အာဂျင်တီးနားတတိယတန်းပွဲစဉ်တွင် ပစ်ခတ်မှုဖြစ်ပြီး နည်းပြကိုထိမှန်သွားခဲ့

အာဂျင်တီးနားတတိယတန်းပွဲစဉ်တစ်ခုတွင်ပွဲကြည့်စင်မှုနည်းပြချုပ်ကိုသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးပုခုံးဒဏ်ရာရရှိခဲ့ကာပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

မန်ဒိုဇာပြည်နယ်တွင်ကစားခဲ့တဲ့ ဟူရာကန်လက်စ်ဟဲရက်စ်နှင့်ဖာရိုဒီဂျင်နရယ်ပီကိုတို့ကစားတဲ့ပွဲတွင်ဖြစ်ပြီးဒုတိယပိုင်းမှာအိမ်ရှင်က၃-၁ဂိုးဖြင့်အနိုင်ရရှိနေချိန်မှာဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားမီဒီယာများရဲ့ဖော်ပြချက်အရဟူရာကန်ပရိသတ်အုပ်စုများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးထိန်းမရသိမ်းမရအနေအထားထိဖြစ်ခဲ့ပါတယ်။

ဖာရိုအသင်းနည်းပြချုပ်မော်ရီစီယိုရိုမဲရိုးဟာပုခုံးတွင်သေနတ်ဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်အနေအထားတွင်မရှိကြောင်းသိရပါတယ်။

ရိုမဲရိုးကိုချက်ချင်းပင်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရပြီးယခုအခါရဲတပ်ဖွဲ့ကအထက်ပါအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ပါတယ်။

ZawGyi

အာဂ်င္တီးနားတတိယတန္းပြဲစဥ္တြင္ ပစ္ခတ္မႈျဖစ္ၿပီး နည္းျပကိုထိမွန္သြားခဲ့

အာဂ်င္တီးနားတတိယတန္းပြဲစဥ္တစ္ခုတြင္ပြဲၾကည့္စင္မႈနည္းျပခ်ဳပ္ကိုေသနတ္ျဖင့္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးပုခုံးဒဏ္ရာရရွိခဲ့ကာပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

မန္ဒိုဇာျပည္နယ္တြင္ကစားခဲ့တဲ့ ဟူရာကန္လက္စ္ဟဲရက္စ္ႏွင့္ဖာ႐ိုဒီဂ်င္နရယ္ပီကိုတို႔ကစားတဲ့ပြဲတြင္ျဖစ္ၿပီးဒုတိယပိုင္းမွာအိမ္ရွင္က၃-၁ဂိုးျဖင့္အႏိုင္ရရွိေနခ်ိန္မွာျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဟူရာကန္ပရိသတ္အုပ္စုမ်ား ခိုက္ရန္ျဖစ္ပြားခဲ့ၿပီးထိန္းမရသိမ္းမရအေနအထားထိျဖစ္ခဲ့ပါတယ္။

ဖာ႐ိုအသင္းနည္းျပခ်ဳပ္ေမာ္ရီစီယို႐ိုမဲ႐ိုးဟာပုခုံးတြင္ေသနတ္ဒဏ္ရာရရွိခဲ့ၿပီးစိုးရိမ္အေနအထားတြင္မရွိေၾကာင္းသိရပါတယ္။

႐ိုမဲ႐ိုးကိုခ်က္ခ်င္းပင္ေဆး႐ုံသို႔အေရးေပၚပို႔ေဆာင္ခဲ့ရၿပီးယခုအခါရဲတပ္ဖြဲ႕ကအထက္ပါအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ပါတယ္။