
ဟယ်ရီမက်ဂွိုင်းယားဟာတကယ်လို့များအာဂျင်တီးနားသာကမ္ဘာ့ဖလားချန်ပီယံဖြစ်လာလျှင်မန်ချက်စတာယူနိုက်တက်တွင်အခွင့်အရေးရရှိလာဖို့ရှိနေပါတယ်။
အာဂျင်တီးနားဟာလာမယ့်တနင်္ဂနွေနေ့တွင်ပြင်သစ်နှင့်ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရမှာဖြစ်ပြီးတတိယအကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန်မျှော်လင့်နေပါတယ်။
ဒါပေမဲ့ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်ထားမှုနဲ့အတူယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ဘောက်ဆင်ဒေးပွဲစဉ်များကိုလွဲချော်ရန်သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့်လည်းဟယ်ရီမက်ဂွိုင်းယားဟာလာမယ့်ဒီဇင်ဘာလ၂၇ရက်နေ့နော်တင်ဟမ်ဖောရက်စ်နှင့်ရင်ဆိုင်ရမဲ့ပရီးမီးယားလိဂ်ပွဲတွင်ပွဲထွက်ကစားခွင့်ရလာဖို့ရှိနေပါတယ်။
အာဂျင်တီးနားသာကမ္ဘာ့ဖလားချန်ပီယံဖြစ်လျှင်ယူနိုက်တက်သာမကမန်စီးတီး၊အက်စတွန်ဗီလာ၊စပါးစ်နှင့်ဘရိုက်တန်တို့မှာလည်းဘောက်ဆင်ဒေးပွဲစဉ်များကိုအဓိကကစားသမားများမပါဝင်ဘဲရင်ဆိုင်လာရပါမယ်။
ဒါ့အပြင်ပြင်သစ်ချန်ပီယံဖြစ်လာပါကလည်းဟူဂိုလိုရစ်၊ရာဖေးလ်ဗာရန်း၊အီဘရာဟမ်ကိုနာတေး၊အယ်ဖွန်ဆိုအေရီယိုလာနှင့်ဝီလီယမ်ဆာလီဘာတို့မှာ သက်ဆိုင်ရာကလပ်များနှင့်ပူးပေါင်းမှုနောက်ကျလာပါမယ်။
ယင်းသို့အနေအထားကြောင့်ဗာရန်းမပါဝင်နိုင်မှုကဟယ်ရီမက်ဂွိုင်းယားအတွက်အခွင့်အရေးတစ်ခုဖြစ်လာပါဦးမယ်။
ဟယ်ရီမက်ဂွိုင်းယားဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက်ယူနိုက်တက်တွင်ပွဲထွက်ကစားသမားနေရာဆုံးရှုံးလာခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့သူဟာအင်္ဂလန်အသင်းနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ZawGyi
အာဂ်င္တီးနား ကမာၻ႔ဖလားခ်န္ပီယံျဖစ္လာလွ်င္ ယူႏိုက္တက္တြင္ အခြင့္အေရး ရလာဖို႔ ရွိလာတဲ့ ဟယ္ရီမက္ဂြိဳင္းယား
ဟယ္ရီမက္ဂြိဳင္းယားဟာတကယ္လို႔မ်ားအာဂ်င္တီးနားသာကမာၻ႔ဖလားခ်န္ပီယံျဖစ္လာလွ်င္မန္ခ်က္စတာယူႏိုက္တက္တြင္အခြင့္အေရးရရွိလာဖို႔ရွိေနပါတယ္။
အာဂ်င္တီးနားဟာလာမယ့္တနဂၤေႏြေန႔တြင္ျပင္သစ္ႏွင့္ကမာၻ႔ဖလားဗိုလ္လုပြဲကစားရမွာျဖစ္ၿပီးတတိယအႀကိမ္ေျမာက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ရန္ေမွ်ာ္လင့္ေနပါတယ္။
ဒါေပမဲ့ အာဂ်င္တီးနားအသင္း ကမာၻ႔ဖလားဗိုလ္လုပြဲသို႔ တက္ေရာက္ထားမႈနဲ႔အတူယူႏိုက္တက္ေနာက္ခံလူလီဆန္ဒ႐ိုမာတီနက္ဇ္ဟာယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္ေဘာက္ဆင္ေဒးပြဲစဥ္မ်ားကိုလြဲေခ်ာ္ရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။
ဒါေၾကာင့္လည္းဟယ္ရီမက္ဂြိဳင္းယားဟာလာမယ့္ဒီဇင္ဘာလ၂၇ရက္ေန႔ေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ရင္ဆိုင္ရမဲ့ပရီးမီးယားလိဂ္ပြဲတြင္ပြဲထြက္ကစားခြင့္ရလာဖို႔ရွိေနပါတယ္။
အာဂ်င္တီးနားသာကမာၻ႔ဖလားခ်န္ပီယံျဖစ္လွ်င္ယူႏိုက္တက္သာမကမန္စီးတီး၊အက္စတြန္ဗီလာ၊စပါးစ္ႏွင့္ဘ႐ိုက္တန္တို႔မွာလည္းေဘာက္ဆင္ေဒးပြဲစဥ္မ်ားကိုအဓိကကစားသမားမ်ားမပါဝင္ဘဲရင္ဆိုင္လာရပါမယ္။
ဒါ့အျပင္ျပင္သစ္ခ်န္ပီယံျဖစ္လာပါကလည္းဟူဂိုလိုရစ္၊ရာေဖးလ္ဗာရန္း၊အီဘရာဟမ္ကိုနာေတး၊အယ္ဖြန္ဆိုေအရီယိုလာႏွင့္ဝီလီယမ္ဆာလီဘာတို႔မွာ သက္ဆိုင္ရာကလပ္မ်ားႏွင့္ပူးေပါင္းမႈေနာက္က်လာပါမယ္။
ယင္းသို႔အေနအထားေၾကာင့္ဗာရန္းမပါဝင္ႏိုင္မႈကဟယ္ရီမက္ဂြိဳင္းယားအတြက္အခြင့္အေရးတစ္ခုျဖစ္လာပါဦးမယ္။
ဟယ္ရီမက္ဂြိဳင္းယားဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲဆက္ရႈံးနိမ့္ၿပီးေနာက္ယူႏိုက္တက္တြင္ပြဲထြက္ကစားသမားေနရာဆုံးရႈံးလာခဲ့ရသူျဖစ္ပါတယ္။ဒါေပမဲ့သူဟာအဂၤလန္အသင္းႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။