အာဂျင်တီးနားသမ္မတသစ်ရာထူးအတွက် ရေပန်းအစားအဆုံးဖြစ်နေတဲ့ မက်ဆီ

လာမယ့်အာဂျင်တီးနားသမ္မတရာထူးအတွက်မည်သူ့ကိုမဲပေးမလဲဆိုတဲ့စစ်တမ်းတစ်ခုအရလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားသမ္မတရာထူးအတွက်ရေပန်းအစားဆုံးဖြစ်နေပါတယ်။

မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားကို၃၆နှစ်အတွင်းပထမဆုံးကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာမက်ဆီရဲ့ကစားသမားဘဝတစ်ခုလုံးကြိုးပမ်းလာခဲ့တဲ့ဆုဖလားဖြစ်ပါတယ်။သူဟာ၂၀၂၁ခုနှစ်တုန်းကအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားလည်းရယူနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ယနေ့တွင်လာမယ့်အာဂျင်တီးနားသမ္မတရာထူးအတွက်မည်သူ့ကိုမဲပေးမလဲဆိုတဲ့စစ်တမ်းတစ်ခုပြုစုမှုပြုလုပ်ခဲ့ရာတွင်အာဂျင်တီးနားပြည်သူအများစုကမက်ဆီကိုသာမဲပေးမယ်လို့ဆိုလာပါတယ်။

ယင်းစစ်တမ်းတွင်အာဂျင်တီးနားပြည်သူ၂၅၀၀ဦးတို့ပါဝင်ခဲ့ကြတာဖြစ်ပြီး၄၃.၇ရာခိုင်နှုန်းကမက်ဆီကိုမဲပေးမယ်လို့ဆိုခဲ့ပြီး၃၇.၈ရာခိုင်နှုန်းကမက်ဆီကိုမဲမပေးဘူးလို့ဆိုခဲ့ပါတယ်။၁၇.၅ရာခိုင်နှုန်းကမက်ဆီကိုမဲပေးနိုင်ကြောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်နောက်ထပ်မဲစစ်တမ်းတစ်ခုတွင်မက်ဆီကိုလက်ရှိရေပန်းအစားဆုံးဖြစ်နေတဲ့အယ်ဘာတိုဖာနန်ဒက်ဇ်နှင့်ယှဉ်ပြီးမဲကောက်ခံမှုပြုလုပ်ခဲ့ပါတယ်။

ယင်းမဲစစ်တမ်းတွင်လည်းမက်ဆီဟာအယ်ဘာတိုဖာနန်ဒက်ဇ်၊သမ္မတဟောင်းခရစ္စတီနာကတ်ရှ်နာတို့ကိုကျော်ဖြတ်ပါတယ်။မက်ဆီဟာ၃၆.၇ရာခိုင်နှုန်းရရှိပြီးလက်ရှိသမ္မတဖာနန်ဒက်ဇ်အပါအဝင်အားလုံးကိုပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ပါတယ်။

မက်ဆီဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် အာဂျင်တီးနားတွင်ပင်နေထိုင်နေဆဲဖြစ်ပြီးနှစ်သစ်ကူးကာလတွင်မှပီအက်စ်ဂျီအသင်းနှင့်ပူးပေါင်းပါမယ်။

Zawgyi

အာဂ်င္တီးနားသမၼတသစ္ရာထူးအတြက္ ေရပန္းအစားအဆုံးျဖစ္ေနတဲ့ မက္ဆီ

လာမယ့္အာဂ်င္တီးနားသမၼတရာထူးအတြက္မည္သူ႔ကိုမဲေပးမလဲဆိုတဲ့စစ္တမ္းတစ္ခုအရလီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားသမၼတရာထူးအတြက္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားကို၃၆ႏွစ္အတြင္းပထမဆုံးကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ကမာၻ႔ဖလားမွာမက္ဆီရဲ႕ကစားသမားဘဝတစ္ခုလုံးႀကိဳးပမ္းလာခဲ့တဲ့ဆုဖလားျဖစ္ပါတယ္။သူဟာ၂၀၂၁ခုႏွစ္တုန္းကအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားလည္းရယူႏိုင္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

ယေန႔တြင္လာမယ့္အာဂ်င္တီးနားသမၼတရာထူးအတြက္မည္သူ႔ကိုမဲေပးမလဲဆိုတဲ့စစ္တမ္းတစ္ခုျပဳစုမႈျပဳလုပ္ခဲ့ရာတြင္အာဂ်င္တီးနားျပည္သူအမ်ားစုကမက္ဆီကိုသာမဲေပးမယ္လို႔ဆိုလာပါတယ္။

ယင္းစစ္တမ္းတြင္အာဂ်င္တီးနားျပည္သူ၂၅၀၀ဦးတို႔ပါဝင္ခဲ့ၾကတာျဖစ္ၿပီး၄၃.၇ရာခိုင္ႏႈန္းကမက္ဆီကိုမဲေပးမယ္လို႔ဆိုခဲ့ၿပီး၃၇.၈ရာခိုင္ႏႈန္းကမက္ဆီကိုမဲမေပးဘူးလို႔ဆိုခဲ့ပါတယ္။၁၇.၅ရာခိုင္ႏႈန္းကမက္ဆီကိုမဲေပးႏိုင္ေၾကာင္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ေနာက္ထပ္မဲစစ္တမ္းတစ္ခုတြင္မက္ဆီကိုလက္ရွိေရပန္းအစားဆုံးျဖစ္ေနတဲ့အယ္ဘာတိုဖာနန္ဒက္ဇ္ႏွင့္ယွဥ္ၿပီးမဲေကာက္ခံမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းမဲစစ္တမ္းတြင္လည္းမက္ဆီဟာအယ္ဘာတိုဖာနန္ဒက္ဇ္၊သမၼတေဟာင္းခရစၥတီနာကတ္ရွ္နာတို႔ကိုေက်ာ္ျဖတ္ပါတယ္။မက္ဆီဟာ၃၆.၇ရာခိုင္ႏႈန္းရရွိၿပီးလက္ရွိသမၼတဖာနန္ဒက္ဇ္အပါအဝင္အားလုံးကိုျပတ္ျပတ္သားသားအႏိုင္ရရွိခဲ့ပါတယ္။

မက္ဆီဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ အာဂ်င္တီးနားတြင္ပင္ေနထိုင္ေနဆဲျဖစ္ၿပီးႏွစ္သစ္ကူးကာလတြင္မွပီအက္စ္ဂ်ီအသင္းႏွင့္ပူးေပါင္းပါမယ္။