အာဂျင်တီးနားစတားများဖြစ်တဲ့ ရိုမဲရိုးနှင့်လိုစယ်ဆိုတို့ကို စပါးစ် ဒဏ်ရိုက်သွားမည်

စပါးစ်ဟာတောင်အမေရိကသို့သွားရောက်ကာကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက်ကစားခဲ့တဲ့ကစားသမားသုံးဦးတို့အားဒဏ်ရိုက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာဗြိတိန်ရဲ့ကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများသို့ကစားသမားများအားကမ္ဘာ့ဖလားခြေစစ်ပွဲသွားမကစားရန်သဘောတူညီမှုရရှိခဲ့ပါတယ်။ကလပ်များဟာကိုဗစ်ကန့်သတ်ချက်အနီအဆင့်ရှိကစားသမားများမှာ ပြန်ရောက်လာချိန်တွင်၁၀ရက်ကွာရန်တင်းဝင်ရမှာဖြစ်လို့ယင်းသို့ပိတ်ပင်ခဲ့တာပါ။

ယင်းဆုံးဖြတ်ချက်ကြောင့်ဘရာဇီးဟာကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်ပရီးမီးယားလိဂ် ရောက်အဓိကကစားသမားကိုးဦးတို့အားအသုံးပြုနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်းတစ်ချို့ကစားသမားများဟာအသင်းရဲ့ပိတ်ပင်မှုကိုဆန့်ပြီးခြေစစ်ပွဲသွားကစားခဲ့ကြပါတယ်။စပါးစ်အသင်းမှဂျီယိုဗာနီလိုစယ်ဆိုနှင့်ခရစ္စတီယန်ရိုမဲရိုးတို့မှာအာဂျင်တီးနားအတွက်သွားကစားခဲ့သလိုဒါဗင်ဆင်ဆန်းချက်ဇ်မှာလည်းကိုလံဘီယာအတွက်သွားကစားခဲ့ပါတယ်။

စပါးစ်ဟာကလပ်ရဲ့ဆန္ဒကိုဆန့်ကျင်ကာခြေစစ်ပွဲသွားကစားခဲ့တဲ့ကစားသမားများအားဒဏ်ရိုက်သွားပါမယ်။

အာဂျင်တီးနားကစားသမားများဖြစ်တဲ့ရိုမဲရိုးနှင့်လိုစယ်ဆိုတို့မှာလန်ဒန်သို့စောပြီးရောက်ရှိမည်ဖြစ်ပါတယ်။ဒါပေမယ့်၎င်းတို့ဟာပရီးမီးယားလိဂ်ပွဲနှစ်ပွဲနှင့်ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ပွဲတစ်ပွဲလွဲပါမယ်။၎င်းတို့ဟာစက်တင်ဘာလ၁၉ရက်နေ့ချဲလ်ဆီးနှင့်ပွဲတွင်မူပါဝင်လာပါမယ်။

လိုစယ်ဆိုနှင့်ရိုမဲရိုးတို့ဟာဘရာဇီးနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပါဝင်ကစားခဲ့သော်လည်းပွဲအစ၆မိနစ်တွင်ဘရာဇီးရဲနှင့်ကျန်းမာရေးဝန်ထမ်းတို့ကကွင်းအတွင်းသို့ဝင်ရောက်ကာပြည်နှင်ခြင်းခံခဲ့ရပါတယ်။

အာဂျင်တီးနားမှဗီလာကစားသမားများဖြစ်ကြတဲ့မာတီနက်ဇ်နှင့်ဘူအန်ဒီအာတို့မှာကလပ်ရဲ့နိုင်ငံတကာပွဲနှစ်ပွဲကစားခွင့်ရရှိခဲ့ပါတယ်။

ZawGyi

အာဂ်င္တီးနားစတားမ်ားျဖစ္တဲ့ ႐ိုမဲ႐ိုးႏွင့္လိုစယ္ဆိုတို႔ကို စပါးစ္ ဒဏ္႐ိုက္သြားမည္

