
ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာတနင်္ဂနွေနေ့တွင်အာဂျင်တီးနားနှင့်ရင်ဆိုင်ကစားရမဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက်ကာရမ်ဘန်ဇီးမားအားခေါ်ယူရေးနှင့်ပတ်သက်ပြီးမေးမြန်းလာမှုအားဖြေကြားရန်ငြင်းဆိုသွားခဲ့ပါတယ်။
လက်ရှိချန်ပီယံပြင်သစ်ဟာဗုဒ္ဓဟူးနေ့ညတုန်းက Al Bayt Stadium တွင်မော်ရိုကိုအား၂-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။
ပြင်သစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းကပေါလ်ပေါ့ဘာ၊အန်ဂိုလိုကန်တီ၊ခရစ္စတိုဖာအန်ကန်ကူနှင့်ကာရမ်ဘန်ဇီးမားတို့ဒဏ်ရာပြဿနာကြောင့်နုတ်ထွက်သွားခဲ့ပေမဲ့လည်း ဗိုလ်လုပွဲသို့တက်ရောက်ထားနိုင်တာဖြစ်ပါတယ်။
ဘန်ဇီးမားဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ပေမဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန်ရက်ပိုင်းမျှအလိုတွင်လေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိကာလွဲချော်ခဲ့ပါတယ်။
ဒါပေမဲ့အသက်၃၄နှစ်ရှိကာရမ်ဘန်ဇီးမားဟာတနင်္ဂနွေနေ့ Lusail Stadium တွင်ပြင်သစ်သာကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါကကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်ရယူလာနိုင်ဖို့ရှိပါတယ်။
ဒီဒီယာဒက်ချမ့်ဟာဒဏ်ရာရရှိသွားတဲ့ကာရမ်ဘန်ဇီးမားနေရာတွင်အစားထိုးကစားသမားခေါ်ယူခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လည်းဘန်ဇီးမားမှာ ပြင်သစ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းဝင်တစ်ဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။
Marca ရဲ့ဖော်ပြချက်အရ ၂၀၂၂ Ballon d’Or ဆုရှင်ဟာပေါင်ကြွက်သားဒဏ်ရာမှကောင်းမွန်ကာရီးရဲလ်မက်ဒရစ်နှင့်အတူလေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်းပြင်သစ်အသင်းကသာဘန်ဇီးမားကိုဗိုလ်လုပွဲအတွက်လွှတ်ပေးရန်အကြောင်းကြားလာပါကကာတာသို့စေလွှတ်ရန်အသင့်ရှိနေပါတယ်။
ဒါပေမဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက်ကာရမ်ဘန်ဇီးမားကိုဆင့်ခေါ်လာမလားလို့မေးမြန်းလာချိန်မှာတော့ဒီဒီယာဒက်ချမ့်ကဖြေကြားရန်ငြင်းဆိုသွားခဲ့ပါတယ်။
ဒီဒီယာဒက်ချမ့်က “ဒီမေးခွန်းကိုကျွန်တော်တကယ်ပဲမဖြေချင်ပါဘူး။နောက်မေးခွန်းတစ်ခုမေးပါ။တောင်းပန်ပါတယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင် ဒီဒီယာဒက်ချမ့်ကကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ရေးအတွက်ဗိုလ်လုပွဲတွင်လီယွန်နယ်မက်ဆီကိုအစွမ်းကုန်တားဆီးသွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။
