
လီယွန်နယ်မက်ဆီရဲ့ဆရာဝန်ဒီယေဂိုရှဝါဇာစတိန်းကအာဂျင်တီးနားအသင်းကိုကာတာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုပွဲသုံးပွဲလုံးရှုံးစေလိုကြောင်းပြောကြားလာပါတယ်။
ရှဝါဇာစတိန်းဟာမက်ဆီရဲ့ကစားသမားဘဝတွင်အလွန်အရေးပါခဲ့သူဖြစ်ပါတယ်။မက်ဆီဟာကြီးထွားဟိုမုန်းချို့တဲ့ခြင်းဝေဒနာခံစားရတုန်းကဒေါက်တာရှဝါဇာစတိန်းထံတွင်ဆေးကုသမှုခံယူခဲ့ရပါတယ်။မက်ဆီဟာဆေးကုသမှုခံယူပြီးလေးနှစ်အကြာတွင်ဘာစီလိုနာရဲ့စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။
မက်ဆီဟာဘာစီလိုနာတွင်ကစားရန်စပိန်သို့မထွက်ခွာမီရှဝါဇာစတိန်းကို နီဝဲလ်အိုးဘွိုင်းအင်္ကျီတစ်ထည်လက်ဆောင်ပေးခဲ့ပါတယ်။ယင်းအင်္ကျီတွင် “ဒီယေဂိုအတွက်အချစ်များစွာဖြင့်လီယိုမက်ဆီ”ဆိုပြီးရေးသားထားပါတယ်။
မက်ဆီဟာဘာစီလိုနာတွင်ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပေမဲ့ရှဝါဇာစတိန်းရဲ့ကျေးဇူးကိုမမေ့သေးပါဘူး။
ပီအက်စ်ဂျီတွင်ကစားနေတဲ့မက်ဆီဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းကရှဝါဇာစတိန်းရဲ့သားကိုဘာစီလိုနာအဝတ်အစားလဲခန်းသို့ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ရှဝါဇာစတိန်းဟာကျင်းပနေတဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အာဂျင်တီးနားကိုအောင်မြင်မှုမရရှိစေလိုပါဘူး။
ဘာကြောင့် အာဂျင်တီးနားကိုကမ္ဘာ့ဖလားမှာအုပ်စုပွဲသုံးပွဲလုံးရှုံးနိမ့်ကာထွက်ခွာစေချင်ရသလဲဆိုတာနဲ့ပတ်သက်ပြီး The Times နှင့်အင်တာဗျူးတွင်ဒေါက်တာရှဝါဇာစတိန်းက “ဘောလုံးပရိသတ်တစ်ဦးအနေနဲ့အာဂျင်တီးနားကိုချန်ပီယံဖြစ်စေချင်တာပေါ့ဗျာ။ဒါပေမဲ့အာဂျင်တီးနားနိုင်ငံသား၊လူသားတစ်ဦးအနေနဲ့တော့အုပ်စုပွဲသုံးပွဲလုံးရှုံးပြီးအုပ်စုအဆင့်ကပဲထွက်စေချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီညစ်ပတ်တဲ့လူထုအစိုးရဟာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုကိုအကာအကွယ်အဖြစ်အသုံးချလာမှာဖြစ်လို့ပါ။အသင်းပွဲကစားတဲ့နေ့ကျရင်သူတို့ဟာဘယ်သူမှလည်းဂရုမစိုက်တော့ငွေကြေးအတက်အကျကိုကြေညာလာနိုင်တယ်”လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးရှဝါဇာစတိန်းက “ကျွန်တော်ဟာဒီနိုင်ငံမှာပြဿနာပေါင်းများစွာကိုကျော်ဖြတ်ပြီးရှင်သန်ခဲ့တယ်။ဒါပေမဲ့အခုကြုံနေရတာကအဆိုးဆုံးပါ။အာဂျင်တီးနားအစိုးရပြောဆိုမှုအရအာဂျင်တီးနားတစ်ဦးကိုတစ်လအာဂျင်တီးနားပီဆို၁၂၀၀၀၀(ပေါင်၆၃၆)ရရင်မဆင်းရဲဘူးလို့ဆိုတယ်။ဒါပေမဲ့လူတွေရဲ့တစ်လဝင်ငွေပီဆို၆၀၀၀၀ဘဲရှိတယ်။ဆင်းရဲနေကြတယ်”လို့ပြောကြားသွားပါတယ်။
အာဂျင်တီးနားဟာခေါင်းဆောင်အယ်ဘတ်တာဖာနန်ဒက်ဇ်လက်အောက်တွင်အကြီးမားဆုံးငွေကြေးအကြပ်ဆိုက်မှုဖြစ်နေပါတယ်။ဘဏ်များဟာလည်းငွေမရှိတော့ပါဘူး။
အာဂျင်တီးနားဟာဆော်ဒီ၊ပိုလန်၊မက္ကဆီကိုတို့နှင့်ကမ္ဘာ့ဖလားတွင်တစ်အုပ်စုတည်းကျနေပါတယ်။၎င်းတို့ဟာယနေ့တွင်ဆော်ဒီနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရပါမယ်။
ZawGyi
