အာဂျင်တီးနားနှင့်အတူပထမဆုံးဆုဖလားအဖြစ် ကိုပါအမေရိကဖလားဆွတ်ခူးလိုက်နိုင်ပြီဖြစ်တဲ့ မက်ဆီ

နောက်ဆုံးမှာတော့မက်ဆီဟာကာလရှည်ကြာစောင့်ဆိုင်းလာခဲ့ရတဲ့ပထမဆုံးနိုင်ငံတကာဆုဖလားအားအာဂျင်တီးနားနှင့်အတူဆွတ်ခူးလိုက်နိုင်ပြီဖြစ်ပါတယ်။အာဂျင်တီးနားဟာယနေ့နံနက်ပိုင်းတုန်းကဘရာဇီးကိုအိန်ဂျယ်ဒီမာရီယာရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ဘရာဇီးကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာကစားသမားဘဝတစ်လျှောက်မှာကလပ်အသင်းနှင့်အတူဆုဖလားပေါင်းမြောက်မြားစွာဆွတ်ခူးထားနိုင်ပေမယ့်လည်းအာဂျင်တီးနားနှင့်အတူဆုဖလားတစ်လုံးမျှမရရှိခဲ့ဖူးပါဘူး။သူဟာအာဂျင်တီးနားကိုဗိုလ်လုပွဲ၇ကြိမ်သို့အထိပို့ဆောင်ပေးခဲ့ဖူးပေမယ့်လည်းရှုံးနိမ့်ခဲ့သူပါ။

ယနေ့နံနက်ပိုင်းပွဲစဉ်မှာအာဂျင်တီဂနားဟာရီယိုဒီဂျနဲရိုးလ်ကမာရာကာနာကွင်းမှာဘရာဇီးနှင့်ကိုပါအမေရိကဖလားဗိုလ်လုပွဲကစားခဲ့ရပါတယ်။

ဘရာဇီးနှင့်အာဂျင်တီးနားတို့ရဲ့ပွဲစဉ်ကတောင်အမေရိကဘောလုံးစူပါပါဝါအမြင့်မားဆုံးအသင်းနှစ်သင်းတွေ့တဲ့ပွဲဖြစ်ပေမယ့်လည်းပွဲကဆွဲဆောင်မှုပိုင်းအားနည်းနေခဲ့ပါတယ်။နှစ်သင်းလုံးဟာအပြန်အလှန်လူချကစားနေခဲ့ပြီးပွဲချိန်၂၁မိနစ်အတွင်းမှာပြစ်ဒဏ်ဘော၁၃ကြိမ်အထိဖြစ်ခဲ့ပါတယ်။

ပွဲချိန်၂၂မိနစ်မှာတော့ရိုဒရီဂိုဒီပေါလ်ပေးပို့လိုက်တဲ့အဝေးဘောကနေအိန်ဂျယ်ဒီမာရီယာကဂိုးသမားကိုကျော်ကာအာဂျင်တီးနားအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒါပေမယ့်လည်းပွဲကပွဲကောင်းတစ်ပွဲဖြစ်မလာသေးဘဲပထမပိုင်းမှာနှစ်သင်းလုံးဟာသူတို့ရဲ့အရည်အသွေးအစစ်အမှန်ကိုပြသနိုင်ခြင်းမရှိဘဲလူချကစားမှုနဲ့သာအချိန်ကုန်နေခဲ့ပါတယ်။ပထမပိုင်းမှာပြစ်ဒဏ်ဘော၂၁ကြိမ်အထိဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာဘရာဇီးနည်းပြတီတီဟာဖရက်ကိုထုတ်ပြီးဖာမီနိုကိုထည့်သွင်းကာတိုက်စစ်မြှင့်ခဲ့ပါတယ်။ဖာမီနိုဝင်လာပြီးနောက်ဘရာဇီးကစားဟန်ကောင်းမွန်လာပြီး၅၂မိနစ်မှာရီချက်လီဆင်ဂိုးသွင်းခဲ့ပေမယ့်လူကျွံနေလို့နစ်နာခဲ့ရပါတယ်။

