အသုံးစရိတ်မရှိလို့ မက်ဆီကို ထွက်ခွာစေပြီး တောရက်စ်ကို ပေါင် ၄၅ သန်းခေါ်ယူခဲ့တဲ့ ဘာကာကို နည်းပြဟောင်းကိုးမန်းမေးခွန်းထုတ်

ဘာစီလိုနာနည်းပြဟောင်းရော်နယ်ကိုးမန်းဟာဘဏ္ဍာရေးပြဿနာကြောင့် လီယွန်နယ်မက်ဆီကိုအသင်းမှထွက်ခွာစေခဲ့ပေမဲ့သူ့ကို ထုတ်ပယ်ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပြောင်းရွှေ့ကြေးပေါင်၄၅သန်းသုံးခဲ့တဲ့ ဘာစီလိုနာရဲ့လုပ်ဆောင်မှုကိုမေးခွန်းထုတ်လိုက်ပါတယ်။

ကိုးမန်းဟာဘဏ္ဍာရေးပြဿနာကြောင့်ပြီးခဲ့တဲ့နွေရာသီတုန်းကကစားသမားခေါ်ယူမှုအတွက်အသုံးစရိတ်မရှိခဲ့ဘဲအလွတ်ပြောင်းရွှေ့ကြေးဖြင့်သာကစားသမားခေါ်ယူခဲ့ရပါတယ်။ဒါပေမဲ့သူ့နေရာကိုဆက်ခံတဲ့ဇာဗီးကတော့ဇန်နဝါရီမှာကစားသမားလေးဦးအထိခေါ်ယူခဲ့ပါတယ်။

ကိုးမန်းဟာပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလာလီဂါတွင်အမှတ်ပေးဇယားအဆင့်၉နေရာသို့အထိရောက်ခဲ့ရပြီးနောက်ထုတ်ပယ်ခြင်းခံခဲရပါတယ်။

ကိုးမန်းက “ဘဏ္ဍာရေးအခြေအနေကြောင့်အရေးပါတဲ့ကစားသမားတွေကို လက်လွှတ်ခဲ့ရမှုအပေါ်လက်ခံခဲ့တယ်။ဒါပေမဲ့မက်ဆီကိုထွက်ခွာစေပြီးမကြာမီမှာဘဲပေါင်၄၅သန်းသုံးပြီးကစားသမားတစ်ဦးကိုခေါ်တယ်။ဖြစ်ပျက်ခဲ့မှုတွေအပေါ်အံ့ဩရတယ်။မက်ဆီကိုဘာလို့လက်လွှတ်လိုက်တာလဲ”လို့ ပြောကြားသွားပါတယ်။

မက်ဆီဟာနွေရာသီတုန်းကဘဏ္ဍာရေးပြဿနာကြောင့်ဘာစီလိုနာဘက်ကစာချုပ်သစ်မချုပ်ဆိုနိုင်မှုနဲ့အတူ ၂၁ နှစ်ကြာကစားလာခဲ့တဲ့နူးကမ့်ကိုစွန့်ခွာခဲ့ရပါတယ်။

ဒါ့အပြင်ကိုးမန်းကဘာစီလိုနာဥက္ကဌလာပေါ်တာမှာသူ့အားပရိသတ်များက ပစ်မှတ်ထားလာနိုင်တဲ့အခြေအနေကိုကာကွယ်ရန်အတွက်ဇာဗီးကိုခန့်အပ်လိုက်ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

၎င်းက “သူ(လာပေါ်တာ)ကဇာဗီးကအတွေ့အကြုံနည်းလို့သူ့နည်းပြဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော့်ကိုအကြိမ်ပေါင်းထောင်ချီပြောခဲ့တယ်။ဒါပေမဲ့သူ့မှာအကာအကွယ်လုပ်ဖို့ဒိုင်းလိုနေခဲ့တယ်။သူပုန်းနေလို့ရမယ့်သူမျိုးပေါ့။ဇာဗီးကိုအချိန်ပေးသလောက်ကျွန်တော့်ကိုမပေးခဲ့တဲ့အတွက်အရမ်းနာကျင်ရတယ်။ဒဏ်ရာပြဿနာတွေအများကြီးကြုံခဲ့ရတယ်။အခုဆိုပီဒရီလည်းအကောင်းဆုံးပုံစံရနေတယ်။ဒမ်ဘီလီလည်းဒီအတိုင်းပဲ။နည်းပြတိုင်းအချိန်လိုပါတယ်။ဘုတ်အဖွဲ့ရဲ့စိတ်ရှည်မှုရရှိဖို့လိုပါတယ်”လို့ ပြောကြားသွားပါတယ်။

