အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားစတားကို ခေါ်ယူရန် အကြိုစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ လီဗာပူး

လီဗာပူးဟာအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြေစွမ်းပြကစားနေတဲ့အန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူရန်အကြိုစာချုပ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်ကြောင်းသတင်းထွက်ပေါ်လာပါတယ်။

အသက်၂၁နှစ်ရှိအန်ဇိုဖာနန်ဒက်ဇ်ဟာယူနိုက်တက်နှင့်လီဗာပူးတို့ရဲ့အပြိုင်ပစ်မှတ်ထားခြင်းခံနေရသူဖြစ်ပါတယ်။

ဖာနန်ဒက်ဇ်ဟာဇွန်လကမှအာဂျင်တီးနားကလပ်ရေးဗားပလိတ်မှဘင်ဖီကာသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။သူဟာဘင်ဖီကာအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ၂၄ပွဲကစားခွင့်ရရှိခဲ့ပြီး၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာအာဂျင်တီးနားအတွက်၈ပွဲကစားခွင့်ရထားပြီးယင်းမှ၅ပွဲမှာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကစားထားတာဖြစ်ပါတယ်။

ဖာနန်ဒက်ဇ်ဟာအုပ်စု(ဂ)နောက်ဆုံးပွဲဖြစ်တဲ့မက္ကဆီကိုနှင့်ပွဲတွင်ဂိုးသွင်းနိုင်ခဲ့ပြီးအာဂျင်တီးနားရဲ့နောက်ဆုံးပွဲသုံးပွဲဆက်ပွဲထွက်ကစားခွင့်ရထားပါတယ်။

သူဟာယနေ့တွင်ခရိုအေးရှားနှင့်ရင်ဆိုင်ကစားရမယ့်အာဂျင်တီးနားရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်းပွဲထွက်ကစားလာဖို့ရှိနေပါတယ်။

ယနေ့တွင် ပေါ်တူဂီသတင်းစာ Record နှင့်စပိန်သတင်းစာ Diario ASတို့ရဲ့ဖော်ပြလာမှုအရကလော့ပ်ရဲ့လီဗာပူးဟာဖာနန်ဒက်ဇ်ကိုခေါ်ယူရေးအတွက် အကြိုစာချုပ်ချုပ်ဆိုလိုက်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

လီဗာပူးဟာနွေရာသီတွင်ပြင်သစ်စတားချူကွာမီနီကိုခေါ်ယူရန်ကြိုးပမ်းခဲ့ပေမဲ့ရီးရဲလ်မက်ဒရစ်သို့ဆုံးရှုံးလိုက်ရပြီးနောက်အလယ်တန်းကစားသမားတစ်ဦးရှာဖွေလာခဲ့တာလည်းဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာဘင်ဖီကာနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်စာချုပ်ဖျက်သိမ်းကြေးယူရိုသန်း၁၂၀ပေးရမယ့်အချက်ထည့်သွင်းချုပ်ဆိုထားပါတယ်။လီဗာပူးဟာအန်ဇိုဖာနန်ဒက်ဇ်နှင့်သဘောတူညီမှုရရှိထားပြီဖြစ်ပေမဲ့လည်းဘင်ဖီကာနှင့်ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိရေးကြိုးပမ်းရပါဦးမယ်။

ZawGyi

အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားစတားကို ေခၚယူရန္ အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ လီဗာပူး

လီဗာပူးဟာအာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေျခစြမ္းျပကစားေနတဲ့အန္ဇိုဖာနန္ဒက္ဇ္ကိုေခၚယူရန္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္ၿပီျဖစ္ေၾကာင္းသတင္းထြက္ေပၚလာပါတယ္။

အသက္၂၁ႏွစ္ရွိအန္ဇိုဖာနန္ဒက္ဇ္ဟာယူႏိုက္တက္ႏွင့္လီဗာပူးတို႔ရဲ႕အၿပိဳင္ပစ္မွတ္ထားျခင္းခံေနရသူျဖစ္ပါတယ္။

ဖာနန္ဒက္ဇ္ဟာဇြန္လကမွအာဂ်င္တီးနားကလပ္ေရးဗားပလိတ္မွဘင္ဖီကာသို႔ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။သူဟာဘင္ဖီကာအတြက္ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ၂၄ပြဲကစားခြင့္ရရွိခဲ့ၿပီး၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာအာဂ်င္တီးနားအတြက္၈ပြဲကစားခြင့္ရထားၿပီးယင္းမွ၅ပြဲမွာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကစားထားတာျဖစ္ပါတယ္။

ဖာနန္ဒက္ဇ္ဟာအုပ္စု(ဂ)ေနာက္ဆုံးပြဲျဖစ္တဲ့မကၠဆီကိုႏွင့္ပြဲတြင္ဂိုးသြင္းႏိုင္ခဲ့ၿပီးအာဂ်င္တီးနားရဲ႕ေနာက္ဆုံးပြဲသုံးပြဲဆက္ပြဲထြက္ကစားခြင့္ရထားပါတယ္။

သူဟာယေန႔တြင္ခ႐ိုေအးရွားႏွင့္ရင္ဆိုင္ကစားရမယ့္အာဂ်င္တီးနားရဲ႕ဆီမီးဖိုင္နယ္ပြဲစဥ္တြင္လည္းပြဲထြက္ကစားလာဖို႔ရွိေနပါတယ္။

ယေန႔တြင္ ေပၚတူဂီသတင္းစာ Record ႏွင့္စပိန္သတင္းစာ Diario ASတို႔ရဲ႕ေဖာ္ျပလာမႈအရကေလာ့ပ္ရဲ႕လီဗာပူးဟာဖာနန္ဒက္ဇ္ကိုေခၚယူေရးအတြက္ အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

လီဗာပူးဟာေႏြရာသီတြင္ျပင္သစ္စတားခ်ဴကြာမီနီကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေပမဲ့ရီးရဲလ္မက္ဒရစ္သို႔ဆုံးရႈံးလိုက္ရၿပီးေနာက္အလယ္တန္းကစားသမားတစ္ဦးရွာေဖြလာခဲ့တာလည္းျဖစ္ပါတယ္။

အန္ဇိုဖာနန္ဒက္ဇ္ဟာဘင္ဖီကာႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္စာခ်ဳပ္ဖ်က္သိမ္းေၾကးယူ႐ိုသန္း၁၂၀ေပးရမယ့္အခ်က္ထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။လီဗာပူးဟာအန္ဇိုဖာနန္ဒက္ဇ္ႏွင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ေပမဲ့လည္းဘင္ဖီကာႏွင့္ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈရရွိေရးႀကိဳးပမ္းရပါဦးမယ္။