အဟက်ခံရတဲ့ အီးမေးလ်ကြောင့် လုပ်ပွဲကစားမှုဖြင့် စစ်ဆေးခံနေရတဲ့ ဘင်ဖီကာ

ပေါ်တူဂီထိပ်သီးဘင်ဖီကာအသင်းဟာလုပ်ပွဲကစားမှုများကြောင့်စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

ဘင်ဖီကာအသင်းဟာ၂၀၁၆ခုနှစ်မှ၂၀၂၀ခုနှစ်အထိလေးနှစ်တာကာလအတွင်း အသင်းနဲ့သက်ဆိုင်တဲ့အီးမေးလ်များအဟက်ခံရပြီးနောက်လုပ်ပွဲကစားမှုဖြင့်စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးများဟာဘင်ဖီကာအသင်းအဟက်ခံရတဲ့အီးမေးလ်များကိုဖတ်ရှုခွင့်ရရှိသွားပြီးနောက်စုံစမ်းစစ်ဆေးမှုများပြုလုပ်လာတာဖြစ်ပါတယ်။

အဆိုပါစုံစမ်းစစ်ဆေးမှုခံရသူများတွင်ယင်းလေးနှစ်တာကာလအတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ဒါရိုက်တာများနှင့်ဘုတ်အဖွဲ့ဝင်များလည်းပါဝင်နေပါတယ်။

လက်ရှိဘင်ဖီကာဥက္ကဌရူအီကော်စတာမှာယင်းကာလတုန်းကဒုဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေခဲ့ရာစုံစမ်းစစ်ဆေးမှုခံရနေပါတယ်။

ရူအီကော်စတာဟာဘင်ဖီကာဥက္ကဌရာထူးအားကာလရှည်တာဝန်ထမ်းဆောင်ခဲ့တဲ့လူးဝစ်ဖီးလစ်ပီဗီအဲရာနေရာကိုဆက်ခံခဲ့တာဖြစ်ပါတယ်။

လူးဝစ်ဖီးလစ်ပီဗီအဲရာမှာငွေကြေးခဝါချမှု၊လိမ်လည်မှု၊အတုပြုလုပ်မှုများကြောင့်ဖမ်းဆီးခံခဲ့ရပြီးရာထူးမှထွက်ခဲ့ရပါတယ်။

ဒါ့အပြင်ဘင်ဖီကာဟာ၎င်းတို့ပိုင်Best for Business ကုမ္ပဏီမှတဆင့်ဒိုင်လူကြီးဟောင်းဘရူနိုပိုင်ရှောင်ကိုယူရို၁.၉သန်းပေးခဲ့ကြောင်းလည်းစွပ်စွဲခြင်းခံထားရပါသေးတယ်။ယင်းအမှုကိုဘင်ဖီကာဘက်ကလူသိရှင်ကြားငြင်းဆိုထားပါတယ်။

ZawGyi

အဟက္ခံရတဲ့ အီးေမးလ္ေၾကာင့္ လုပ္ပြဲကစားမႈျဖင့္ စစ္ေဆးခံေနရတဲ့ ဘင္ဖီကာ

ေပၚတူဂီထိပ္သီးဘင္ဖီကာအသင္းဟာလုပ္ပြဲကစားမႈမ်ားေၾကာင့္စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။

ဘင္ဖီကာအသင္းဟာ၂၀၁၆ခုႏွစ္မွ၂၀၂၀ခုႏွစ္အထိေလးႏွစ္တာကာလအတြင္း အသင္းနဲ႔သက္ဆိုင္တဲ့အီးေမးလ္မ်ားအဟက္ခံရၿပီးေနာက္လုပ္ပြဲကစားမႈျဖင့္စုံစမ္းစစ္ေဆးခံေနရတာျဖစ္ပါတယ္။

စုံစမ္းစစ္ေဆးေရးမႉးမ်ားဟာဘင္ဖီကာအသင္းအဟက္ခံရတဲ့အီးေမးလ္မ်ားကိုဖတ္ရႈခြင့္ရရွိသြားၿပီးေနာက္စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လာတာျဖစ္ပါတယ္။

အဆိုပါစုံစမ္းစစ္ေဆးမႈခံရသူမ်ားတြင္ယင္းေလးႏွစ္တာကာလအတြင္းတာဝန္ထမ္းေဆာင္ခဲ့တဲ့ဒါ႐ိုက္တာမ်ားႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားလည္းပါဝင္ေနပါတယ္။

လက္ရွိဘင္ဖီကာဥကၠဌ႐ူအီေကာ္စတာမွာယင္းကာလတုန္းကဒုဥကၠဌအျဖစ္တာဝန္ထမ္းေဆာင္ေနခဲ့ရာစုံစမ္းစစ္ေဆးမႈခံရေနပါတယ္။

႐ူအီေကာ္စတာဟာဘင္ဖီကာဥကၠဌရာထူးအားကာလရွည္တာဝန္ထမ္းေဆာင္ခဲ့တဲ့လူးဝစ္ဖီးလစ္ပီဗီအဲရာေနရာကိုဆက္ခံခဲ့တာျဖစ္ပါတယ္။

လူးဝစ္ဖီးလစ္ပီဗီအဲရာမွာေငြေၾကးခဝါခ်မႈ၊လိမ္လည္မႈ၊အတုျပဳလုပ္မႈမ်ားေၾကာင့္ဖမ္းဆီးခံခဲ့ရၿပီးရာထူးမွထြက္ခဲ့ရပါတယ္။

ဒါ့အျပင္ဘင္ဖီကာဟာ၎တို႔ပိုင္Best for Business ကုမၸဏီမွတဆင့္ဒိုင္လူႀကီးေဟာင္းဘ႐ူႏိုပိုင္ေရွာင္ကိုယူ႐ို၁.၉သန္းေပးခဲ့ေၾကာင္းလည္းစြပ္စြဲျခင္းခံထားရပါေသးတယ္။ယင္းအမႈကိုဘင္ဖီကာဘက္ကလူသိရွင္ၾကားျငင္းဆိုထားပါတယ္။