အာဆင်နယ်ကို နှစ်ပွဲဆက်အနိုင်ရရေး အလွန်ခက်ခဲလာမည်ဟု ဆောက်သမ်တန်နည်းပြဖွင့်ဟ

ဆောက်သမ်တန်နည်းပြဟာဆန်ဟက်ဟာလေးရက်အတွင်းတွင်ဒုတိယမြောက်ရင်ဆိုင်ရတဲ့အာဆင်နယ်နှင့်ပွဲစဉ်တွင်ကြီးမားတဲ့ခက်ခဲမှုများရင်ဆိုင်လာရမှာကိုစိုးရိမ်လျက်ရှိပါတယ်။

ဆောက်သမ်တန်ဟာစနေနေ့တုန်းကအက်ဖ်အေဖလားချန်ပီယံအား၁-၀ဂိုးဖြင့်အနိုင်ယူကာအက်ဖ်အေဖလား စတုတ္ထအဆင့်မှထွက်ခွာရအောင်လုပ်ဆောင်ခဲ့ပါတယ်။၎င်းတို့ဟာယနေ့ညမှာအာဆင်နယ်ကိုပရီးမီးယားလိဂ်ပွဲစဉ် အဖြစ်ဧည့်ခံကစားရပါမယ်။ဒါပေမယ့်ဆောက်သမ်တန်ဟာအာဆင်နယ်နှင့်ပွဲအတွက်ဒဏ်ရာပြဿနာများနှင့်ကြုံ နေရပါတယ်။

ကိုင်လီဝေါလ်ကားပီတာမှာလေ့ကျင့်ခန်းအစီအစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်နည်းပြဟာဆန်ဟက်ကကစားသမားများမှာနားချိန်အပြည့်အဝမရှိဘဲပွဲကစားရမယ့်အပြင်အာဆင်နယ်ဘက်ကကလဲ့စားချေ ရေးကြိုးပမ်းလာမည်တို့ကိုစိုးရမ်လျက်ရှိနေပါတယ်။

ဆောက်သမ်တန်နည်းပြက “လွယ်ကူလာမလားဆိုတော့ နိုးပါ။တကယ်လို့အားနည်းတဲ့အသင်းဆိုရင်တောင် နောက်တစ်ကြိမ်အနိုင်ရဖို့လွယ်ကူမလားဆိုရင်နိုးလို့ဘဲဖြေရပါမယ်။ကျွန်တော်တို့ဘက်ကအရမ်းအရမ်းခက်ခဲတဲ့ နှစ်ပွဲဆက်ပွဲအတွက်ပြင်ဆင်ထားရပါမယ်။ဒါပေမယ့်ကျွန်တော်တို့ရှုံးမှာကြောက်နေသလားဆိုတာတော့မကြောက် ပါဘူး။စနေနေ့တုန်းကပွဲထက်ပိုကောင်းအောင်ကစားနိုင်တယ်လို့ယုံကြည်နေပါတယ်။ဒါကလည်းကျွန်တော်တို့ လုပ်သွားမယ့်အရာပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်နှင့်ပွဲစဉ်တွင်ဆောက်သမ်တန်ရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ဝေါလ်တားပီတာ၊ရိုင်ယန်ဘာထရန်းတို့ပါဝင်မှာမဟုတ်ပါဘူး။

ZawGyi

အာဆင္နယ္ကို ႏွစ္ပြဲဆက္အႏိုင္ရေရး အလြန္ခက္ခဲလာမည္ဟု ေဆာက္သမ္တန္နည္းျပဖြင့္ဟ

ေဆာက္သမ္တန္နည္းျပဟာဆန္ဟက္ဟာေလးရက္အတြင္းတြင္ဒုတိယေျမာက္ရင္ဆိုင္ရတဲ့အာဆင္နယ္ႏွင့္ပြဲစဥ္တြင္ႀကီးမားတဲ့ခက္ခဲမႈမ်ားရင္ဆိုင္လာရမွာကိုစိုးရိမ္လ်က္ရွိပါတယ္။

ေဆာက္သမ္တန္ဟာစေနေန႔တုန္းကအက္ဖ္ေအဖလားခ်န္ပီယံအား၁-၀ဂိုးျဖင့္အႏိုင္ယူကာအက္ဖ္ေအဖလား စတုတၳအဆင့္မွထြက္ခြာရေအာင္လုပ္ေဆာင္ခဲ့ပါတယ္။၎တို႔ဟာယေန႔ညမွာအာဆင္နယ္ကိုပရီးမီးယားလိဂ္ပြဲစဥ္ အျဖစ္ဧည့္ခံကစားရပါမယ္။ဒါေပမယ့္ေဆာက္သမ္တန္ဟာအာဆင္နယ္ႏွင့္ပြဲအတြက္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံ ေနရပါတယ္။

ကိုင္လီေဝါလ္ကားပီတာမွာေလ့က်င့္ခန္းအစီအစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိခဲ့ပါတယ္။ဒါ့အျပင္နည္းျပဟာဆန္ဟက္ကကစားသမားမ်ားမွာနားခ်ိန္အျပည့္အဝမရွိဘဲပြဲကစားရမယ့္အျပင္အာဆင္နယ္ဘက္ကကလဲ့စားေခ် ေရးႀကိဳးပမ္းလာမည္တို႔ကိုစိုးရမ္လ်က္ရွိေနပါတယ္။

ေဆာက္သမ္တန္နည္းျပက “လြယ္ကူလာမလားဆိုေတာ့ ႏိုးပါ။တကယ္လို႔အားနည္းတဲ့အသင္းဆိုရင္ေတာင္ ေနာက္တစ္ႀကိမ္အႏိုင္ရဖို႔လြယ္ကူမလားဆိုရင္ႏိုးလို႔ဘဲေျဖရပါမယ္။ကြၽန္ေတာ္တို႔ဘက္ကအရမ္းအရမ္းခက္ခဲတဲ့ ႏွစ္ပြဲဆက္ပြဲအတြက္ျပင္ဆင္ထားရပါမယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ရႈံးမွာေၾကာက္ေနသလားဆိုတာေတာ့မေၾကာက္ ပါဘူး။စေနေန႔တုန္းကပြဲထက္ပိုေကာင္းေအာင္ကစားႏိုင္တယ္လို႔ယုံၾကည္ေနပါတယ္။ဒါကလည္းကြၽန္ေတာ္တို႔ လုပ္သြားမယ့္အရာပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ႏွင့္ပြဲစဥ္တြင္ေဆာက္သမ္တန္ရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ေဝါလ္တားပီတာ၊႐ိုင္ယန္ဘာထရန္းတို႔ပါဝင္မွာမဟုတ္ပါဘူး။