၂မိနစ်အကြာမှာအဲဗာတန်တိုက်စစ်မှူးဟာအခွင့်အရေးကောင်းရခဲ့ပေမယ့်လည်းအာဂျင်တီးနားရဲ့ဗီလာဂိုးသမားမာတီနက်ဇ်ကကာကွယ်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်းနှစ်သင်းလုံးဟာပြစ်ဒဏ်ဘော၊အဝါကတ်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဘရာဇီးနည်းပြဟာလူးကပ်စ်ပါကွီတာနေရာမှာဂါဘရီရယ်ဘာဘိုဆာကိုထည့်သွင်းပြီးအပြောင်းအလဲထပ်လုပ်ပါတယ်။

ပွဲချိန်၈၆မိနစ်မှာဘာဘိုဆာရဲ့ဖရီးကစ်ကန်ချက်ကိုအာဂျင်တီးနားဂိုးသမားထပ်မံကာကွယ်ခဲ့ပါတယ်။တစ်မိနစ်အကြာမှာမက်ဆီဟာဒီပေါလ်ရဲ့ဖန်တီးမှုကနေအနိုင်သေချာစေမယ့်အခွင့်အရေးရခဲ့ပေမယ့်အသုံးမချနိုင်ခဲ့ပါဘူး။

အာဂျင်တီးနားအသင်းဟာ၁၉၉၃ခုနှစ်နောက်ပိုင်းမှာပထမဆုံးဆုဖလားကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနာဟာကမ္ဘာ့ဖလားနှစ်ကြိမ်ဆွတ်ခူးပြီးတဲ့နောက်ပထမဆုံးဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်?

တစ်ဖက်တွင်မက်ဆီဟာလည်းသူ့အတွက်ပထမဆုံးနိုင်ငံတကာဆုဖလားအားဆွတ်ခူးလိုက်နိုင်ပြီဖြစ်ပါတယ်။

ZawGyi

အာဂ်င္တီးနားႏွင့္အတူပထမဆုံးဆုဖလားအျဖစ္ ကိုပါအေမရိကဖလားဆြတ္ခူးလိုက္ႏိုင္ၿပီျဖစ္တဲ့ မက္ဆီ

ေနာက္ဆုံးမွာေတာ့မက္ဆီဟာကာလရွည္ၾကာေစာင့္ဆိုင္းလာခဲ့ရတဲ့ပထမဆုံးႏိုင္ငံတကာဆုဖလားအားအာဂ်င္တီးနားႏွင့္အတူဆြတ္ခူးလိုက္ႏိုင္ၿပီျဖစ္ပါတယ္။အာဂ်င္တီးနားဟာယေန႔နံနက္ပိုင္းတုန္းကဘရာဇီးကိုအိန္ဂ်ယ္ဒီမာရီယာရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္ဘရာဇီးကိုအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာကစားသမားဘဝတစ္ေလွ်ာက္မွာကလပ္အသင္းႏွင့္အတူဆုဖလားေပါင္းေျမာက္ျမားစြာဆြတ္ခူးထားႏိုင္ေပမယ့္လည္းအာဂ်င္တီးနားႏွင့္အတူဆုဖလားတစ္လုံးမွ်မရရွိခဲ့ဖူးပါဘူး။သူဟာအာဂ်င္တီးနားကိုဗိုလ္လုပြဲ၇ႀကိမ္သို႔အထိပို႔ေဆာင္ေပးခဲ့ဖူးေပမယ့္လည္းရႈံးနိမ့္ခဲ့သူပါ။

ယေန႔နံနက္ပိုင္းပြဲစဥ္မွာအာဂ်င္တီဂနားဟာရီယိုဒီဂ်နဲ႐ိုးလ္ကမာရာကာနာကြင္းမွာဘရာဇီးႏွင့္ကိုပါအေမရိကဖလားဗိုလ္လုပြဲကစားခဲ့ရပါတယ္။

