အာဂျင်တီးနားရဲ့ဆော်ဒီအရှက်တကွဲရှုံးပွဲရဲ့ပထမပိုင်း ဂိုး ၃ ဂိုး အငြင်းခံရပြီးနောက် VAR အခန်းထဲတွင် ရော်နယ်ဒိုရှိနေတယ်ဆိုပြီး ပရိသတ်များလှောင်ပြောင်

ဘောလုံးပရိသတ်များဟာယနေ့ညအာဂျင်တီးနားရဲ့ဆော်ဒီအရှက်တကွဲရှုံးပွဲပထမပိုင်းတွင်သွင်းယူနိုင်ခဲ့တဲ့ဂိုးသုံးဂိုးကိုVAR ကလူကျွံဘောအဖြစ်သတ်မှတ်လာမှုနှင့်အတူ VAR အခန်းထဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုရှိနေတယ်ဆိုပြီးလှောင်ပြောင်လာကြပါတယ်။

အာဂျင်တီးနားဟာဆော်ဒီကို၂-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်တွင်လီယွန်နယ်မက်ဆီရဲ့ပွဲအစပိုင်းပင်နယ်တီဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

မက်ဆီဟာပွဲအစ၁၀မိနစ်တွင်ပင်ပင်နယ်တီမှတဆင့်အာဂျင်တီးနားအတွက်ဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက်အာဂျင်တီးနားဟာပထမပိုင်းမှာတင်သုံးကြိမ်တိုင်တိုင်နောက်ထပ်ဂိုးများသွင်းယူနိုင်ခဲ့ပေမဲ့လည်းလူကျွံဘောအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ပထမပိုင်းတွင်မက်ဆီကသွင်းဂိုးတဲ့ဂိုးတစ်ဂိုးနှင့်လူသာရိုမာတီနက်ဇ်တို့သွင်းယူတဲ့ဂိုးနှစ်ဂိုး စုစုပေါင်းသုံးဂိုးတို့မှာလူကျွံဘောအဖြစ်သတ်မှတ်လာတာလည်းဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသုံးပြုနေတဲ့ဘောလုံးတွင် Chipset ထည့်သွင်းထားတဲ့အပြင်ကွင်းဘေးတွင်လည်းကင်မရာများဖြင့်ကြည့်ရှုကာ လူကျွံဘောကို တိကျမှန်ကန်စွာဖမ်းနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းလူသာရိုမာတီနက်ဇ်ရဲ့သွင်းယူတဲ့ပထမလူကျွံဘောမှာစည်းကြပ်ဒိုင်ကလူကျွံဘောအဖြစ်အလံမထောင်ခဲ့ပေမဲ့လည်းVAR ကအချိန်အနည်းငယ်ကြာစစ်ဆေးပြီးနောက်လူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များဟာအာဂျင်တီးနားနှင့်ဆော်ဒီတို့ပွဲစဉ်ရဲ့VAR ခန်းထဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုရှိနေတယ်ဆိုပြီးလှောင်ပြောင်မှုပြုလုပ်နေကြပါတယ်။

အာဂျင်တီးနားဟာမက်ဆီရဲ့ပင်နယ်တီဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းဒုတိယပိုင်းအစတွင်အယ်ရှီရီကဆော်ဒီအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်ပွဲချိန်၅၃မိနစ်တွင်အယ်ဒေါ်ဆာရီကဆော်ဒီအတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

အာဂ်င္တီးနားရဲ႕ေဆာ္ဒီအရွက္တကြဲရႈံးပြဲရဲ႕ပထမပိုင္း ဂိုး ၃ ဂိုး အျငင္းခံရၿပီးေနာက္ VAR အခန္းထဲတြင္ ေရာ္နယ္ဒိုရွိေနတယ္ဆိုၿပီး ပရိသတ္မ်ားေလွာင္ေျပာင္

ေဘာလုံးပရိသတ္မ်ားဟာယေန႔ညအာဂ်င္တီးနားရဲ႕ေဆာ္ဒီအရွက္တကြဲရႈံးပြဲပထမပိုင္းတြင္သြင္းယူႏိုင္ခဲ့တဲ့ဂိုးသုံးဂိုးကိုVAR ကလူကြၽံေဘာအျဖစ္သတ္မွတ္လာမႈႏွင့္အတူ VAR အခန္းထဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရွိေနတယ္ဆိုၿပီးေလွာင္ေျပာင္လာၾကပါတယ္။

အာဂ်င္တီးနားဟာေဆာ္ဒီကို၂-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္တြင္လီယြန္နယ္မက္ဆီရဲ႕ပြဲအစပိုင္းပင္နယ္တီဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မက္ဆီဟာပြဲအစ၁၀မိနစ္တြင္ပင္ပင္နယ္တီမွတဆင့္အာဂ်င္တီးနားအတြက္ဦးေဆာင္ဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ယင္းေနာက္အာဂ်င္တီးနားဟာပထမပိုင္းမွာတင္သုံးႀကိမ္တိုင္တိုင္ေနာက္ထပ္ဂိုးမ်ားသြင္းယူႏိုင္ခဲ့ေပမဲ့လည္းလူကြၽံေဘာအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

ပထမပိုင္းတြင္မက္ဆီကသြင္းဂိုးတဲ့ဂိုးတစ္ဂိုးႏွင့္လူသာ႐ိုမာတီနက္ဇ္တို႔သြင္းယူတဲ့ဂိုးႏွစ္ဂိုး စုစုေပါင္းသုံးဂိုးတို႔မွာလူကြၽံေဘာအျဖစ္သတ္မွတ္လာတာလည္းျဖစ္ပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အသုံးျပဳေနတဲ့ေဘာလုံးတြင္ Chipset ထည့္သြင္းထားတဲ့အျပင္ကြင္းေဘးတြင္လည္းကင္မရာမ်ားျဖင့္ၾကည့္ရႈကာ လူကြၽံေဘာကို တိက်မွန္ကန္စြာဖမ္းေနတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလူသာ႐ိုမာတီနက္ဇ္ရဲ႕သြင္းယူတဲ့ပထမလူကြၽံေဘာမွာစည္းၾကပ္ဒိုင္ကလူကြၽံေဘာအျဖစ္အလံမေထာင္ခဲ့ေပမဲ့လည္းVAR ကအခ်ိန္အနည္းငယ္ၾကာစစ္ေဆးၿပီးေနာက္လူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားဟာအာဂ်င္တီးနားႏွင့္ေဆာ္ဒီတို႔ပြဲစဥ္ရဲ႕VAR ခန္းထဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရွိေနတယ္ဆိုၿပီးေလွာင္ေျပာင္မႈျပဳလုပ္ေနၾကပါတယ္။

အာဂ်င္တီးနားဟာမက္ဆီရဲ႕ပင္နယ္တီျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းဒုတိယပိုင္းအစတြင္အယ္ရွီရီကေဆာ္ဒီအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္ပြဲခ်ိန္၅၃မိနစ္တြင္အယ္ေဒၚဆာရီကေဆာ္ဒီအတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။