အာဂျင်တီးနားကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပေမဲ့ ဒေါ်လာ ၁သန်းရှုံးနိမ့်ခဲ့တဲ့ ကနေဒါရက်ပါ Drake

Drake ဟာအာဂျင်တီးနားအသင်းကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပေမဲ့လည်း ဒေါ်လာ၁သန်းရှုံးနိမ့်သွားခဲ့ပါတယ်။

Drake ဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့လောင်းကြေးထပ်ထားခဲ့တာပါ။ရှုပ်သွားသလား။အာဂျင်တီးနားလည်း၂၀၂၂ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားတယ်လေ။

ရှင်းပါမယ်။ကနေဒါရက်ပါဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားဗိုလ်လုပွဲမှာပြင်သစ်ကိုပုံမှန်ပွဲချိန်၉၀အတွင်းအနိုင်ရမယ်ဆိုပြီးလောင်းကြေးထပ်ထားတာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားဟာအချိန်ပိုတွင်ပြင်သစ်ကို၃-၂ဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းအချိန်ပို၁၁၈မိနစ်တွင်ဘက်ပေးကပင်နယ်တီကနေချေပဂိုးသွင်းယူခဲ့လို့ သုံးဂိုးစီသရေကျခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့အာဂျင်တီးနားဟာပြင်သစ်ကို၄-၂ဖြင့်အနိုင်ရရှိကာတတိယမြောက်ကမ္ဘာ့ဖလားဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ကံဆိုးတာကတော့ Drake ဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့ခန့်မှန်းမှုမှန်သွားပေမဲ့လည်းလောင်းကြေးကတော့ရှုံးနိမ့်သွားပါတယ်။

ကနေဒါရက်ပါဟာအားကစားပွဲတော်ကြီးများကိုလောင်းကြေးထပ်လေ့ရှိသူဖြစ်ပြီးသူ့ခန့်မှန်းတိုင်းမှားသူအဖြစ်နာမည်ကြီးသူဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်လည်းအာဂျင်တီးနားချန်ပီယံဖြစ်မယ်လို့ခန့်မှန်းမှုကြောင့်သူ့ကျိန်စာမိမှာ အာဂျင်တီးနားပရိသတ်တွေစိုးရိမ်ခဲ့ကြရပါသေးတတယ်။ဘာပဲဖြစ်ဖြစ်ဒီတစ်ခါတော့ Drake ရဲ့ကျိန်စာပျက်သွားခဲ့ပါတယ်။

ZawGyi

အာဂ်င္တီးနားကမာၻ႔ဖလားခ်န္ပီယံျဖစ္သြားေပမဲ့ ေဒၚလာ ၁သန္းရႈံးနိမ့္ခဲ့တဲ့ ကေနဒါရက္ပါ Drake

Drake ဟာအာဂ်င္တီးနားအသင္းကမာၻ႔ဖလားခ်န္ပီယံျဖစ္သြားခဲ့ေပမဲ့လည္း ေဒၚလာ၁သန္းရႈံးနိမ့္သြားခဲ့ပါတယ္။

Drake ဟာအာဂ်င္တီးနားကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔ေလာင္းေၾကးထပ္ထားခဲ့တာပါ။ရႈပ္သြားသလား။အာဂ်င္တီးနားလည္း၂၀၂၂ကမာၻ႔ဖလားခ်န္ပီယံျဖစ္သြားတယ္ေလ။

ရွင္းပါမယ္။ကေနဒါရက္ပါဟာအာဂ်င္တီးနားကိုကမာၻ႔ဖလားဗိုလ္လုပြဲမွာျပင္သစ္ကိုပုံမွန္ပြဲခ်ိန္၉၀အတြင္းအႏိုင္ရမယ္ဆိုၿပီးေလာင္းေၾကးထပ္ထားတာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားဟာအခ်ိန္ပိုတြင္ျပင္သစ္ကို၃-၂ျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းအခ်ိန္ပို၁၁၈မိနစ္တြင္ဘက္ေပးကပင္နယ္တီကေနေခ်ပဂိုးသြင္းယူခဲ့လို႔ သုံးဂိုးစီသေရက်ခဲ့ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာေတာ့အာဂ်င္တီးနားဟာျပင္သစ္ကို၄-၂ျဖင့္အႏိုင္ရရွိကာတတိယေျမာက္ကမာၻ႔ဖလားဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ကံဆိုးတာကေတာ့ Drake ဟာအာဂ်င္တီးနားကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔ခန႔္မွန္းမႈမွန္သြားေပမဲ့လည္းေလာင္းေၾကးကေတာ့ရႈံးနိမ့္သြားပါတယ္။

ကေနဒါရက္ပါဟာအားကစားပြဲေတာ္ႀကီးမ်ားကိုေလာင္းေၾကးထပ္ေလ့ရွိသူျဖစ္ၿပီးသူ႔ခန႔္မွန္းတိုင္းမွားသူအျဖစ္နာမည္ႀကီးသူျဖစ္ပါတယ္။သူဟာကမာၻ႔ဖလားဗိုလ္လုပြဲတြင္လည္းအာဂ်င္တီးနားခ်န္ပီယံျဖစ္မယ္လို႔ခန႔္မွန္းမႈေၾကာင့္သူ႔က်ိန္စာမိမွာ အာဂ်င္တီးနားပရိသတ္ေတြစိုးရိမ္ခဲ့ၾကရပါေသးတတယ္။ဘာပဲျဖစ္ျဖစ္ဒီတစ္ခါေတာ့ Drake ရဲ႕က်ိန္စာပ်က္သြားခဲ့ပါတယ္။