
အာဂျင်တီးနားနိုင်ငံသားများဟာဘောလုံးဂန္ထဝင်ဒီယေဂိုမာရာဒိုနာရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအင်္ကျီ နိုင်ငံသို့ပြန်ရောက်လာမှုအတွက်အကြီးအကျယ်ပျော်ရွှင်လျက်ရှိကြပါတယ်။
လွန်ခဲ့တဲ့၃၆နှစ်တုန်းကအာဂျင်တီးနားဟာ၁၉၈၆ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီကိုအနိုင်ယူပြီးကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ယင်းပွဲစဉ်ရဲ့ပထမပိုင်းတွင်မာရာဒိုနာဝတ်ဆင်ခဲ့တဲ့အာဂျင်တီးနားအသင်းအင်္ကျီကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ထံသို့လွဲပြောင်းပေးလာတာဖြစ်ပါတယ်။
ဂျာမနီကွင်းလယ်ကစားသမားဟောင်းလိုသာမားသီးယပ်စ်ဟာပထမပိုင်းအပြီးတွင်မာရာဒိုနာနှင့်အင်္ကျီလဲလှယ်ခဲ့တာဖြစ်ပြီး ယင်းအင်္ကျီကိုအာဂျင်တီးနားနိုင်ငံသို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာလည်း ဂျာမနီဂန္ထဝင်ကစားသမားရဲ့လုပ်ဆောင်မှုအပေါ် အလွန်အမင်းကျေးဇူးတင်လျက်ရှိနေပါတယ်။
၁၉၈၆ကမ္ဘာ့ဖလားကွာတားဖိုင်နယ် အင်္ဂလန်နှင့်ပွဲစဉ်တွင်မာရာဒိုနာဝတ်ဆင်ခဲ့တဲ့အင်္ကျီကိုယခုနှစ်အစောပိုင်းတုန်းက အင်္ဂလန်လက်ရွေးစင်အလယ်တန်းကစားသမားဟောင်းစတိဗ်ဟော့ဂီကလေလံတင်ရောင်းချခဲ့ရာ ပေါင်၇.၁သန်းအထိရရှိခဲ့ပါတယ်။
မာရာဒိုနာရဲ့Hand Of God အင်္ကျီမှာပေါင်သန်းပေါင်းများစွာရရှိခဲ့ပေမဲ့ လိုသာမားသီးယပ်စ်ဟာ မာရာဒိုနာအင်္ကျီကိုရောင်းချပြီးငွေရှာရန်လုံးဝမစဉ်းစားဘဲ အာဂျင်တီးနားပြည်သူများနှင့်အတူရှိနေသင့်တယ်လို့ယုံကြည်ကာ လွဲပြောင်းလှူဒါန်းမှုပြုလုပ်လာခဲ့ပါတယ်။
လိုသာမားသီးယပ်စ်ဟာမာရာဒိုနာရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအင်္ကျီကိုဩဂုတ်လတုန်းကမက်ဒရစ်ရဲ့အာဂျင်တီးနားသံရုံးသို့လွဲပြောင်းပေးအပ်ခဲ့ပါတယ်။
ZawGyi
အာဂ်င္တီးနာသို႔ ျပန္ေရာက္လာၿပီျဖစ္တဲ့ မာရာဒိုနာရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲအက်ႌ
အာဂ်င္တီးနားႏိုင္ငံသားမ်ားဟာေဘာလုံးဂႏၴဝင္ဒီေယဂိုမာရာဒိုနာရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲအက်ႌ ႏိုင္ငံသို႔ျပန္ေရာက္လာမႈအတြက္အႀကီးအက်ယ္ေပ်ာ္႐ႊင္လ်က္ရွိၾကပါတယ္။
လြန္ခဲ့တဲ့၃၆ႏွစ္တုန္းကအာဂ်င္တီးနားဟာ၁၉၈၆ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ဂ်ာမနီကိုအႏိုင္ယူၿပီးကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။ယင္းပြဲစဥ္ရဲ႕ပထမပိုင္းတြင္မာရာဒိုနာဝတ္ဆင္ခဲ့တဲ့အာဂ်င္တီးနားအသင္းအက်ႌကို အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ထံသို႔လြဲေျပာင္းေပးလာတာျဖစ္ပါတယ္။
ဂ်ာမနီကြင္းလယ္ကစားသမားေဟာင္းလိုသာမားသီးယပ္စ္ဟာပထမပိုင္းအၿပီးတြင္မာရာဒိုနာႏွင့္အက်ႌလဲလွယ္ခဲ့တာျဖစ္ၿပီး ယင္းအက်ႌကိုအာဂ်င္တီးနားႏိုင္ငံသို႔လႉဒါန္းခဲ့တာျဖစ္ပါတယ္။
အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလည္း ဂ်ာမနီဂႏၴဝင္ကစားသမားရဲ႕လုပ္ေဆာင္မႈအေပၚ အလြန္အမင္းေက်းဇူးတင္လ်က္ရွိေနပါတယ္။
၁၉၈၆ကမာၻ႔ဖလားကြာတားဖိုင္နယ္ အဂၤလန္ႏွင့္ပြဲစဥ္တြင္မာရာဒိုနာဝတ္ဆင္ခဲ့တဲ့အက်ႌကိုယခုႏွစ္အေစာပိုင္းတုန္းက အဂၤလန္လက္ေ႐ြးစင္အလယ္တန္းကစားသမားေဟာင္းစတိဗ္ေဟာ့ဂီကေလလံတင္ေရာင္းခ်ခဲ့ရာ ေပါင္၇.၁သန္းအထိရရွိခဲ့ပါတယ္။
မာရာဒိုနာရဲ႕Hand Of God အက်ႌမွာေပါင္သန္းေပါင္းမ်ားစြာရရွိခဲ့ေပမဲ့ လိုသာမားသီးယပ္စ္ဟာ မာရာဒိုနာအက်ႌကိုေရာင္းခ်ၿပီးေငြရွာရန္လုံးဝမစဥ္းစားဘဲ အာဂ်င္တီးနားျပည္သူမ်ားႏွင့္အတူရွိေနသင့္တယ္လို႔ယုံၾကည္ကာ လြဲေျပာင္းလႉဒါန္းမႈျပဳလုပ္လာခဲ့ပါတယ္။
လိုသာမားသီးယပ္စ္ဟာမာရာဒိုနာရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲအက်ႌကိုဩဂုတ္လတုန္းကမက္ဒရစ္ရဲ႕အာဂ်င္တီးနားသံ႐ုံးသို႔လြဲေျပာင္းေပးအပ္ခဲ့ပါတယ္။