အာဆင်နယ်ကို ကျော်ဖြတ်ကာ လန်းစ်အလယ်တန်းကစားသမားဒူကော်ရီကို ပေါင် ၂၁ သန်းဖြင့် ပဲလေ့စ်ခေါ်ယူ

ခရစ္စတယ်ပဲလေ့စ်ဟာချက်ခ်ဒူကော်ရီကိုငါးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။အသက်၂၂နှစ်ရှိအလယ်တန်းကစားသမားဟာလီဂူး၁ကလပ်မှပေါင်၁၈သန်းဖြင့်ပြောင်းလာတာဖြစ်ပြီးခြေစွမ်းနှင့်အောင်မြင်မှုအပေါ်မူတည်ကာပေါင်၂၁သန်းအထိပေးလာရနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းရွှေ့ပြီးနောက်ဒူကော်ရီက “အရမ်းပျော်တယ်။အပျော်တွေပြည့်နေတာခံစားရတယ်။ပဲလေ့စ်ကစားသမားတစ်ဦးဖြစ်လာလို့ဂုဏ်ယူရတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာဒူကော်ရီကိုခေါ်ယူရန်လန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်နှင့်အပြိုင်ကြိုးပမ်းခဲ့ရတာလည်းဖြစ်ပါတယ်။

ပဲလေ့စ်နည်းပြဗီအဲရာဟာယခုနွေရာသီတွင်ဒူကော်ရီမတိုင်မီဆမ်ဂျွန်စတုန်း၊မယ်ကွမ်းအီဘီအိုဝီတို့အားခေါ်ယူအားဖြည့်ထားပါတယ်။

ဗီအဲရာဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီကစားသမားထပ်မံခေါ်ယူအားဖြည့်ရန်စီစဉ်နေပြီးဘန်လေမှဒွိုက်မက်နေးလ်ကိုခေါ်ယူရန်ကြိုးပမ်းနေသလိုချဲလ်ဆီးနောက်ခံလူလီဗီကိုးဝဲလ်ကိုလည်းဆက်သွယ်နေပါတယ်။

ZawGyi

အာဆင္နယ္ကို ေက်ာ္ျဖတ္ကာ လန္းစ္အလယ္တန္းကစားသမားဒူေကာ္ရီကို ေပါင္ ၂၁ သန္းျဖင့္ ပဲေလ့စ္ေခၚယူ

ခရစၥတယ္ပဲေလ့စ္ဟာခ်က္ခ္ဒူေကာ္ရီကိုငါးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။အသက္၂၂ႏွစ္ရွိအလယ္တန္းကစားသမားဟာလီဂူး၁ကလပ္မွေပါင္၁၈သန္းျဖင့္ေျပာင္းလာတာျဖစ္ၿပီးေျခစြမ္းႏွင့္ေအာင္ျမင္မႈအေပၚမူတည္ကာေပါင္၂၁သန္းအထိေပးလာရႏိုင္ပါတယ္။

ခရစၥတယ္ပဲေလ့စ္သို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ဒူေကာ္ရီက “အရမ္းေပ်ာ္တယ္။အေပ်ာ္ေတြျပည့္ေနတာခံစားရတယ္။ပဲေလ့စ္ကစားသမားတစ္ဦးျဖစ္လာလို႔ဂုဏ္ယူရတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာဒူေကာ္ရီကိုေခၚယူရန္လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္အာဆင္နယ္ႏွင့္အၿပိဳင္ႀကိဳးပမ္းခဲ့ရတာလည္းျဖစ္ပါတယ္။

ပဲေလ့စ္နည္းျပဗီအဲရာဟာယခုေႏြရာသီတြင္ဒူေကာ္ရီမတိုင္မီဆမ္ဂြၽန္စတုန္း၊မယ္ကြမ္းအီဘီအိုဝီတို႔အားေခၚယူအားျဖည့္ထားပါတယ္။

ဗီအဲရာဟာအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကစားသမားထပ္မံေခၚယူအားျဖည့္ရန္စီစဥ္ေနၿပီးဘန္ေလမွဒြိဳက္မက္ေနးလ္ကိုေခၚယူရန္ႀကိဳးပမ္းေနသလိုခ်ဲလ္ဆီးေနာက္ခံလူလီဗီကိုးဝဲလ္ကိုလည္းဆက္သြယ္ေနပါတယ္။