အာဂျင်တီးနားကို သမိုင်းဝင်နိုင်ပွဲ ရရှိပြီးနောက် တံခါးရွက်ကို အားဖြင့်ပြုတ်ပြီးအောင်ပွဲခံခဲ့ အောင်ပွဲခံခဲ့တဲ့ ဆော်ဒီပရိသတ်

ဆော်ဒီပရိသတ်တစ်ဦးဟာမနေ့ညတုန်းကဆော်ဒီကအာဂျင်တီးနားကိုကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်သမိုင်းဝင်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် နေအိမ်တံခါးကိုဖြုတ်ကာအောင်ပွဲခံခဲ့ပါတယ်။

ဆော်ဒီဟာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အကြီးကျယ်ဆုံးတုန်လှုပ်စရာရလဒ်အဖြစ်လီယွန်နယ်မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီကပွဲအစ၁၀မိနစ်တွင်ပင်နယ်တီမှတဆင့်ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့အယ်ရှီရီနှင့်အယ်ဒေါ်ဆာရီတို့ကဒုတိယပိုင်းတွင်ဂိုးသွင်းယူမှုကြောင့်ဆော်ဒီတို့၂-၁ဖြင့်အနိုင်ရရှိခဲပါတယ်။

ယင်းပွဲကိုပရိသတ်အုပ်စုတစ်စုတို့အားနေအိမ်မှာပင်ကြည့်ရှုခဲ့ကြပါတယ်။အယ်ဒေါ်ဆာရီကဆော်ဒီအတွက်အနိုင်ဂိုးသွင်းယူလိုက်ပြီးနောက်ယင်းပရိသတ်တွေထဲကတစ်ဦးဟာအရူးအမူးဖြစ်သွားခဲ့ပြီးအိမ်ရဲ့အဓိကဝင်ပေါက်တံခါးမှတံခါးရွက်တစ်ခုကိုအားသုံးဖြုတ်ပစ်တဲ့အထိအောင်ပွဲခံခဲ့ပါတယ်။

ဆော်ဒီဘုရင်ဆယ်လ်မန်ဟာအာဂျင်တီးနားနိုင်ပွဲကိုအောင်ပွဲခံနိုင်ရန်အတွက်ယနေ့ဗုဒ္ဓဟူးနေ့အားအများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ZawGyi

အာဂ်င္တီးနားကို သမိုင္းဝင္ႏိုင္ပြဲ ရရွိၿပီးေနာက္ တံခါး႐ြက္ကို အားျဖင့္ျပဳတ္ၿပီးေအာင္ပြဲခံခဲ့ ေအာင္ပြဲခံခဲ့တဲ့ ေဆာ္ဒီပရိသတ္

ေဆာ္ဒီပရိသတ္တစ္ဦးဟာမေန႔ညတုန္းကေဆာ္ဒီကအာဂ်င္တီးနားကိုကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္သမိုင္းဝင္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ ေနအိမ္တံခါးကိုျဖဳတ္ကာေအာင္ပြဲခံခဲ့ပါတယ္။

ေဆာ္ဒီဟာကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္အႀကီးက်ယ္ဆုံးတုန္လႈပ္စရာရလဒ္အျဖစ္လီယြန္နယ္မက္ဆီဦးေဆာင္တဲ့အာဂ်င္တီးနားကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

မက္ဆီကပြဲအစ၁၀မိနစ္တြင္ပင္နယ္တီမွတဆင့္ဦးေဆာင္ဂိုးသြင္းခဲ့ေပမဲ့အယ္ရွီရီႏွင့္အယ္ေဒၚဆာရီတို႔ကဒုတိယပိုင္းတြင္ဂိုးသြင္းယူမႈေၾကာင့္ေဆာ္ဒီတို႔၂-၁ျဖင့္အႏိုင္ရရွိခဲပါတယ္။

ယင္းပြဲကိုပရိသတ္အုပ္စုတစ္စုတို႔အားေနအိမ္မွာပင္ၾကည့္ရႈခဲ့ၾကပါတယ္။အယ္ေဒၚဆာရီကေဆာ္ဒီအတြက္အႏိုင္ဂိုးသြင္းယူလိုက္ၿပီးေနာက္ယင္းပရိသတ္ေတြထဲကတစ္ဦးဟာအ႐ူးအမူးျဖစ္သြားခဲ့ၿပီးအိမ္ရဲ႕အဓိကဝင္ေပါက္တံခါးမွတံခါး႐ြက္တစ္ခုကိုအားသုံးျဖဳတ္ပစ္တဲ့အထိေအာင္ပြဲခံခဲ့ပါတယ္။

ေဆာ္ဒီဘုရင္ဆယ္လ္မန္ဟာအာဂ်င္တီးနားႏိုင္ပြဲကိုေအာင္ပြဲခံႏိုင္ရန္အတြက္ယေန႔ဗုဒၶဟူးေန႔အားအမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။