အာဆင်နယ်ကစားသမားမိတ်ဆက်ပွဲသို့ အဘိုးဖြစ်သူရဲ့အရိုးပြာကို ယူဆောင်ခဲ့တဲ့ ရမ်ဒဲလ်

အေရွန်ရမ်ဒဲလ်ဟာအာဆင်နယ်နှင့်စာချုပ်ချုပ်ဆိုပွဲသို့ကွယ်လွန်သွားရှာပြီဖြစ်တဲ့အဘိုးဖြစ်သူရဲ့အရိုးပြာကိုလည်းယူဆောင်လာခဲ့ပါတယ်။

ရမ်ဒဲလ်ဟာမနေ့တုန်းကရှက်ဖီးလ်ယူနိုက်တက်မှအာဆင်နယ်သို့ပြောင်းရွှေ့ကြေးပေါင်သန်း၃၀(ထပ်ဆောင်းအပိုဆုကြေးအပါအဝင်)ဖြင့်ပြောင်းခဲ့ပါတယ်။

သူဟာအာဆင်နယ်နှင့်လက်မှတ်ရေးထိုးပွဲသို့မိသားစုဝင်များအပြင်သူအရမ်းချစ်ရတဲ့အဖိုးဖြစ်သူရဲ့အရိုးပြာပုလင်းကိုအံ့ဩစရာကောင်းလောက်အောင်ယူဆောင်လာခဲ့ပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ရမ်ဒဲလ်ရဲ့ဖခင်ဖြစ်သူဟာဘောလုံးပွဲများသို့သူ့အဖေရဲ့အရိုးပြာပုလင်းကိုယူဆောင်သွားလေ့ရှိတာဖြစ်ပါတယ်။

ရမ်ဒဲလ်က “ကျွန်တော့်ကိုကိုယ်ဝန်ရှိကြောင်းအမေသိတဲ့နေ့မှာဘဲသူ(အဘိုး)ဆုံးသွားခဲ့တာဖြစ်ပါတယ်။သူ့အမည်ကရွန်ပါ။ဘာမင်ဂမ်ဘလောက်စ်ဝစ်ကပါ။ကျွန်တော့်မိဘတွေက ငါတို့ရဲ့ရွန်နဲ့ပြန်တွေ့ရတော့မယ်လို့ပြောလေ့ရှိပါတယ်။ဒီတော့ကျွန်တော်အမည်အေရွန်ဆိုတာ ရွန်ကိုဖော်ညွှန်းတာပါ။ကျွန်တော့်အဖေဟာသူ့အရိုးပြာထဲကတစ်ချို့ကိုပုလင်းထည့်ပါတယ်။ပြီးရင်ဘောလုံးပွဲသို့ယူသွားတယ်။ကွင်းမှာဓာတ်ပုံတွေရိုက်တယ်။မနက်တုန်းကကားထက်မှာသူမရှိတော့ပေမယ့်အခုလိုလုပ်တာကောင်းတယ်လို့ပြောခဲ့တယ်။တကယ်လို့သူ့အဖေသာခွင့်ပြုခဲ့ရင်သူ(အဘိုး)လည်းဘောလုံးသမားတစ်ဦးဖြစ်ခဲ့မှာပါ။သူလည်းဂိုးဖမ်းခဲ့တယ်။ဒီတော့ကျွန်တော့်တို့အကြားမှာဆက်နွယ်မှုတွေကရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

အာဆင္နယ္ကစားသမားမိတ္ဆက္ပြဲသို႔ အဘိုးျဖစ္သူရဲ႕အ႐ိုးျပာကို ယူေဆာင္ခဲ့တဲ့ ရမ္ဒဲလ္

ေအ႐ြန္ရမ္ဒဲလ္ဟာအာဆင္နယ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုပြဲသို႔ကြယ္လြန္သြားရွာၿပီျဖစ္တဲ့အဘိုးျဖစ္သူရဲ႕အ႐ိုးျပာကိုလည္းယူေဆာင္လာခဲ့ပါတယ္။

ရမ္ဒဲလ္ဟာမေန႔တုန္းကရွက္ဖီးလ္ယူႏိုက္တက္မွအာဆင္နယ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀(ထပ္ေဆာင္းအပိုဆုေၾကးအပါအဝင္)ျဖင့္ေျပာင္းခဲ့ပါတယ္။

သူဟာအာဆင္နယ္ႏွင့္လက္မွတ္ေရးထိုးပြဲသို႔မိသားစုဝင္မ်ားအျပင္သူအရမ္းခ်စ္ရတဲ့အဖိုးျဖစ္သူရဲ႕အ႐ိုးျပာပုလင္းကိုအံ့ဩစရာေကာင္းေလာက္ေအာင္ယူေဆာင္လာခဲ့ပါတယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ရမ္ဒဲလ္ရဲ႕ဖခင္ျဖစ္သူဟာေဘာလုံးပြဲမ်ားသို႔သူ႔အေဖရဲ႕အ႐ိုးျပာပုလင္းကိုယူေဆာင္သြားေလ့ရွိတာျဖစ္ပါတယ္။

ရမ္ဒဲလ္က “ကြၽန္ေတာ့္ကိုကိုယ္ဝန္ရွိေၾကာင္းအေမသိတဲ့ေန႔မွာဘဲသူ(အဘိုး)ဆုံးသြားခဲ့တာျဖစ္ပါတယ္။သူ႔အမည္က႐ြန္ပါ။ဘာမင္ဂမ္ဘေလာက္စ္ဝစ္ကပါ။ကြၽန္ေတာ့္မိဘေတြက ငါတို႔ရဲ႕႐ြန္နဲ႔ျပန္ေတြ႕ရေတာ့မယ္လို႔ေျပာေလ့ရွိပါတယ္။ဒီေတာ့ကြၽန္ေတာ္အမည္ေအ႐ြန္ဆိုတာ ႐ြန္ကိုေဖာ္ၫႊန္းတာပါ။ကြၽန္ေတာ့္အေဖဟာသူ႔အ႐ိုးျပာထဲကတစ္ခ်ိဳ႕ကိုပုလင္းထည့္ပါတယ္။ၿပီးရင္ေဘာလုံးပြဲသို႔ယူသြားတယ္။ကြင္းမွာဓာတ္ပုံေတြ႐ိုက္တယ္။မနက္တုန္းကကားထက္မွာသူမရွိေတာ့ေပမယ့္အခုလိုလုပ္တာေကာင္းတယ္လို႔ေျပာခဲ့တယ္။တကယ္လို႔သူ႔အေဖသာခြင့္ျပဳခဲ့ရင္သူ(အဘိုး)လည္းေဘာလုံးသမားတစ္ဦးျဖစ္ခဲ့မွာပါ။သူလည္းဂိုးဖမ္းခဲ့တယ္။ဒီေတာ့ကြၽန္ေတာ့္တို႔အၾကားမွာဆက္ႏြယ္မႈေတြကရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။