အာဂျင်တီးနား ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့ ၃ ကြိမ်ဆက်မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့တဲ့ EA SPORTS ဟောကိန်းထုတ်လာ

ကမ္ဘာ့အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲကြီးကျင်းပဖို့ရက်ပိုင်းမျှသာလိုပါတော့တယ်။ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီးဟောကိန်းထုတ်မှု၊ခန့်မှန်းမှုတွေလည်းအများကြီးထွက်ပေါ်နေပါတယ်။အခုEA SPORTS ကလာမယ့်ကာတာကမ္ဘာ့ဖလားမှာဘယ်အသင်းချန်ပီယံဖြစ်မယ်ဆိုတာဟောကိန်းထုတ်လာပါတယ်။

EA SPORTS ဟာ FIFA 23 ကိုအသုံးပြုပြီး ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကိုဟောကိန်းထုတ်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် EA SPORTS ဟာနိုင်ငံတကာပြိုင်ပွဲကြီးနှင့်ပတ်သက်ပြီးဟောကိန်းထုတ်ခဲ့ရာမှာဆက်တိုက်မှန်ကန်ခဲ့တဲ့မှတ်တမ်းကောင်းလည်းပိုင်ဆိုင်ထားပါတယ်။

EA SPORTS ဟာ၂၀၁၀ကမ္ဘာ့ဖလားတုန်းကစပိန်ကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့မှန်ကန်စွာဟောကိန်းထုတ်ခဲ့သလို၂၀၁၄ကမ္ဘာ့ဖလားတုန်းကလည်းဂျာမနီချန်ပီယံဖြစ်မယ်လို့မှန်ကန်စွာခန့်မှန်းခဲ့ဖူးပါတယ်။ဒါ့အပြင်၂၀၁၈ကမ္ဘာ့ဖလားတုန်းကလည်းပြင်သစ်ချန်ပီယံဖြစ်မယ်လို့မှန်ကန်စွာဟောကိန်းထုတ်ခဲ့ပါတယ်။ အခု EA SPORTSဟာ လေးကြိမ်ဆက်မှန်ကန်အောင်ဟောကိန်းထုတ်နိုင်မလားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

EA SPORTS ဟာ FIFA 23 ကိုအသုံးပြုပြီးကမ္ဘာ့ဖလားပွဲ၆၄ပွဲလုံးကိုဟောကိန်းထုတ်ခဲ့တာဖြစ်ပြီးအာဂျင်တီးနားအသင်း ချန်ပီယံဖြစ်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။

EA SPORTSက အာဂျင်တီးနားဟာဗိုလ်လုပွဲမှာဘရာဇီးကို၁-၀ဂိုးဖြင့်အနိုင်ယူပြီးချန်ပီယံဖြစ်မယ်လို့ဟောကိန်းထုတ်သွားပါတယ်။

အာဂျင်တီးနားဟာပြင်သစ်ကိုအနိုင်ယူပြီးဗိုလ်လုပွဲသို့တက်လာမှာဖြစ်ပြီးဘရာဇီးကလည်းပေါ်တူဂီကိုပင်နယ်တီဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်လာမှာဖြစ်ပါတယ်။တတိယနေရာလုပွဲတွင်ပြင်သစ်ကပေါ်တူဂီကို၄-၂ဖြင့်အနိုင်ရမယ်လို့ဆိုသွားပါတယ်။

ဒါကြောင့်လည်း EA SPORTSရဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုဟောကိန်းထုတ်မှုမှန်ကန်လာမလားစိတ်ဝင်တစားစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ZawGyi

အာဂ်င္တီးနား ကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔ ၃ ႀကိမ္ဆက္မွန္ကန္စြာ ေဟာကိန္းထုတ္ခဲ့တဲ့ EA SPORTS ေဟာကိန္းထုတ္လာ

ကမာၻ႔အႀကီးက်ယ္ဆုံးအားကစားၿပိဳင္ပြဲႀကီးက်င္းပဖို႔ရက္ပိုင္းမွ်သာလိုပါေတာ့တယ္။ကမာၻ႔ဖလားၿပိဳင္ပြဲႏွင့္ပတ္သက္ၿပီးေဟာကိန္းထုတ္မႈ၊ခန႔္မွန္းမႈေတြလည္းအမ်ားႀကီးထြက္ေပၚေနပါတယ္။အခုEA SPORTS ကလာမယ့္ကာတာကမာၻ႔ဖလားမွာဘယ္အသင္းခ်န္ပီယံျဖစ္မယ္ဆိုတာေဟာကိန္းထုတ္လာပါတယ္။

EA SPORTS ဟာ FIFA 23 ကိုအသုံးျပဳၿပီး ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုလုံးကိုေဟာကိန္းထုတ္လာတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ EA SPORTS ဟာႏိုင္ငံတကာၿပိဳင္ပြဲႀကီးႏွင့္ပတ္သက္ၿပီးေဟာကိန္းထုတ္ခဲ့ရာမွာဆက္တိုက္မွန္ကန္ခဲ့တဲ့မွတ္တမ္းေကာင္းလည္းပိုင္ဆိုင္ထားပါတယ္။

EA SPORTS ဟာ၂၀၁၀ကမာၻ႔ဖလားတုန္းကစပိန္ကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔မွန္ကန္စြာေဟာကိန္းထုတ္ခဲ့သလို၂၀၁၄ကမာၻ႔ဖလားတုန္းကလည္းဂ်ာမနီခ်န္ပီယံျဖစ္မယ္လို႔မွန္ကန္စြာခန႔္မွန္းခဲ့ဖူးပါတယ္။ဒါ့အျပင္၂၀၁၈ကမာၻ႔ဖလားတုန္းကလည္းျပင္သစ္ခ်န္ပီယံျဖစ္မယ္လို႔မွန္ကန္စြာေဟာကိန္းထုတ္ခဲ့ပါတယ္။ အခု EA SPORTSဟာ ေလးႀကိမ္ဆက္မွန္ကန္ေအာင္ေဟာကိန္းထုတ္ႏိုင္မလားေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

EA SPORTS ဟာ FIFA 23 ကိုအသုံးျပဳၿပီးကမာၻ႔ဖလားပြဲ၆၄ပြဲလုံးကိုေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီးအာဂ်င္တီးနားအသင္း ခ်န္ပီယံျဖစ္မယ္လို႔ေဟာကိန္းထုတ္ခဲ့ပါတယ္။

EA SPORTSက အာဂ်င္တီးနားဟာဗိုလ္လုပြဲမွာဘရာဇီးကို၁-၀ဂိုးျဖင့္အႏိုင္ယူၿပီးခ်န္ပီယံျဖစ္မယ္လို႔ေဟာကိန္းထုတ္သြားပါတယ္။

အာဂ်င္တီးနားဟာျပင္သစ္ကိုအႏိုင္ယူၿပီးဗိုလ္လုပြဲသို႔တက္လာမွာျဖစ္ၿပီးဘရာဇီးကလည္းေပၚတူဂီကိုပင္နယ္တီျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္လာမွာျဖစ္ပါတယ္။တတိယေနရာလုပြဲတြင္ျပင္သစ္ကေပၚတူဂီကို၄-၂ျဖင့္အႏိုင္ရမယ္လို႔ဆိုသြားပါတယ္။

ဒါေၾကာင့္လည္း EA SPORTSရဲ႕ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုေဟာကိန္းထုတ္မႈမွန္ကန္လာမလားစိတ္ဝင္တစားေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။