အာဂျင်တီးနားကြောင့် ဒေါ်လာ ၁၆၀၀၀၀ အရှုံးပေါ်သွားတဲ့ ဘောလုံးပရိသတ်

အာဂျင်တီးနားကဆော်ဒီကို၂-၁ဂိုးဖြင့်တုန်လှုပ်ဖွယ်ရှုံးနိမ့်မှုနှင့်အတူဘောလုံးပရိသတ်တစ်ဦးဟာလည်းလောင်းကြေးရှုံးကာဒေါ်လာ၁၆၀၀၀၀အထိအရှုံးပေါ်လာခဲ့ပါတယ်။

အင်္ဂါနေ့ညနေခင်းတုန်းက Lusail Stadium တွင်ကမ္ဘာ့ဖလား၂ကြိမ်ချန်ပီယံအာဂျင်တီးနားဟာမက်ဆီရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းဆော်ဒီကိုမထင်မှတ်ဘဲ၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဟာဗီရီနတ်ရဲ့ဆော်ဒီဟာဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့အတူ လီယွန်နယ်မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားကိုအနိုင်ယူခဲ့တာဖြစ်ပါတယ်။

ယင်းရှုံးပွဲကြောင့်စကာလိုနီရဲ့အာဂျင်တီးနားဟာ၃၆ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းအဆုံးသတ်သွားခဲ့ပါတယ်။

ကံဆိုးတဲ့ဘောလုံးပရိသတ်တစ်ဦးဟာအာဂျင်တီးနားရဲ့အရှက်တကွဲရှုံးနိမ့်မှုထက်ပိုမိုနာကျင်မှုကြုံခဲ့ရပါတယ်။

ဩစတြေးလျမှဘောလုံးပရိသတ်တစ်ဦးဟာအာဂျင်တီးနားကဆော်ဒီကိုအနိုင်ရမယ်ဆိုပြီးဒေါ်လာ၁၆၀၀၀၀ လောင်းကြေးထပ်ခဲ့ပါတယ်။တကယ်လို့များအာဂျင်တီးနားကဆော်ဒီကိုအနိုင်ရခဲ့မယ်ဆိုရင်ယင်းပရိသတ်ဟာလောင်းကြေးပေါင်၁၈၀၈၀၀ပဲပြန်ရရှိမှာဖြစ်လို့ဒေါ်လာ၂၀၀၀၀တည်းသာအနိုင်ရရှိပါမယ်။

အာဂျင်တီးနားဟာပထမပိုင်းတွင်ဆော်ဒီရဲ့လူကျွံထောင်ချောက်ဖမ်းကစားမှုကြောင့်၃ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်းVAR ကငြင်းပယ်ခဲ့ပါတယ်။

အာဂျင်တီးနားဟာလာမယ့်စနေနေ့မှာကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

အာဂ်င္တီးနားေၾကာင့္ ေဒၚလာ ၁၆၀၀၀၀ အရႈံးေပၚသြားတဲ့ ေဘာလုံးပရိသတ္

အာဂ်င္တီးနားကေဆာ္ဒီကို၂-၁ဂိုးျဖင့္တုန္လႈပ္ဖြယ္ရႈံးနိမ့္မႈႏွင့္အတူေဘာလုံးပရိသတ္တစ္ဦးဟာလည္းေလာင္းေၾကးရႈံးကာေဒၚလာ၁၆၀၀၀၀အထိအရႈံးေပၚလာခဲ့ပါတယ္။

အဂၤါေန႔ညေနခင္းတုန္းက Lusail Stadium တြင္ကမာၻ႔ဖလား၂ႀကိမ္ခ်န္ပီယံအာဂ်င္တီးနားဟာမက္ဆီရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းေဆာ္ဒီကိုမထင္မွတ္ဘဲ၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဟာဗီရီနတ္ရဲ႕ေဆာ္ဒီဟာဒုတိယပိုင္းသြင္းဂိုးႏွစ္ဂိုးနဲ႔အတူ လီယြန္နယ္မက္ဆီဦးေဆာင္တဲ့အာဂ်င္တီးနားကိုအႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ယင္းရႈံးပြဲေၾကာင့္စကာလိုနီရဲ႕အာဂ်င္တီးနားဟာ၃၆ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းအဆုံးသတ္သြားခဲ့ပါတယ္။

ကံဆိုးတဲ့ေဘာလုံးပရိသတ္တစ္ဦးဟာအာဂ်င္တီးနားရဲ႕အရွက္တကြဲရႈံးနိမ့္မႈထက္ပိုမိုနာက်င္မႈႀကဳံခဲ့ရပါတယ္။

ဩစေၾတးလ်မွေဘာလုံးပရိသတ္တစ္ဦးဟာအာဂ်င္တီးနားကေဆာ္ဒီကိုအႏိုင္ရမယ္ဆိုၿပီးေဒၚလာ၁၆၀၀၀၀ေလာင္းေၾကးထပ္ခဲ့ပါတယ္။တကယ္လို႔မ်ားအာဂ်င္တီးနားကေဆာ္ဒီကိုအႏိုင္ရခဲ့မယ္ဆိုရင္ယင္းပရိသတ္ဟာေလာင္းေၾကးေပါင္၁၈၀၈၀၀ပဲျပန္ရရွိမွာျဖစ္လို႔ေဒၚလာ၂၀၀၀၀တည္းသာအႏိုင္ရရွိပါမယ္။

အာဂ်င္တီးနားဟာပထမပိုင္းတြင္ေဆာ္ဒီရဲ႕လူကြၽံေထာင္ေခ်ာက္ဖမ္းကစားမႈေၾကာင့္၃ဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္းVAR ကျငင္းပယ္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာလာမယ့္စေနေန႔မွာကမာၻ႔ဖလားအုပ္စုဒုတိယပြဲစဥ္အျဖစ္ မကၠဆီကိုႏွင့္ရင္ဆိုင္ကစားရပါမယ္။