အာဂျင်တီးနားအနိုင်ရရှိပြီးနောက် ဆော်ဒီကစားသမားတိုင်းကို Rolls-Royce ကားတစ်စီးစီ ဆော်ဒီမင်းသားချီးမြှင့်

ဆော်ဒီကစားသမားတိုင်းဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားသမိုင်းဝင်နိုင်ပွဲရယူနိုင်မှုကြောင့် Rolls-Royce ကားတစ်စီးစီဆုချီးမြှင့်ခြင်းခံလာရမှာဖြစ်ပါတယ်။

ရီနတ်ရဲ့ဆော်ဒီအသင်းဟာပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက Lusail Stadium တွင်ကမ္ဘာ့ဖလား၂ကြိမ်ချန်ပီယံအာဂျင်တီးနားကို၂-၁ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲမှာဆော်ဒီဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။ဆော်ဒီနှင့်အာဂျင်တီးနားတို့အကြားတွင်ဖီဖာကမ္ဘာ့အဆင့်၄၈ဆင့်အထိကွာဟပါတယ်။

ဆော်ဒီကစားသမားများရဲ့ကျေနပ်စရာကောင်းတဲ့စွမ်းဆောင်ရည်ကိုဆုချတဲ့အနေဖြင့်ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်ဆတ်ဟာသူ့ကိုယ်ပိုင်ငွေကိုစိုက်ထုတ်ပြီးနောက်ကစားသမားများကို Rolls-Royce တစ်စီးစီဆုချီးမြှင့်လာမှာဖြစ်ကြောင်းသိရပါတယ်။

Malay Mail သတင်းစာရဲ့ဖော်ပြချက်အရဆော်ဒီကစားသမား ၂၆ဦးတို့ဟာ Rolls-Royce Phantom ကားတစ်စီးစီ ဆုချီးမြှင့်ခြင်းခံရပါမယ်။

Rolls-Royce Phantom တစ်စီးစီရဲ့တန်ဖိုးမှာပေါင်၃၆၃၆၀၀စီရှိပါတယ်။

၁၉၉၄ခုနှစ်တုန်ကလည်းဆတ်အယ်အိုဝိုင်ရန်ဟာဘယ်လ်ဂျီယံနှင့်ကမ္ဘာ့ဖလားပွဲတွင်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် Rolls-Royce တစ်စီးချီးမြှင့်ခြင်းခံခဲ့ရပါတယ်။သူ့ရဲ့သွင်းဂိုးဟာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် အလှဆုံးဂိုးစာရင်းဝင်ဂိုးတစ်ဂိုးလည်းဖြစ်ပါတယ်။

ဆော်ဒီဘုရင်ဟာအင်္ဂါနေ့တုန်းကအာဂျင်တီးနားကိုအနိုင်ရရှိပြီးနောက် ဆော်ဒီပြည်သူများအောင်ပွဲခံနိုင်ရန်ဗုဒ္ဓဟူးနေ့ကိုအများပြည်သူအလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ဆော်ဒီဟာယနေ့ညတွင်ပိုလန်နှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိလျှင် ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရန်သေချာသွားပါမယ်။

ZawGyi

အာဂ်င္တီးနားအႏိုင္ရရွိၿပီးေနာက္ ေဆာ္ဒီကစားသမားတိုင္းကို Rolls-Royce ကားတစ္စီးစီ ေဆာ္ဒီမင္းသားခ်ီးျမႇင့္

ေဆာ္ဒီကစားသမားတိုင္းဟာအာဂ်င္တီးနားကိုကမာၻ႔ဖလားသမိုင္းဝင္ႏိုင္ပြဲရယူႏိုင္မႈေၾကာင့္ Rolls-Royce ကားတစ္စီးစီဆုခ်ီးျမႇင့္ျခင္းခံလာရမွာျဖစ္ပါတယ္။

ရီနတ္ရဲ႕ေဆာ္ဒီအသင္းဟာၿပီးခဲ့တဲ့အဂၤါေန႔တုန္းက Lusail Stadium တြင္ကမာၻ႔ဖလား၂ႀကိမ္ခ်န္ပီယံအာဂ်င္တီးနားကို၂-၁ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

အဆိုပါႏိုင္ပြဲမွာေဆာ္ဒီေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးႏိုင္ပြဲလည္းျဖစ္ပါတယ္။ေဆာ္ဒီႏွင့္အာဂ်င္တီးနားတို႔အၾကားတြင္ဖီဖာကမာၻ႔အဆင့္၄၈ဆင့္အထိကြာဟပါတယ္။

ေဆာ္ဒီကစားသမားမ်ားရဲ႕ေက်နပ္စရာေကာင္းတဲ့စြမ္းေဆာင္ရည္ကိုဆုခ်တဲ့အေနျဖင့္ေဆာ္ဒီမင္းသားမိုဟာမက္ဘင္ဆယ္ဆတ္ဟာသူ႔ကိုယ္ပိုင္ေငြကိုစိုက္ထုတ္ၿပီးေနာက္ကစားသမားမ်ားကို Rolls-Royce တစ္စီးစီဆုခ်ီးျမႇင့္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

Malay Mail သတင္းစာရဲ႕ေဖာ္ျပခ်က္အရေဆာ္ဒီကစားသမား ၂၆ဦးတို႔ဟာ Rolls-Royce Phantom ကားတစ္စီးစီ ဆုခ်ီးျမႇင့္ျခင္းခံရပါမယ္။

Rolls-Royce Phantom တစ္စီးစီရဲ႕တန္ဖိုးမွာေပါင္၃၆၃၆၀၀စီရွိပါတယ္။

၁၉၉၄ခုႏွစ္တုန္ကလည္းဆတ္အယ္အိုဝိုင္ရန္ဟာဘယ္လ္ဂ်ီယံႏွင့္ကမာၻ႔ဖလားပြဲတြင္ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ Rolls-Royce တစ္စီးခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။သူ႔ရဲ႕သြင္းဂိုးဟာကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္ အလွဆုံးဂိုးစာရင္းဝင္ဂိုးတစ္ဂိုးလည္းျဖစ္ပါတယ္။

ေဆာ္ဒီဘုရင္ဟာအဂၤါေန႔တုန္းကအာဂ်င္တီးနားကိုအႏိုင္ရရွိၿပီးေနာက္ ေဆာ္ဒီျပည္သူမ်ားေအာင္ပြဲခံႏိုင္ရန္ဗုဒၶဟူးေန႔ကိုအမ်ားျပည္သူအလုပ္ပိတ္ရက္အျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။

ေဆာ္ဒီဟာယေန႔ညတြင္ပိုလန္ႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီး အႏိုင္ရရွိလွ်င္ ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ရန္ေသခ်ာသြားပါမယ္။