ZawGyi
အာဂ်င္တီးနားႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲအတြက္ ျပန္ေခၚေရးအေပၚ ေမးျမန္းမႈအား ဒီဒီယာဒက္ခ်မ့္တုံ႔ျပန္လာ
ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာတနဂၤေႏြေန႔တြင္အာဂ်င္တီးနားႏွင့္ရင္ဆိုင္ကစားရမဲ့ကမာၻ႔ဖလားဗိုလ္လုပြဲအတြက္ကာရမ္ဘန္ဇီးမားအားေခၚယူေရးႏွင့္ပတ္သက္ၿပီးေမးျမန္းလာမႈအားေျဖၾကားရန္ျငင္းဆိုသြားခဲ့ပါတယ္။
လက္ရွိခ်န္ပီယံျပင္သစ္ဟာဗုဒၶဟူးေန႔ညတုန္းက Al Bayt Stadium တြင္ေမာ္႐ိုကိုအား၂-၀ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ျပင္သစ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီကတည္းကေပါလ္ေပါ့ဘာ၊အန္ဂိုလိုကန္တီ၊ခရစၥတိုဖာအန္ကန္ကူႏွင့္ကာရမ္ဘန္ဇီးမားတို႔ဒဏ္ရာျပႆနာေၾကာင့္ႏုတ္ထြက္သြားခဲ့ေပမဲ့လည္း ဗိုလ္လုပြဲသို႔တက္ေရာက္ထားႏိုင္တာျဖစ္ပါတယ္။
ဘန္ဇီးမားဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ေပမဲ့လည္း ကမာၻ႔ဖလားၿပိဳင္ပြဲစတင္ရန္ရက္ပိုင္းမွ်အလိုတြင္ေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိကာလြဲေခ်ာ္ခဲ့ပါတယ္။
ဒါေပမဲ့အသက္၃၄ႏွစ္ရွိကာရမ္ဘန္ဇီးမားဟာတနဂၤေႏြေန႔ Lusail Stadium တြင္ျပင္သစ္သာကမာၻ႔ဖလားခ်န္ပီယံျဖစ္လာပါကကမာၻ႔ဖလားခ်န္ပီယံဆုတံဆိပ္ရယူလာႏိုင္ဖို႔ရွိပါတယ္။
ဒီဒီယာဒက္ခ်မ့္ဟာဒဏ္ရာရရွိသြားတဲ့ကာရမ္ဘန္ဇီးမားေနရာတြင္အစားထိုးကစားသမားေခၚယူခဲ့ျခင္းမရွိပါဘူး။ဒါေၾကာင့္လည္းဘန္ဇီးမားမွာ ျပင္သစ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲဝင္လူစာရင္းဝင္တစ္ဦးအျဖစ္ရွိေနဆဲျဖစ္ပါတယ္။
Marca ရဲ႕ေဖာ္ျပခ်က္အရ ၂၀၂၂ Ballon d’Or ဆုရွင္ဟာေပါင္ႂကြက္သားဒဏ္ရာမွေကာင္းမြန္ကာရီးရဲလ္မက္ဒရစ္ႏွင့္အတူေလ့က်င့္ခန္းအျပည့္အဝဆင္းႏိုင္ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ရီးရဲလ္မက္ဒရစ္ကလည္းျပင္သစ္အသင္းကသာဘန္ဇီးမားကိုဗိုလ္လုပြဲအတြက္လႊတ္ေပးရန္အေၾကာင္းၾကားလာပါကကာတာသို႔ေစလႊတ္ရန္အသင့္ရွိေနပါတယ္။
ဒါေပမဲ့ကမာၻ႔ဖလားဗိုလ္လုပြဲအတြက္ကာရမ္ဘန္ဇီးမားကိုဆင့္ေခၚလာမလားလို႔ေမးျမန္းလာခ်ိန္မွာေတာ့ဒီဒီယာဒက္ခ်မ့္ကေျဖၾကားရန္ျငင္းဆိုသြားခဲ့ပါတယ္။
ဒီဒီယာဒက္ခ်မ့္က “ဒီေမးခြန္းကိုကြၽန္ေတာ္တကယ္ပဲမေျဖခ်င္ပါဘူး။ေနာက္ေမးခြန္းတစ္ခုေမးပါ။ေတာင္းပန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ ဒီဒီယာဒက္ခ်မ့္ကကမာၻ႔ဖလားခ်န္ပီယံဘြဲ႕ကိုကာကြယ္ႏိုင္ေရးအတြက္ဗိုလ္လုပြဲတြင္လီယြန္နယ္မက္ဆီကိုအစြမ္းကုန္တားဆီးသြားမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။