အာဂျင်တီးနား-ခရိုအေးရှား ကမ္ဘာ့ဖလားဆီမီးပွဲကို ကိုင်တွယ်မဲ့ ဒိုင်လူကြီးက ဘယ်လို ဒိုင်မျိုးလဲ?

ဒါနီလီအော်ဆာတိုဟာယနေ့ညတွင်အာဂျင်တီးနားနှင့်ခရိုအေးရှားတို့ကစားကြမယ့်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကိုကြီးကြပ်သွားပါမယ်။

သူဟာယနေ့ညကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမတိုင်မီ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပွဲနှစ်ပွဲကိုင်တွယ်ခဲ့ပြီးဖြစ်ပါတယ်။

သူဟာအိမ်ရှင်ကာတာနှင့်အီကွေဒေါတို့ရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲကိုကြီးကြပ်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါ့အပြင်သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာအာဂျင်တီးနားရဲ့မက္ကဆီကိုနှင့်ပွဲကိုလည်းကြီးကြပ်ခဲ့ပါတယ်။ယင်းပွဲမှာအာဂျင်တီးနားကမက္ကဆီကိုကို၂-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

သူဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်နှင့်ကွာတားဖိုင်နယ်ပွဲစဉ်များကိုတော့ကြီးကြပ်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့သူဟာယနေ့ညမှာအာဂျင်တီးနားနှင့်ခရိုအေးရှားတို့ကစားမယ့်ပထမဆုံးဆီမီးဖိုင်နယ်ပွဲစဉ်ကိုကြီးကြပ်လာပါမယ်။

ဒါနီလီအော့ဆာတိုက ဘယ်လိုဒိုင်လူကြီးမျိုးလဲ?

အော့ဆာတိုဟာဥရောပဘောလုံးလောကရဲ့အတွေ့အကြုံရင့်ဒိုင်လူကြီးတွေထဲမှတစ်ဦးဖြစ်ပါတယ်။

အသက်၄၇နှစ်ရှိအော့ဆာတိုဟာအီတလီနိုင်ငံ၊ဗီစင်ဇာကမွန်တက်ချီယိုမက်ဂျီယိုရီမှာမွေးဖွားသူဖြစ်ပြီး၂၀၁၀ခုနှစ်ကတည်းကယူအီးအက်ဖ်အေဒိုင်လူကြီးဖြစ်လာသူဖြစ်ပါတယ်။

သူဟာဒိုင်လူကြီးမလုပ်ခင်နည်းပြတစ်ဦးအဖြစ်ကျင်လည်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအာဂျင်တီးနားကိုတစ်ပွဲတည်းသာကိုင်တွယ်ဖူးပေမဲ့ခရိုအေးရှားရဲ့ပွဲသုံးပွဲကိုင်တွယ်ဖူးပါတယ်။သူကိုင်တွယ်တဲ့ပွဲသုံးပွဲမှာခရိုအေးရှားတို့နှစ်ပွဲနိုင်ပြီးယူရို၂၀၂၀တုန်းကအင်္ဂလန်ကိုရှုံးနိမ့်တဲ့ပွဲကိုကိုင်တွယ်ခဲ့ပါတယ်။

ဒါ့အပြင်သူဟာပီအက်စ်ဂျီနှင့်ဘိုင်ယန်မြူးနစ်တို့ရဲ့၂၀၂၀ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုကိုင်တွယ်ခဲ့ကာ IFFHS ရဲ့၂၀၂၀အကောင်းဆုံးဒိုင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရဖူးပါတယ်။

ZawGyi

အာဂ်င္တီးနား-ခ႐ိုေအးရွား ကမာၻ႔ဖလားဆီမီးပြဲကို ကိုင္တြယ္မဲ့ ဒိုင္လူႀကီးက ဘယ္လို ဒိုင္မ်ိဳးလဲ?

ဒါနီလီေအာ္ဆာတိုဟာယေန႔ညတြင္အာဂ်င္တီးနားႏွင့္ခ႐ိုေအးရွားတို႔ကစားၾကမယ့္ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္ကိုႀကီးၾကပ္သြားပါမယ္။

သူဟာယေန႔ညကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲမတိုင္မီ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာပြဲႏွစ္ပြဲကိုင္တြယ္ခဲ့ၿပီးျဖစ္ပါတယ္။

သူဟာအိမ္ရွင္ကာတာႏွင့္အီေကြေဒါတို႔ရဲ႕ကမာၻ႔ဖလားအဖြင့္ပြဲကိုႀကီးၾကပ္ခဲ့တဲ့သူျဖစ္ပါတယ္။ဒါ့အျပင္သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာအာဂ်င္တီးနားရဲ႕မကၠဆီကိုႏွင့္ပြဲကိုလည္းႀကီးၾကပ္ခဲ့ပါတယ္။ယင္းပြဲမွာအာဂ်င္တီးနားကမကၠဆီကိုကို၂-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။

သူဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ႏွင့္ကြာတားဖိုင္နယ္ပြဲစဥ္မ်ားကိုေတာ့ႀကီးၾကပ္ခဲ့ျခင္းမရွိပါဘူး။ဒါေပမဲ့သူဟာယေန႔ညမွာအာဂ်င္တီးနားႏွင့္ခ႐ိုေအးရွားတို႔ကစားမယ့္ပထမဆုံးဆီမီးဖိုင္နယ္ပြဲစဥ္ကိုႀကီးၾကပ္လာပါမယ္။

ဒါနီလီေအာ့ဆာတိုက ဘယ္လိုဒိုင္လူႀကီးမ်ိဳးလဲ?

ေအာ့ဆာတိုဟာဥေရာပေဘာလုံးေလာကရဲ႕အေတြ႕အႀကဳံရင့္ဒိုင္လူႀကီးေတြထဲမွတစ္ဦးျဖစ္ပါတယ္။

အသက္၄၇ႏွစ္ရွိေအာ့ဆာတိုဟာအီတလီႏိုင္ငံ၊ဗီစင္ဇာကမြန္တက္ခ်ီယိုမက္ဂ်ီယိုရီမွာေမြးဖြားသူျဖစ္ၿပီး၂၀၁၀ခုႏွစ္ကတည္းကယူအီးအက္ဖ္ေအဒိုင္လူႀကီးျဖစ္လာသူျဖစ္ပါတယ္။

သူဟာဒိုင္လူႀကီးမလုပ္ခင္နည္းျပတစ္ဦးအျဖစ္က်င္လည္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအာဂ်င္တီးနားကိုတစ္ပြဲတည္းသာကိုင္တြယ္ဖူးေပမဲ့ခ႐ိုေအးရွားရဲ႕ပြဲသုံးပြဲကိုင္တြယ္ဖူးပါတယ္။သူကိုင္တြယ္တဲ့ပြဲသုံးပြဲမွာခ႐ိုေအးရွားတို႔ႏွစ္ပြဲႏိုင္ၿပီးယူ႐ို၂၀၂၀တုန္းကအဂၤလန္ကိုရႈံးနိမ့္တဲ့ပြဲကိုကိုင္တြယ္ခဲ့ပါတယ္။

ဒါ့အျပင္သူဟာပီအက္စ္ဂ်ီႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕၂၀၂၀ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုကိုင္တြယ္ခဲ့ကာ IFFHS ရဲ႕၂၀၂၀အေကာင္းဆုံးဒိုင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရဖူးပါတယ္။