စပါးစ္ဟာေတာင္အေမရိကသို႔သြားေရာက္ကာကမာၻ႔ဖလားေျခစစ္ပြဲသြားေရာက္ကစားခဲ့တဲ့ကစားသမားသုံးဦးတို႔အားဒဏ္႐ိုက္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာၿဗိတိန္ရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားသို႔ကစားသမားမ်ားအားကမာၻ႔ဖလားေျခစစ္ပြဲသြားမကစားရန္သေဘာတူညီမႈရရွိခဲ့ပါတယ္။ကလပ္မ်ားဟာကိုဗစ္ကန႔္သတ္ခ်က္အနီအဆင့္ရွိကစားသမားမ်ားမွာ ျပန္ေရာက္လာခ်ိန္တြင္၁၀ရက္ကြာရန္တင္းဝင္ရမွာျဖစ္လို႔ယင္းသို႔ပိတ္ပင္ခဲ့တာပါ။

ယင္းဆုံးျဖတ္ခ်က္ေၾကာင့္ဘရာဇီးဟာကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္ပရီးမီးယားလိဂ္ ေရာက္အဓိကကစားသမားကိုးဦးတို႔အားအသုံးျပဳႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္လည္းတစ္ခ်ိဳ႕ကစားသမားမ်ားဟာအသင္းရဲ႕ပိတ္ပင္မႈကိုဆန႔္ၿပီးေျခစစ္ပြဲသြားကစားခဲ့ၾကပါတယ္။စပါးစ္အသင္းမွဂ်ီယိုဗာနီလိုစယ္ဆိုႏွင့္ခရစၥတီယန္႐ိုမဲ႐ိုးတို႔မွာအာဂ်င္တီးနားအတြက္သြားကစားခဲ့သလိုဒါဗင္ဆင္ဆန္းခ်က္ဇ္မွာလည္းကိုလံဘီယာအတြက္သြားကစားခဲ့ပါတယ္။

စပါးစ္ဟာကလပ္ရဲ႕ဆႏၵကိုဆန႔္က်င္ကာေျခစစ္ပြဲသြားကစားခဲ့တဲ့ကစားသမားမ်ားအားဒဏ္႐ိုက္သြားပါမယ္။

အာဂ်င္တီးနားကစားသမားမ်ားျဖစ္တဲ့႐ိုမဲ႐ိုးႏွင့္လိုစယ္ဆိုတို႔မွာလန္ဒန္သို႔ေစာၿပီးေရာက္ရွိမည္ျဖစ္ပါတယ္။ဒါေပမယ့္၎တို႔ဟာပရီးမီးယားလိဂ္ပြဲႏွစ္ပြဲႏွင့္ယူအီးအက္ဖ္ေအကြန္ဖရင့္လိဂ္ပြဲတစ္ပြဲလြဲပါမယ္။၎တို႔ဟာစက္တင္ဘာလ၁၉ရက္ေန႔ခ်ဲလ္ဆီးႏွင့္ပြဲတြင္မူပါဝင္လာပါမယ္။

လိုစယ္ဆိုႏွင့္႐ိုမဲ႐ိုးတို႔ဟာဘရာဇီးႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲတြင္ပါဝင္ကစားခဲ့ေသာ္လည္းပြဲအစ၆မိနစ္တြင္ဘရာဇီးရဲႏွင့္က်န္းမာေရးဝန္ထမ္းတို႔ကကြင္းအတြင္းသို႔ဝင္ေရာက္ကာျပည္ႏွင္ျခင္းခံခဲ့ရပါတယ္။

အာဂ်င္တီးနားမွဗီလာကစားသမားမ်ားျဖစ္ၾကတဲ့မာတီနက္ဇ္ႏွင့္ဘူအန္ဒီအာတို႔မွာကလပ္ရဲ႕ႏိုင္ငံတကာပြဲႏွစ္ပြဲကစားခြင့္ရရွိခဲ့ပါတယ္။