ဘူအန်ဒီယာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဗီလာသဘောတူညီမှုရရှိ

ဗီလာဟာအာဆင်နယ်အားကျော်ဖြတ်ကာနော့ဝှစ်ချ်မှအီမီဘူအမ်ဒီယာအားကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၃၈သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။

ဗီလာဟာအာဂျင်တီးနားတောင်ပံကစားသမားအတွက်ပေါင်၃၃သန်းကိုချက်ချင်းပေးရမှာဖြစ်ပြီးကျန်ပေါင်၅သန်းအားအောင်မြင်မှုအပေါ်မူတည်ကာပေးရပါမယ်။

နော့ဝှစ်ချ်ဟာအစောပိုင်းတုန်းကဘူအန်ဒီယာအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၄၀တောင်းဆိုခဲ့ပြီးအာဆင်နယ်နှင့်ဗီလာတို့ရဲ့ပေါင်သန်း၃၀ဖြင့်ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာဘူအန်ဒီယာအတွက်ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်းမရှိဘဲဗီလာကပေါင်၃၃သန်းအထိတိုးမြှင့်ပေးလာမှုနဲ့အတူခေါ်ယူနိုင်ရေးနီးစပ်လာခဲ့တာပါ။မီဒီယာများရဲ့ဖော်ပြချက်အရဘူအန်ဒီယာဟာမွေးရပ်မြေအာဂျင်တီးနားတွင်ဆေးစစ်ဆေးမှုခံယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိဘူအန်ဒီယာဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းကဂီတာဖေးမှပြောင်းရွှေ့ကြေးပေါင်၁.၅သန်းဖြင့်နော့ဝှစ်ချ်သို့ရောက်လာသူဖြစ်ပါတယ်။

သူဟာနော့ဝှစ်ချ်အတွက်၁၅ဂိုးသွင်းယူကာချန်ပီယံရှစ်ချန်ပီယံဖြစ်အောင်ကူညီခဲ့ပြီးချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဗီလာဟာဘူအန်ဒီအာအပြင်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားအိုဒီဂတ်ကိုလည်းအငှားဖြင့်ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ZawGyi


ဗီလာဟာအာဆင်နယ်အားကျော်ဖြတ်ကာနော့ဝှစ်ခ်ျမှအီမီဘူအမ်ဒီယာအားကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၃၈သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။


နော့ဝှစ်ခ်ျဟာအစောပိုင်းတုန်းကဘူအန်ဒီယာအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၄၀တောင်းဆိုခဲ့ပြီးအာဆင်နယ်နှင့်ဗီလာတို့ရဲ့ပေါင်သန်း၃၀ဖြင့်ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးလည်းဖြစ်ပါတယ်။


အသက်၂၄နှစ်ရှိဘူအန်ဒီယာဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းကဂီတာဖေးမှပြောင်းရွှေ့ကြေးပေါင်၁.၅သန်းဖြင့်နော့ဝှစ်ခ်ျသို့ရောက်လာသူဖြစ်ပါတယ်။

သူဟာနော့ဝှစ်ခ်ျအတွက်၁၅ဂိုးသွင်းယူကာချန်ပီယံရှစ်ချန်ပီယံဖြစ်အောင်ကူညီခဲ့ပြီးချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
