အာဂျင်တီးနားရဲ့၃-၀ ဂိုးဖြင့် နိုင်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် မျက်ရည်ကျခဲ့မှုအပေါ် မာတီနက်ဇ် ရင်ဖွင့်လာ

အာဂျင်တီးနားတိုက်စစ်မှူးလူသာရိုမာတီနက်ဇ်ဟာတနင်္လာနေ့နံနက်ပိုင်းတုန်းကအာဂျင်တီးနားကဥရုဂွေးကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ငိုနေခဲ့တာတွေ့ရပါတယ်။

အင်တာမီလန်တိုက်စစ်မှူးဟာဥရုဂွေးနှင့်ပွဲတွင်ပွဲချိန်နှောင်းပိုင်းတွင်လူစားလဲခံခဲ့ရပြီးနောက်အရန်ကစားသမားခုံတန်းတွင်ငိုနေခဲ့တာတွေ့ရပါတယ်။

ယင်းသို့ငိုနေခဲ့မှုကြောင့်မီဒီယာများကနည်းပြလီယွန်နယ်စကာလိုနီမှာဒဏ်ရာရရှိနေခြင်းကြောင့်မာတီနက်ဇ်ကိုလူစားလဲခဲ့လို့ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့်အသက်၂၄နှစ်ရှိတိုက်စစ်မှူးဟာဘူနိုအေရက်စ်တွင်ကစားတဲ့နိုင်ပွဲအပြီးတွင် သူမျက်ရည်ကျခဲ့မှုနဲ့ပတ်သက်ပြီးရှင်းလင်းမှုပြုလုပ်လာပါတယ်။

မာတီနက်ဇ်ဟာ၂၀၁၈ခုနှစ်မှာမွေးရပ်မြေအာဂျင်တီးနားကိုစွန့်ခွာကာအင်တာမီလန်သို့ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်အိမ်ရှင်ပရိသတ်အပြည့်အဝဖြင့်များစွာကစားခွင့်မရလာခဲ့သူဖြစ်ပါတယ်။

တနင်္လာနေ့ကပွဲစဉ်မှာတော့အာဂျင်တီးနားပရိသတ်အပြည့်အဝလာရောက်ကြည့်ရှုခဲ့ကြတဲ့အပြင်မာတီနက်ဇ်ရဲ့မိသားစုဝင်များလည်းလာရောက်အားပေးခဲ့ကြပါတယ်။

မာတီနက်ဇ်ဟာပရိသတ်အပြည့်နှင့်မိသားစုဝင်များရဲ့ရှေ့မှောက်တွင်ကစားခွင့်ရရှိစဉ်ဂိုးသွင်းယူနိုင်ခဲ့မှုနဲ့အတူဝမ်းသာမျက်ရည်ကျခဲ့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားဟာဥရုဂွေးနိုင်ပွဲကြောင့်တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအမှတ်ပေးဇယားဒုတိယနေရာသို့တက်လှမ်းလာပေမယ့်ထိပ်ဆုံးမှဘရာဇီးနှင့်ရမှတ်၆မှတ်ကွာဟနေပါတယ်။

ZawGyi

အာဂ်င္တီးနားရဲ႕၃-၀ ဂိုးျဖင့္ ႏိုင္ပြဲတြင္ ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ မ်က္ရည္က်ခဲ့မႈအေပၚ မာတီနက္ဇ္ ရင္ဖြင့္လာ

အာဂ်င္တီးနားတိုက္စစ္မႉးလူသာ႐ိုမာတီနက္ဇ္ဟာတနလၤာေန႔နံနက္ပိုင္းတုန္းကအာဂ်င္တီးနားကဥ႐ုေဂြးကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ငိုေနခဲ့တာေတြ႕ရပါတယ္။

အင္တာမီလန္တိုက္စစ္မႉးဟာဥ႐ုေဂြးႏွင့္ပြဲတြင္ပြဲခ်ိန္ေႏွာင္းပိုင္းတြင္လူစားလဲခံခဲ့ရၿပီးေနာက္အရန္ကစားသမားခုံတန္းတြင္ငိုေနခဲ့တာေတြ႕ရပါတယ္။

ယင္းသို႔ငိုေနခဲ့မႈေၾကာင့္မီဒီယာမ်ားကနည္းျပလီယြန္နယ္စကာလိုနီမွာဒဏ္ရာရရွိေနျခင္းေၾကာင့္မာတီနက္ဇ္ကိုလူစားလဲခဲ့လို႔ေရးသားေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမယ့္အသက္၂၄ႏွစ္ရွိတိုက္စစ္မႉးဟာဘူႏိုေအရက္စ္တြင္ကစားတဲ့ႏိုင္ပြဲအၿပီးတြင္ သူမ်က္ရည္က်ခဲ့မႈနဲ႔ပတ္သက္ၿပီးရွင္းလင္းမႈျပဳလုပ္လာပါတယ္။

မာတီနက္ဇ္ဟာ၂၀၁၈ခုႏွစ္မွာေမြးရပ္ေျမအာဂ်င္တီးနားကိုစြန႔္ခြာကာအင္တာမီလန္သို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္အိမ္ရွင္ပရိသတ္အျပည့္အဝျဖင့္မ်ားစြာကစားခြင့္မရလာခဲ့သူျဖစ္ပါတယ္။

တနလၤာေန႔ကပြဲစဥ္မွာေတာ့အာဂ်င္တီးနားပရိသတ္အျပည့္အဝလာေရာက္ၾကည့္ရႈခဲ့ၾကတဲ့အျပင္မာတီနက္ဇ္ရဲ႕မိသားစုဝင္မ်ားလည္းလာေရာက္အားေပးခဲ့ၾကပါတယ္။

မာတီနက္ဇ္ဟာပရိသတ္အျပည့္ႏွင့္မိသားစုဝင္မ်ားရဲ႕ေရွ႕ေမွာက္တြင္ကစားခြင့္ရရွိစဥ္ဂိုးသြင္းယူႏိုင္ခဲ့မႈနဲ႔အတူဝမ္းသာမ်က္ရည္က်ခဲ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားဟာဥ႐ုေဂြးႏိုင္ပြဲေၾကာင့္ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲအမွတ္ေပးဇယားဒုတိယေနရာသို႔တက္လွမ္းလာေပမယ့္ထိပ္ဆုံးမွဘရာဇီးႏွင့္ရမွတ္၆မွတ္ကြာဟေနပါတယ္။