အသုံးစရိတ်မမြင့်မားလာစေရန် ရော်နယ်ဒိုစည်းမျဉ်း အသုံးပြုကာ ကစားသမားလုပ်ခကို ကန့်သတ်လာတော့မဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာကစားသမားများရဲ့လုပ်ခကိုအမြင့်မားဆုံးတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀သာပေးပြီး ခရစ္စတီယာနိုရော်နယ်ဒိုစည်းမျဉ်းပြဌာန်းကာကစားသမားအသုံးစရိတ်ကိုကန့်သတ်လာတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာကစားသမားများရဲ့လုပ်ခအတွက်ပေါင်၂၂၈သန်းအထိအသုံးပြုကာပရီးမီးယားလိဂ်တွင်လုပ်ခအများဆုံးအသုံးပြုတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာAl-Nass သို့ပြောင်းရွှေ့မီတုန်းကယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀ရရှိခဲ့သလိုဂိုးသမားဒီဂီယာမှာလည်းတစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀အထိရရှိခဲ့ပါတယ်။

The Mail ရဲ့ဖော်ပြချက်အရအမှုဆောင်ချုပ်ရစ်ချက်အာနိုးဟာဘောလုံးဒါရိုက်တာဂျွန်မော်တာ့ခ်၊နည်းပြအဲရစ်တန်ဟက်တို့နှင့်တွေ့ဆုံဆွေးနွေးကာကစားသမားများရဲ့လုပ်ခကိုကန့်သတ်မှုပြုလုပ်ရန်စီစဉ်လာကြောင်းသိရပါတယ်။

ဒါကြောင့်လည်းယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမဲ့ဒီဂီယာမှာ စာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၁၈၀၀၀၀မှပေါင်၂၀၀၀၀၀အတွင်းပမာဏဖြင့်သာကမ်းလှမ်းခြင်းခံထားရပါတယ်။

၂၀၁၁ခုနှစ်ကတည်းကယူနိုက်တက်တွင်နံပါတ်တစ်ဂိုးသမားအဖြစ်ကစားလာခဲ့တဲ့ဒီဂီယာကလည်းယူနိုက်တက်တွင်ပင်ကစားသမားဘဝအဆုံးသတ်နိုင်ရန်အတွက်လုပ်ခလျှော့ယူရန်အသင့်ရှိနေပါတယ်။

ဧပြီလတုန်းကစာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်အပြင်ရာဖေးလ်ဗာရန်း၊ဟယ်ရီမက်ဂွိုင်းယားနှင့်ကက်စ်မီရိုတို့မှာလည်းယင်းလုပ်ခမျိုးသာရရှိနေကြပါတယ်။

ဒါ့အပြင်ယူနိုက်တက်ရဲ့ကစားသမားများဟာချန်ပီယံလိဂ်ဝင်ခွင့်မရရှိပြီးနောက်လုပ်ခလျှော့ချခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ယင်းကဲ့သို့လုပ်ခကန့်သတ်လာမှုနဲ့အတူယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်ကိုဆုံးရှုံးလာရနိုင်ခြေများနေပါတယ်။

ပီအက်စ်ဂျီဟာရက်ဖို့ဒ်ကိုတစ်ပတ်လုပ်ခပေါင်၈၅၀၀၀၀အထိပေးရန်စီစဉ်နေပါတယ်။ယင်းပမာဏမှာရက်ဖို့ဒ်ရဲ့လက်ရှိယူနိုက်တက်တွင်ရရှိနေတဲ့လုပ်ခထက်လေးဆကျော်ပိုများပြားလာပါမယ်။ရက်ဖို့ဒ်ဟာယခုရာသီတွင်ယူနိုက်တက်အတွက်၂၄ပွဲကစားထားရာမှာ၁၃ဂိုးသွင်းယူပြီး၆ကြိမ်ဖန်တီးထားနိုင်ပါတယ်။