ZawGyi

အသုံးစရိတ္မရွိလို႔ မက္ဆီကို ထြက္ခြာေစၿပီး ေတာရက္စ္ကို ေပါင္ ၄၅ သန္းေခၚယူခဲ့တဲ့ ဘာကာကို နည္းျပေဟာင္းကိုးမန္းေမးခြန္းထုတ္

ဘာစီလိုနာနည္းျပေဟာင္းေရာ္နယ္ကိုးမန္းဟာဘ႑ာေရးျပႆနာေၾကာင့္ လီယြန္နယ္မက္ဆီကိုအသင္းမွထြက္ခြာေစခဲ့ေပမဲ့သူ႔ကို ထုတ္ပယ္ၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၅သန္းသုံးခဲ့တဲ့ ဘာစီလိုနာရဲ႕လုပ္ေဆာင္မႈကိုေမးခြန္းထုတ္လိုက္ပါတယ္။

ကိုးမန္းဟာဘ႑ာေရးျပႆနာေၾကာင့္ၿပီးခဲ့တဲ့ေႏြရာသီတုန္းကကစားသမားေခၚယူမႈအတြက္အသုံးစရိတ္မရွိခဲ့ဘဲအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္သာကစားသမားေခၚယူခဲ့ရပါတယ္။ဒါေပမဲ့သူ႔ေနရာကိုဆက္ခံတဲ့ဇာဗီးကေတာ့ဇန္နဝါရီမွာကစားသမားေလးဦးအထိေခၚယူခဲ့ပါတယ္။

ကိုးမန္းဟာၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းကလာလီဂါတြင္အမွတ္ေပးဇယားအဆင့္၉ေနရာသို႔အထိေရာက္ခဲ့ရၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲရပါတယ္။

ကိုးမန္းက “ဘ႑ာေရးအေျခအေနေၾကာင့္အေရးပါတဲ့ကစားသမားေတြကို လက္လႊတ္ခဲ့ရမႈအေပၚလက္ခံခဲ့တယ္။ဒါေပမဲ့မက္ဆီကိုထြက္ခြာေစၿပီးမၾကာမီမွာဘဲေပါင္၄၅သန္းသုံးၿပီးကစားသမားတစ္ဦးကိုေခၚတယ္။ျဖစ္ပ်က္ခဲ့မႈေတြအေပၚအံ့ဩရတယ္။မက္ဆီကိုဘာလို႔လက္လႊတ္လိုက္တာလဲ”လို႔ ေျပာၾကားသြားပါတယ္။

မက္ဆီဟာေႏြရာသီတုန္းကဘ႑ာေရးျပႆနာေၾကာင့္ဘာစီလိုနာဘက္ကစာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္မႈနဲ႔အတူ ၂၁ ႏွစ္ၾကာကစားလာခဲ့တဲ့ႏူးကမ့္ကိုစြန႔္ခြာခဲ့ရပါတယ္။

ဒါ့အျပင္ကိုးမန္းကဘာစီလိုနာဥကၠဌလာေပၚတာမွာသူ႔အားပရိသတ္မ်ားက ပစ္မွတ္ထားလာႏိုင္တဲ့အေျခအေနကိုကာကြယ္ရန္အတြက္ဇာဗီးကိုခန႔္အပ္လိုက္ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

၎က “သူ(လာေပၚတာ)ကဇာဗီးကအေတြ႕အႀကဳံနည္းလို႔သူ႔နည္းျပျဖစ္လာမွာမဟုတ္ဘူးလို႔ကြၽန္ေတာ့္ကိုအႀကိမ္ေပါင္းေထာင္ခ်ီေျပာခဲ့တယ္။ဒါေပမဲ့သူ႔မွာအကာအကြယ္လုပ္ဖို႔ဒိုင္းလိုေနခဲ့တယ္။သူပုန္းေနလို႔ရမယ့္သူမ်ိဳးေပါ့။ဇာဗီးကိုအခ်ိန္ေပးသေလာက္ကြၽန္ေတာ့္ကိုမေပးခဲ့တဲ့အတြက္အရမ္းနာက်င္ရတယ္။ဒဏ္ရာျပႆနာေတြအမ်ားႀကီးႀကဳံခဲ့ရတယ္။အခုဆိုပီဒရီလည္းအေကာင္းဆုံးပုံစံရေနတယ္။ဒမ္ဘီလီလည္းဒီအတိုင္းပဲ။နည္းျပတိုင္းအခ်ိန္လိုပါတယ္။ဘုတ္အဖြဲ႕ရဲ႕စိတ္ရွည္မႈရရွိဖို႔လိုပါတယ္”လို႔ ေျပာၾကားသြားပါတယ္။