
လီယွန်နယ်မက်ဆီဟာသူ့ရဲ့အသေးအဖွဲကိစ္စရပ်ကိုလိုက်လုပ်ဆောင်ပေးနိုင်ခြင်းမရှိမှုကြောင့်၂၀၀၆ခုနှစ်တုန်းက Nike နှင့်လမ်းခွဲကာ Adidas နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
မက်ဆီဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူမော်ဒန်ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမားများအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းပီအက်စ်ဂျီစူပါစတားနှင့်စပွန်ဆာစာချုပ်ချုပ်ဆိုလိုတဲ့ Brand တွေအများကြီးရှိနေတာအံ့ဩစရာမရှိပါဘူး။၎င်းတို့ဟာအသက်၃၅နှစ်ရှိမက်ဆီကိုဆွဲဆောင်နိုင်ရေးငွေများစွာပေးရန်လည်းအသင့်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း Nike ဟာသူတို့ရဲ့အသေးအဖွဲကိစ္စငယ်ကိုဂရုမစိုက်မိမှုနှင့်အတူ ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီပြိုင်ဘက် Adidas ကို လီယွန်နယ်မက်ဆီကိုလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
Nike ဟာ၂၀၀၆ခုနှစ်ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီတုန်းကကြော်ငြာအစီအစဉ်များအတွက် မက်ဆီနှင့်ဓာတ်ပုံပိုစတာကိုပါချိတ်ဆွဲမှုပြုလုပ်ထားခဲ့ပါတယ်။
ဒါပေမဲ့ချက်ချင်းဆိုသလိုပဲမက်ဆီရဲ့အေးဂျင့်များက မက်ဆီရဲ့ဓာတ်ပုံများပိုစတာများကိုဖယ်ရှားရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။ဒါ့အပြင် Nikeဟာမက်ဆီကိုပြိုင်ဘက် Adidas သို့လက်လွှတ်လိုက်ရပြီဖြစ်ကြောင်းလည်းပြောဆိုခြင်းခံခဲ့ရပါတယ်။
မက်ဆီဟာ Nike ထံသို့တောင်းဆိုတဲ့အသေးအဖွဲကိစ္စရပ်ငယ်ကြောင့် Adidas နှင့်လက်တွဲဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
မက်ဆီရဲ့ဖခင်ဖြစ်သူဂျော့မက်ဆီဟာသားဖြစ်သူအတွက် Tracksuit များပိုမိုပေးရန်တောင်းဆိုထားမှုကို Nike ကဂရုမစိုက်ဘဲထားမှုနှင့်အတူ Adidas နှင့်လက်တွဲရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
Nike ဟာမက်ဆီအသက်၁၄နှစ်အရွယ်ကတည်းကလက်တွဲလာခဲ့တဲ့အပြင်၎င်းတို့အကြားကောင်းမွန်ဆက်ဆံရေးရှိခြင်း၊ စပွန်ဆာစာချုပ်အတွက်နှုတ်အားဖြင့်သဘောတူညီမှုရရှိထားခဲ့ပေမဲ့လည်း Tracksuit ပိုပို့ပေးရန်ပြောဆိုမှု ဂရုမစိုက်မှုနှင့်အတူ ပြိုင်ဘက် Adidas သို့လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။
ZawGyi
အေသးအဖြဲကိစၥရပ္ေၾကာင့္ မက္ဆီကို Adidas သို႔ လက္လႊတ္ခဲ့ရတဲ့ Nike
လီယြန္နယ္မက္ဆီဟာသူ႔ရဲ႕အေသးအဖြဲကိစၥရပ္ကိုလိုက္လုပ္ေဆာင္ေပးႏိုင္ျခင္းမရွိမႈေၾကာင့္၂၀၀၆ခုႏွစ္တုန္းက Nike ႏွင့္လမ္းခြဲကာ Adidas ႏွင့္ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
မက္ဆီဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူေမာ္ဒန္ေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးကစားသမားမ်ားအျဖစ္ ႏွစ္ေပါင္းမ်ားစြာရပ္တည္လာခဲ့သူလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းပီအက္စ္ဂ်ီစူပါစတားႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလိုတဲ့ Brand ေတြအမ်ားႀကီးရွိေနတာအံ့ဩစရာမရွိပါဘူး။၎တို႔ဟာအသက္၃၅ႏွစ္ရွိမက္ဆီကိုဆြဲေဆာင္ႏိုင္ေရးေငြမ်ားစြာေပးရန္လည္းအသင့္ရွိေနခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့လည္း Nike ဟာသူတို႔ရဲ႕အေသးအဖြဲကိစၥငယ္ကိုဂ႐ုမစိုက္မိမႈႏွင့္အတူ ၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီၿပိဳင္ဘက္ Adidas ကို လီယြန္နယ္မက္ဆီကိုလက္လႊတ္ဆုံးရႈံးခဲ့ရပါတယ္။
Nike ဟာ၂၀၀၆ခုႏွစ္ဂ်ာမနီကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီတုန္းကေၾကာ္ျငာအစီအစဥ္မ်ားအတြက္ မက္ဆီႏွင့္ဓာတ္ပုံပိုစတာကိုပါခ်ိတ္ဆြဲမႈျပဳလုပ္ထားခဲ့ပါတယ္။
ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုပဲမက္ဆီရဲ႕ေအးဂ်င့္မ်ားက မက္ဆီရဲ႕ဓာတ္ပုံမ်ားပိုစတာမ်ားကိုဖယ္ရွားရန္ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။ဒါ့အျပင္ Nikeဟာမက္ဆီကိုၿပိဳင္ဘက္ Adidas သို႔လက္လႊတ္လိုက္ရၿပီျဖစ္ေၾကာင္းလည္းေျပာဆိုျခင္းခံခဲ့ရပါတယ္။
မက္ဆီဟာ Nike ထံသို႔ေတာင္းဆိုတဲ့အေသးအဖြဲကိစၥရပ္ငယ္ေၾကာင့္ Adidas ႏွင့္လက္တြဲဖို႔ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။
မက္ဆီရဲ႕ဖခင္ျဖစ္သူေဂ်ာ့မက္ဆီဟာသားျဖစ္သူအတြက္ Tracksuit မ်ားပိုမိုေပးရန္ေတာင္းဆိုထားမႈကို Nike ကဂ႐ုမစိုက္ဘဲထားမႈႏွင့္အတူ Adidas ႏွင့္လက္တြဲရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။
Nike ဟာမက္ဆီအသက္၁၄ႏွစ္အ႐ြယ္ကတည္းကလက္တြဲလာခဲ့တဲ့အျပင္၎တို႔အၾကားေကာင္းမြန္ဆက္ဆံေရးရွိျခင္း၊ စပြန္ဆာစာခ်ဳပ္အတြက္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိထားခဲ့ေပမဲ့လည္း Tracksuit ပိုပို႔ေပးရန္ေျပာဆိုမႈ ဂ႐ုမစိုက္မႈႏွင့္အတူ ၿပိဳင္ဘက္ Adidas သို႔လက္လႊတ္လိုက္ရတာျဖစ္ပါတယ္။