ဘရာဇီးႏွင့္အာဂ်င္တီးနားတို႔ရဲ႕ပြဲစဥ္ကေတာင္အေမရိကေဘာလုံးစူပါပါဝါအျမင့္မားဆုံးအသင္းႏွစ္သင္းေတြ႕တဲ့ပြဲျဖစ္ေပမယ့္လည္းပြဲကဆြဲေဆာင္မႈပိုင္းအားနည္းေနခဲ့ပါတယ္။ႏွစ္သင္းလုံးဟာအျပန္အလွန္လူခ်ကစားေနခဲ့ၿပီးပြဲခ်ိန္၂၁မိနစ္အတြင္းမွာျပစ္ဒဏ္ေဘာ၁၃ႀကိမ္အထိျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္၂၂မိနစ္မွာေတာ့႐ိုဒရီဂိုဒီေပါလ္ေပးပို႔လိုက္တဲ့အေဝးေဘာကေနအိန္ဂ်ယ္ဒီမာရီယာကဂိုးသမားကိုေက်ာ္ကာအာဂ်င္တီးနားအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဒါေပမယ့္လည္းပြဲကပြဲေကာင္းတစ္ပြဲျဖစ္မလာေသးဘဲပထမပိုင္းမွာႏွစ္သင္းလုံးဟာသူတို႔ရဲ႕အရည္အေသြးအစစ္အမွန္ကိုျပသႏိုင္ျခင္းမရွိဘဲလူခ်ကစားမႈနဲ႔သာအခ်ိန္ကုန္ေနခဲ့ပါတယ္။ပထမပိုင္းမွာျပစ္ဒဏ္ေဘာ၂၁ႀကိမ္အထိျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာဘရာဇီးနည္းျပတီတီဟာဖရက္ကိုထုတ္ၿပီးဖာမီႏိုကိုထည့္သြင္းကာတိုက္စစ္ျမႇင့္ခဲ့ပါတယ္။ဖာမီႏိုဝင္လာၿပီးေနာက္ဘရာဇီးကစားဟန္ေကာင္းမြန္လာၿပီး၅၂မိနစ္မွာရီခ်က္လီဆင္ဂိုးသြင္းခဲ့ေပမယ့္လူကြၽံေနလို႔နစ္နာခဲ့ရပါတယ္။

၂မိနစ္အၾကာမွာအဲဗာတန္တိုက္စစ္မႉးဟာအခြင့္အေရးေကာင္းရခဲ့ေပမယ့္လည္းအာဂ်င္တီးနားရဲ႕ဗီလာဂိုးသမားမာတီနက္ဇ္ကကာကြယ္သြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္းႏွစ္သင္းလုံးဟာျပစ္ဒဏ္ေဘာ၊အဝါကတ္ေတြနဲ႔ျပည့္ႏွက္ေနခဲ့ပါတယ္။ဘရာဇီးနည္းျပဟာလူးကပ္စ္ပါကြီတာေနရာမွာဂါဘရီရယ္ဘာဘိုဆာကိုထည့္သြင္းၿပီးအေျပာင္းအလဲထပ္လုပ္ပါတယ္။

ပြဲခ်ိန္၈၆မိနစ္မွာဘာဘိုဆာရဲ႕ဖရီးကစ္ကန္ခ်က္ကိုအာဂ်င္တီးနားဂိုးသမားထပ္မံကာကြယ္ခဲ့ပါတယ္။တစ္မိနစ္အၾကာမွာမက္ဆီဟာဒီေပါလ္ရဲ႕ဖန္တီးမႈကေနအႏိုင္ေသခ်ာေစမယ့္အခြင့္အေရးရခဲ့ေပမယ့္အသုံးမခ်ႏိုင္ခဲ့ပါဘူး။

အာဂ်င္တီးနားအသင္းဟာ၁၉၉၃ခုႏွစ္ေနာက္ပိုင္းမွာပထမဆုံးဆုဖလားကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။အာဂ်င္တီးနာဟာကမာၻ႔ဖလားႏွစ္ႀကိမ္ဆြတ္ခူးၿပီးတဲ့ေနာက္ပထမဆုံးဆုဖလားကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္?

တစ္ဖက္တြင္မက္ဆီဟာလည္းသူ႔အတြက္ပထမဆုံးႏိုင္ငံတကာဆုဖလားအားဆြတ္ခူးလိုက္ႏိုင္ၿပီျဖစ္ပါတယ္။