Zawgyi

အသုံးစရိတ္မျမင့္မားလာေစရန္ ေရာ္နယ္ဒိုစည္းမ်ဥ္း အသုံးျပဳကာ ကစားသမားလုပ္ခကို ကန႔္သတ္လာေတာ့မဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာကစားသမားမ်ားရဲ႕လုပ္ခကိုအျမင့္မားဆုံးတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀သာေပးၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုစည္းမ်ဥ္းျပဌာန္းကာကစားသမားအသုံးစရိတ္ကိုကန႔္သတ္လာေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာကစားသမားမ်ားရဲ႕လုပ္ခအတြက္ေပါင္၂၂၈သန္းအထိအသုံးျပဳကာပရီးမီးယားလိဂ္တြင္လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့အသင္းအျဖစ္ရပ္တည္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl-Nass သို႔ေျပာင္းေ႐ႊ႕မီတုန္းကယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၄၈၀၀၀၀ရရွိခဲ့သလိုဂိုးသမားဒီဂီယာမွာလည္းတစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀အထိရရွိခဲ့ပါတယ္။

The Mail ရဲ႕ေဖာ္ျပခ်က္အရအမႈေဆာင္ခ်ဳပ္ရစ္ခ်က္အာႏိုးဟာေဘာလုံးဒါ႐ိုက္တာဂြၽန္ေမာ္တာ့ခ္၊နည္းျပအဲရစ္တန္ဟက္တို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးကာကစားသမားမ်ားရဲ႕လုပ္ခကိုကန႔္သတ္မႈျပဳလုပ္ရန္စီစဥ္လာေၾကာင္းသိရပါတယ္။

ဒါေၾကာင့္လည္းယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့ဒီဂီယာမွာ စာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၁၈၀၀၀၀မွေပါင္၂၀၀၀၀၀အတြင္းပမာဏျဖင့္သာကမ္းလွမ္းျခင္းခံထားရပါတယ္။

၂၀၁၁ခုႏွစ္ကတည္းကယူႏိုက္တက္တြင္နံပါတ္တစ္ဂိုးသမားအျဖစ္ကစားလာခဲ့တဲ့ဒီဂီယာကလည္းယူႏိုက္တက္တြင္ပင္ကစားသမားဘဝအဆုံးသတ္ႏိုင္ရန္အတြက္လုပ္ခေလွ်ာ့ယူရန္အသင့္ရွိေနပါတယ္။

ဧၿပီလတုန္းကစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ဘ႐ူႏိုဖာနန္ဒက္စ္အျပင္ရာေဖးလ္ဗာရန္း၊ဟယ္ရီမက္ဂြိဳင္းယားႏွင့္ကက္စ္မီ႐ိုတို႔မွာလည္းယင္းလုပ္ခမ်ိဳးသာရရွိေနၾကပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ရဲ႕ကစားသမားမ်ားဟာခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိၿပီးေနာက္လုပ္ခေလွ်ာ့ခ်ျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ယင္းကဲ့သို႔လုပ္ခကန႔္သတ္လာမႈနဲ႔အတူယူႏိုက္တက္ဟာမားကပ္စ္ရက္ဖို႔ဒ္ကိုဆုံးရႈံးလာရႏိုင္ေျခမ်ားေနပါတယ္။

ပီအက္စ္ဂ်ီဟာရက္ဖို႔ဒ္ကိုတစ္ပတ္လုပ္ခေပါင္၈၅၀၀၀၀အထိေပးရန္စီစဥ္ေနပါတယ္။ယင္းပမာဏမွာရက္ဖို႔ဒ္ရဲ႕လက္ရွိယူႏိုက္တက္တြင္ရရွိေနတဲ့လုပ္ခထက္ေလးဆေက်ာ္ပိုမ်ားျပားလာပါမယ္။ရက္ဖို႔ဒ္ဟာယခုရာသီတြင္ယူႏိုက္တက္အတြက္၂၄ပြဲကစားထားရာမွာ၁၃ဂိုးသြင္းယူၿပီး၆ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။