိုင္ယန္ျမဴးနစ္တို႔လည္းပါဝင္ခဲ့ၾကေပမဲ့ပရိသတ္မ်ားရဲ႕ဆႏၵျပသပိတ္ေမွာက္မႈေၾကာင့္ေနာက္ဆုတ္သြားခဲ့ၾကပါတယ္။

A2 ကဥေရာပစူပါလိဂ္ၿပိဳင္ပြဲစနစ္သစ္ကို ဥေရာပတလႊားရွိဥေရာပကလပ္မ်ားစြာတို႔ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ၿပီးတဲ့ေနာက္စီစဥ္လာတာျဖစ္ေၾကာင္းဆိုထားပါတယ္။

ဒါေပမဲ့လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာ ၿပိဳင္ပြဲစနစ္သစ္တြင္လည္းပါဝင္လာမလားဆိုတာအတိအက်မသိရေသးပါဘူး။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာေငြေၾကးပိုမိုမ်ားစြာရရွိလာေစရန္အတြက္ ခ်န္ပီယံလိဂ္ေနရာတြင္အစားထိုးရန္ဥေရာပစူပါလိဂ္စိတ္ကူးကိုအေကာင္အထည္ေဖာ္ေရးႀကိဳးပမ္းခဲ့ၾကတာလည္းျဖစ္ပါတယ္။