အာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် စိတ်အေးချမ်းမှုရရှိလာကြောင်း မက်ဆီဝန်ခံလာ

လီယွန်နယ်မက်ဆီကနွေရာသီတုန်းကအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားဆွတ်ခူးလိုက်နိုင်ပြီဖြစ်နောက်စိတ်အေးချမ်းသာမှုရရှိလာခဲ့ပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

လီယွန်နယ်မက်ဆီဟာကလပ်အသင်းအဆင့်တွင်ဆုဖလားပေါင်းများစွာဆွတ်ခူးနိုင်ခဲ့သော်လည်းယခုနွေရာသီမတိုင်မီလက်ရွေးစင်အသင်းအဆင့်တွင်ဆုဖလားတစ်လုံးမျှဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။သူဟာအာဂျင်တီးနားကိုနိုင်ငံတကာပြိုင်ပွဲကြီးသုံးခုရဲ့ဗိုလ်လုပွဲသို့ပို့ဆောင်ခဲ့သော်လည်းသုံးကြိမ်ဆက်ရှုံးနိမ့်ခဲ့ပါတယ်။

သူဦးဆောင်တဲ့အာဂျင်တီးနားဟာ၂၀၁၄ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဂျာမနီကို၁-၀ဂိုးဖြင့်လည်းကောင်း၊၂၀၁၅နှင့်၂၁၀၁၆ကိုပါအမေရိကဖလားပြိုင်ပွဲတို့တွင်ချီလီကိုလည်းရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာနွေရာသီတုန်းကဘရာဇီးကိုပါမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာအိမ်ရှင်ဘရာဇီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာပထမဆုံးနိုင်ငံအသင်းဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။အာဂျင်တီးနားဟာလည်း၂၈နှစ်အတွင်းပထမဆုံးနိုင်ငံတကာဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

မက်ဆီက “အကြိမ်ကြိမ်လွဲချော်ခဲ့တဲ့အိပ်မက်ဖြစ်မြောက်လာခဲ့လို့ကျွန်တော့်စိတ်ငြိမ်းချမ်းမှုရရှိလာပါပြီ။အိပ်မက်တစ်ခုလိုပါပဲ။ဘာပျက်ခဲ့တာနဲ့ပတ်သက်ပြီးမယုံကြည်နိုင်အောင်ပါပဲ။အခုဓာတ်ပုံတွေကိုကြည့်ရင်းကြည်နူးပျော်ရွှင်ရပါတယ်။ဖြစ်ပျက်ခဲ့တာတွေကိုနားလည်ဖို့ခက်ခဲပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာကလပ်အသင်းအဆင့်တွင်ဆုများစွာရယူထားနိုင်ပေမယ့်အာဂျင်တီးနားနှင့်အတူဆုဖလားမရရှိမှုကြောင့်မီဒီယာရဲ့အရှုံးသမားတစ်ဦးအဖြစ်ရေးသားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

မက်ဆီဟာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားဆွတ်ခူးရယူပြီးနောက်သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားဆုဖလားအတွက်လာမယ့်၂၀၂၂ခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာကြိုးပမ်းသွားဦးမှာဖြစ်ပါတယ်။

ZawGyi

အာဂ်င္တီးနားႏွင့္အတူ ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ စိတ္ေအးခ်မ္းမႈရရွိလာေၾကာင္း မက္ဆီဝန္ခံလာ

လီယြန္နယ္မက္ဆီကေႏြရာသီတုန္းကအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားဆြတ္ခူးလိုက္ႏိုင္ၿပီျဖစ္ေနာက္စိတ္ေအးခ်မ္းသာမႈရရွိလာခဲ့ၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

လီယြန္နယ္မက္ဆီဟာကလပ္အသင္းအဆင့္တြင္ဆုဖလားေပါင္းမ်ားစြာဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းယခုေႏြရာသီမတိုင္မီလက္ေ႐ြးစင္အသင္းအဆင့္တြင္ဆုဖလားတစ္လုံးမွ်ဆြတ္ခူးႏိုင္ခဲ့ျခင္းမရွိပါဘူး။သူဟာအာဂ်င္တီးနားကိုႏိုင္ငံတကာၿပိဳင္ပြဲႀကီးသုံးခုရဲ႕ဗိုလ္လုပြဲသို႔ပို႔ေဆာင္ခဲ့ေသာ္လည္းသုံးႀကိမ္ဆက္ရႈံးနိမ့္ခဲ့ပါတယ္။

သူဦးေဆာင္တဲ့အာဂ်င္တီးနားဟာ၂၀၁၄ကမာၻ႔ဖလားဗိုလ္လုပြဲမွာဂ်ာမနီကို၁-၀ဂိုးျဖင့္လည္းေကာင္း၊၂၀၁၅ႏွင့္၂၁၀၁၆ကိုပါအေမရိကဖလားၿပိဳင္ပြဲတို႔တြင္ခ်ီလီကိုလည္းရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာေႏြရာသီတုန္းကဘရာဇီးကိုပါေမရိကဖလားၿပိဳင္ပြဲဗိုလ္လုပြဲမွာအိမ္ရွင္ဘရာဇီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာပထမဆုံးႏိုင္ငံအသင္းဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။အာဂ်င္တီးနားဟာလည္း၂၈ႏွစ္အတြင္းပထမဆုံးႏိုင္ငံတကာဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မက္ဆီက “အႀကိမ္ႀကိမ္လြဲေခ်ာ္ခဲ့တဲ့အိပ္မက္ျဖစ္ေျမာက္လာခဲ့လို႔ကြၽန္ေတာ့္စိတ္ၿငိမ္းခ်မ္းမႈရရွိလာပါၿပီ။အိပ္မက္တစ္ခုလိုပါပဲ။ဘာပ်က္ခဲ့တာနဲ႔ပတ္သက္ၿပီးမယုံၾကည္ႏိုင္ေအာင္ပါပဲ။အခုဓာတ္ပုံေတြကိုၾကည့္ရင္းၾကည္ႏူးေပ်ာ္႐ႊင္ရပါတယ္။ျဖစ္ပ်က္ခဲ့တာေတြကိုနားလည္ဖို႔ခက္ခဲပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာကလပ္အသင္းအဆင့္တြင္ဆုမ်ားစြာရယူထားႏိုင္ေပမယ့္အာဂ်င္တီးနားႏွင့္အတူဆုဖလားမရရွိမႈေၾကာင့္မီဒီယာရဲ႕အရႈံးသမားတစ္ဦးအျဖစ္ေရးသားျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားဆြတ္ခူးရယူၿပီးေနာက္သူ႔ရဲ႕ပထမဆုံးကမာၻ႔ဖလားဆုဖလားအတြက္လာမယ့္၂၀၂၂ခုႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာႀကိဳးပမ္းသြားဦးမွာျဖစ္ပါတယ္။