အသည်းအစားထိုးခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်နေတဲ့ အင်္ဂလန်စတားဟောင်းကီရွန်ဒိုင်ယာ

နယူးကာဆယ်နှင့်အင်္ဂလန်စတားဟောင်းကီရွန်ဒိုင်ယာဟာသည်းခြေအိတ်ပြွန်ထိခိုက်မှုကြောင့်အသည်းအစားထိုးခွဲစိတ်ကုသမှုပြုလုပ်ရန်လိုအပ်နေကြောင်းသိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာပြီးခဲ့တဲ့အပတ်အစောပိုင်းတုန်းက Celebrity SAS: Who Dares Wins အစီအစဉ်တွင်ပါဝင်စဉ်ဒဏ်ရာရရှိဆေးရုံတက်ခဲ့ရပါတယ်။

လက်ရှိအချိန်တွင်အစ်ဝှစ်ချ်ယူ-၂၃နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အသက်၄၂နှစ်ရှိဒိုင်ယာကိုဆေးရုံတွင်စစ်ဆေးမှုပြုလုပ်ရာတွင်အသည်းအစားထိုးကုသမှုပြုလုပ်ရန်လိုအပ်နေကြောင်းတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

ဒိုင်ယာနှင့် Sky Sport တွင်ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်လည်းထမ်းဆောင်နေတဲ့ဒေးဗစ်ဂျီနိုလာဟာလည်းယင်းသို့ဝေဒနာမျိုးခံစားခဲ့ဖူးပေမယ့်အမြန်ဆုံးပျောက်ကင်းခဲ့တာကြောင့်စိုးရိမ်စရာမရှိဘူးလို့ယူဆရပါတယ်။

ကီရွန်ဒိုင်ယာဟာအင်္ဂလန်အသင်းအတွက်၃၃ပွဲကစားခဲ့သူဖြစ်ပြီးအစ်ဝှစ်ချ်၊နယူးကာဆယ်၊ဝက်စ်ဟမ်း၊ကျူပီအာတို့တွင်ကစားခဲ့ပြီး၂၀၁၃ခုနှစ်တုန်းကမစ်ဒယ်ဘရော့တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ZawGyi

အသည္းအစားထိုးခြဲစိတ္ကုသမႈျပဳလုပ္ရန္ လိုအပ္ေနတဲ့ အဂၤလန္စတားေဟာင္းကီ႐ြန္ဒိုင္ယာ

နယူးကာဆယ္ႏွင့္အဂၤလန္စတားေဟာင္းကီ႐ြန္ဒိုင္ယာဟာသည္းေျခအိတ္ႁပြန္ထိခိုက္မႈေၾကာင့္အသည္းအစားထိုးခြဲစိတ္ကုသမႈျပဳလုပ္ရန္လိုအပ္ေနေၾကာင္းသိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားေဟာင္းဟာၿပီးခဲ့တဲ့အပတ္အေစာပိုင္းတုန္းက Celebrity SAS: Who Dares Wins အစီအစဥ္တြင္ပါဝင္စဥ္ဒဏ္ရာရရွိေဆး႐ုံတက္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္အစ္ဝွစ္ခ်္ယူ-၂၃နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့အသက္၄၂ႏွစ္ရွိဒိုင္ယာကိုေဆး႐ုံတြင္စစ္ေဆးမႈျပဳလုပ္ရာတြင္အသည္းအစားထိုးကုသမႈျပဳလုပ္ရန္လိုအပ္ေနေၾကာင္းေတြ႕ရွိခဲ့ရတာလည္းျဖစ္ပါတယ္။

ဒိုင္ယာႏွင့္ Sky Sport တြင္ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္လည္းထမ္းေဆာင္ေနတဲ့ေဒးဗစ္ဂ်ီႏိုလာဟာလည္းယင္းသို႔ေဝဒနာမ်ိဳးခံစားခဲ့ဖူးေပမယ့္အျမန္ဆုံးေပ်ာက္ကင္းခဲ့တာေၾကာင့္စိုးရိမ္စရာမရွိဘူးလို႔ယူဆရပါတယ္။

ကီ႐ြန္ဒိုင္ယာဟာအဂၤလန္အသင္းအတြက္၃၃ပြဲကစားခဲ့သူျဖစ္ၿပီးအစ္ဝွစ္ခ်္၊နယူးကာဆယ္၊ဝက္စ္ဟမ္း၊က်ဴပီအာတို႔တြင္ကစားခဲ့ၿပီး၂၀၁၃ခုႏွစ္တုန္းကမစ္ဒယ္ဘေရာ့တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။