အာဂ်င္တီးနားကို ကမာၻ႔ဖလားအုပ္စုပြဲတိုင္း ရႈံးေစလိုေနတဲ့ မက္ဆီရဲ႕ဆရာဝန္
လီယြန္နယ္မက္ဆီရဲ႕ဆရာဝန္ဒီေယဂိုရွဝါဇာစတိန္းကအာဂ်င္တီးနားအသင္းကိုကာတာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုပြဲသုံးပြဲလုံးရႈံးေစလိုေၾကာင္းေျပာၾကားလာပါတယ္။
ရွဝါဇာစတိန္းဟာမက္ဆီရဲ႕ကစားသမားဘဝတြင္အလြန္အေရးပါခဲ့သူျဖစ္ပါတယ္။မက္ဆီဟာႀကီးထြားဟိုမုန္းခ်ိဳ႕တဲ့ျခင္းေဝဒနာခံစားရတုန္းကေဒါက္တာရွဝါဇာစတိန္းထံတြင္ေဆးကုသမႈခံယူခဲ့ရပါတယ္။မက္ဆီဟာေဆးကုသမႈခံယူၿပီးေလးႏွစ္အၾကာတြင္ဘာစီလိုနာရဲ႕စာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရပါတယ္။
မက္ဆီဟာဘာစီလိုနာတြင္ကစားရန္စပိန္သို႔မထြက္ခြာမီရွဝါဇာစတိန္းကို နီဝဲလ္အိုးဘြိဳင္းအက်ႌတစ္ထည္လက္ေဆာင္ေပးခဲ့ပါတယ္။ယင္းအက်ႌတြင္ “ဒီေယဂိုအတြက္အခ်စ္မ်ားစြာျဖင့္လီယိုမက္ဆီ”ဆိုၿပီးေရးသားထားပါတယ္။
မက္ဆီဟာဘာစီလိုနာတြင္ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္လာခဲ့ေပမဲ့ရွဝါဇာစတိန္းရဲ႕ေက်းဇူးကိုမေမ့ေသးပါဘူး။
ပီအက္စ္ဂ်ီတြင္ကစားေနတဲ့မက္ဆီဟာလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းကရွဝါဇာစတိန္းရဲ႕သားကိုဘာစီလိုနာအဝတ္အစားလဲခန္းသို႔ဖိတ္ေခၚခဲ့ပါတယ္။
ဒါေပမဲ့ရွဝါဇာစတိန္းဟာက်င္းပေနတဲ့ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့အာဂ်င္တီးနားကိုေအာင္ျမင္မႈမရရွိေစလိုပါဘူး။
ဘာေၾကာင့္ အာဂ်င္တီးနားကိုကမာၻ႔ဖလားမွာအုပ္စုပြဲသုံးပြဲလုံးရႈံးနိမ့္ကာထြက္ခြာေစခ်င္ရသလဲဆိုတာနဲ႔ပတ္သက္ၿပီး The Times ႏွင့္အင္တာဗ်ဴးတြင္ေဒါက္တာရွဝါဇာစတိန္းက “ေဘာလုံးပရိသတ္တစ္ဦးအေနနဲ႔အာဂ်င္တီးနားကိုခ်န္ပီယံျဖစ္ေစခ်င္တာေပါ့ဗ်ာ။ဒါေပမဲ့အာဂ်င္တီးနားႏိုင္ငံသား၊လူသားတစ္ဦးအေနနဲ႔ေတာ့အုပ္စုပြဲသုံးပြဲလုံးရႈံးၿပီးအုပ္စုအဆင့္ကပဲထြက္ေစခ်င္တယ္။ဘာေၾကာင့္လဲဆိုေတာ့ဒီညစ္ပတ္တဲ့လူထုအစိုးရဟာအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေအာင္ျမင္မႈကိုအကာအကြယ္အျဖစ္အသုံးခ်လာမွာျဖစ္လို႔ပါ။အသင္းပြဲကစားတဲ့ေန႔က်ရင္သူတို႔ဟာဘယ္သူမွလည္းဂ႐ုမစိုက္ေတာ့ေငြေၾကးအတက္အက်ကိုေၾကညာလာႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။
ဆက္လက္ၿပီးရွဝါဇာစတိန္းက “ကြၽန္ေတာ္ဟာဒီႏိုင္ငံမွာျပႆနာေပါင္းမ်ားစြာကိုေက်ာ္ျဖတ္ၿပီးရွင္သန္ခဲ့တယ္။ဒါေပမဲ့အခုႀကဳံေနရတာကအဆိုးဆုံးပါ။အာဂ်င္တီးနားအစိုးရေျပာဆိုမႈအရအာဂ်င္တီးနားတစ္ဦးကိုတစ္လအာဂ်င္တီးနားပီဆို၁၂၀၀၀၀(ေပါင္၆၃၆)ရရင္မဆင္းရဲဘူးလို႔ဆိုတယ္။ဒါေပမဲ့လူေတြရဲ႕တစ္လဝင္ေငြပီဆို၆၀၀၀၀ဘဲရွိတယ္။ဆင္းရဲေနၾကတယ္”လို႔ေျပာၾကားသြားပါတယ္။
အာဂ်င္တီးနားဟာေခါင္းေဆာင္အယ္ဘတ္တာဖာနန္ဒက္ဇ္လက္ေအာက္တြင္အႀကီးမားဆုံးေငြေၾကးအၾကပ္ဆိုက္မႈျဖစ္ေနပါတယ္။ဘဏ္မ်ားဟာလည္းေငြမရွိေတာ့ပါဘူး။
အာဂ်င္တီးနားဟာေဆာ္ဒီ၊ပိုလန္၊မကၠဆီကိုတို႔ႏွင့္ကမာၻ႔ဖလားတြင္တစ္အုပ္စုတည္းက်ေနပါတယ္။၎တို႔ဟာယေန႔တြင္ေဆာ္ဒီႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားရပါမယ္။