အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဝင်ကစားတဲ့မက်ဆီကို ပီအက်စ်ဂျီပေါက်ကွဲ

ပီအက်စ်ဂျီဟာဒဏ်ရာကြောင့်ပွဲအချို့လွဲခဲ့ပေမယ့်အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ဝင်ကစားနေတဲ့လီယွန်နယ်မက်ဆီရဲ့အပြုအမူကြောင့်စိတ်ပျက်လျက်ရှိပါတယ်။

မက်ဆီဟာနွေရာသီတွင်ဘာစီလိုနာမှထွက်ခွာကာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီးနောက်ငါးပွဲတည်းသာကစားထားနိုင်ပါသေးတယ်။

မက်ဆီဟာဒူးဒဏ်ရာနှင့်ပေါင်ခြံနာကျင်မှုတို့ဖြစ်ပြီးနောက်လိုက်ဇစ်နှင့်ချန်ပီယံလိဂ်ပွဲနှင့်ဘော်ဒိုးနှင့်လီဂူး၁ပွဲတို့ကိုလွဲခဲ့ပါတယ်။

ဒါပေမယ့်အသက်၃၄နှစ်ရှိမက်ဆီဟာယနေ့နံနက်ပိုင်းကဥရုဂွေးကိုအဝေးကွင်းတွင်၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့ပါတယ်။

ဒါကြောင့်လည်းပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာလီယိုနာဒိုနှင့် နည်းပြပိုချက်တီနိုတို့ဟာအာဂျင်တီးနားအတွက်ဝင်ကစားခဲ့တဲ့မက်ဆီနှင့် အသုံးပြုခဲ့တဲ့အာဂျင်တီးနားနည်းပြစကာလိုနီအပေါ်စိတ်ပျက်နေပါတယ်။

ယနေ့နံနက်ပိုင်းဥရုဂွေးနှင့်ပွဲစဉ်တွင်အာဂျင်တီးနားအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုဒီမာရီယာကပွဲချိန်၇မိနစ်တွင်သွင်းယူခဲ့ပါတယ်။

ZawGyi

အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲတြင္ ဝင္ကစားတဲ့မက္ဆီကို ပီအက္စ္ဂ်ီေပါက္ကြဲ

ပီအက္စ္ဂ်ီဟာဒဏ္ရာေၾကာင့္ပြဲအခ်ိဳ႕လြဲခဲ့ေပမယ့္အာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲတြင္ဝင္ကစားေနတဲ့လီယြန္နယ္မက္ဆီရဲ႕အျပဳအမူေၾကာင့္စိတ္ပ်က္လ်က္ရွိပါတယ္။

မက္ဆီဟာေႏြရာသီတြင္ဘာစီလိုနာမွထြက္ခြာကာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာၿပီးေနာက္ငါးပြဲတည္းသာကစားထားႏိုင္ပါေသးတယ္။

မက္ဆီဟာဒူးဒဏ္ရာႏွင့္ေပါင္ၿခံနာက်င္မႈတို႔ျဖစ္ၿပီးေနာက္လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္ပြဲႏွင့္ေဘာ္ဒိုးႏွင့္လီဂူး၁ပြဲတို႔ကိုလြဲခဲ့ပါတယ္။

ဒါေပမယ့္အသက္၃၄ႏွစ္ရွိမက္ဆီဟာယေန႔နံနက္ပိုင္းကဥ႐ုေဂြးကိုအေဝးကြင္းတြင္၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားေျခစစ္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့ပါတယ္။

ဒါေၾကာင့္လည္းပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာလီယိုနာဒိုႏွင့္ နည္းျပပိုခ်က္တီႏိုတို႔ဟာအာဂ်င္တီးနားအတြက္ဝင္ကစားခဲ့တဲ့မက္ဆီႏွင့္ အသုံးျပဳခဲ့တဲ့အာဂ်င္တီးနားနည္းျပစကာလိုနီအေပၚစိတ္ပ်က္ေနပါတယ္။

ယေန႔နံနက္ပိုင္းဥ႐ုေဂြးႏွင့္ပြဲစဥ္တြင္အာဂ်င္တီးနားအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုဒီမာရီယာကပြဲခ်ိန္၇မိနစ္တြင္သြင္းယူခဲ့ပါတယ္။