အာဆင်နယ်ကို ဝယ်ယူရန် ပေါင်၂ဘီလီယံကျော်ဖြင့် ထပ်မံကမ်းလှမ်းဦးမယ့် Spotify CEO

ဆွီဒင်ဘီလျှံနာဒါနီရယ်အီယက်ဟာပြီးခဲ့တဲ့လတုန်းကအာဆင်နယ်ကိုဝယ်ယူရန်ပေါင်၁.၈ဘီလီယံဖြင့်ကမ်းလှမ်းမှုပယ်ချခံရပြီးနောက်ဒုတိယအကြိမ်ကမ်းလှမ်းမှုအဖြစ်ပေါင်၂ဘီလီယံကျော်ဖြင့်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။

အီယက်ကအာဆင်နယ်ကိုဝယ်ယူရန်နောက်ဆုံးအကြိမ်ကမ်းလှမ်းတုန်းကစတန်ခရွန်ယန်ကီမိသားစုကငွေမလိုအပ်ဟုဆိုကာကမ်းလှမ်းမှုကိုပယ်ချခဲ့ကြောင်းဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် Spotify စီအီးအိုဟာလက်လျှော့ခြင်းမရှိသေးဘဲဒုတိယအကြိမ်မြောက်ကြိုးပမ်းမှုအဖြစ်ပေါင်၂ဘီလီယံကျော်ဖြင့်ကမ်းလှမ်းရန်စီစဉ်နေပါတယ်။တစ်ဖက်တွင်အာဆင်နယ်အသင်းအတွင်းလူများကလည်းစတန်ခရွန်ယန်ကီမိသားစုဟာဒုတိယအကြိမ်ကမ်းလှမ်းမှုကိုစောင့်ဆိုင်းနေကြောင်းဆိုထားပါတယ်။

Spotify ကိုတည်ထောင်သူ အသက်၃၈နှစ်ရှိအီယက်ဟာဥရောပစူပါလိဂ်ကျဆုံးမှုဖြစ်ပေါ်မှုကိုအခွင့်အရေးယူကာအာဆင်နယ်ကိုဝယ်ယူရေးကြိုးပမ်းလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာအာဆင်နယ်အသင်းကိုဝယ်ယူရေးကြိုးပမ်းရာတွင်ဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်သူများကိုပါလူသိရှင်ကြားကြေညာပြီးပရိသတ်ထောက်ခံမှုရယူထားပါတယ်။ဒါ့အပြင်အာဆင်နယ်အသင်းရှယ်ယာများကိုပရိသတ်များပိုင်ဆိုင်ခွင့်ရရှိအောင်လည်းလုပ်ဆောင်သွားမယ်လို့မဲဆွဲထားပါတယ်။

အီယက်ဟာအာဆင်နယ်ဂန္ထဝင်များဖြစ်ကြတဲ့သီယာရီဟင်နရီ၊ဒင်းနစ်ဘားကမ့်၊ပက်ထရစ်ဗီအဲရာတို့ကိုသူ့ကမ်းလှမ်းမှုထဲမှာထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

သူဟာသူ့ကမ်းလှမ်းမှုအားပေါင်သန်း၃၀၀ထပ်မံတိုးမြှင့်ပြီးစတန်ခရွန်ယန်ကီအားစမ်းသပ်မှုပြုလုပ်ဦးမှာဖြစ်ပါတယ်။

အသက်၇၃နှစ်ရှိအမေရိကန်ဘီလျှံနာစတန်ခရွန်ယန်ကီဟာ၂၀၁၈ခုနှစ်တုန်းကအာဆင်နယ်ကိုတစ်ဦးတည်းပိုင်အဖြစ်အပိုင်စီးခဲ့သူဖြစ်ပြီးပရိသတ်များမုန်းတီးခြင်းခံနေရတဲ့ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

ခရွန်ယန်ကီရဲ့သားဂျို့စ်ကကလပ်မှာဒါရိုက်တာအဖြစ်ဆောင်ရွက်ကာကလပ်ကိုဦးဆောင်လုပ်ဆောင်နေပါတယ်။

Spotify ပိုင်ရှင်အီယက်ဟာအသက်၈နှစ်အရွယ်ကတည်းကအာဆင်နယ်အသင်းကိုအားပေးလာခဲ့သူဖြစ်ပါတယ်။

ZawGyi

အာဆင္နယ္ကို ဝယ္ယူရန္ ေပါင္၂ဘီလီယံေက်ာ္ျဖင့္ ထပ္မံကမ္းလွမ္းဦးမယ့္ Spotify CEO

ဆြီဒင္ဘီလွ်ံနာဒါနီရယ္အီယက္ဟာၿပီးခဲ့တဲ့လတုန္းကအာဆင္နယ္ကိုဝယ္ယူရန္ေပါင္၁.၈ဘီလီယံျဖင့္ကမ္းလွမ္းမႈပယ္ခ်ခံရၿပီးေနာက္ဒုတိယအႀကိမ္ကမ္းလွမ္းမႈအျဖစ္ေပါင္၂ဘီလီယံေက်ာ္ျဖင့္ကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

အီယက္ကအာဆင္နယ္ကိုဝယ္ယူရန္ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းတုန္းကစတန္ခ႐ြန္ယန္ကီမိသားစုကေငြမလိုအပ္ဟုဆိုကာကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ေၾကာင္းဆိုသြားခဲ့ပါတယ္။

ဒါေပမယ့္ Spotify စီအီးအိုဟာလက္ေလွ်ာ့ျခင္းမရွိေသးဘဲဒုတိယအႀကိမ္ေျမာက္ႀကိဳးပမ္းမႈအျဖစ္ေပါင္၂ဘီလီယံေက်ာ္ျဖင့္ကမ္းလွမ္းရန္စီစဥ္ေနပါတယ္။တစ္ဖက္တြင္အာဆင္နယ္အသင္းအတြင္းလူမ်ားကလည္းစတန္ခ႐ြန္ယန္ကီမိသားစုဟာဒုတိယအႀကိမ္ကမ္းလွမ္းမႈကိုေစာင့္ဆိုင္းေနေၾကာင္းဆိုထားပါတယ္။

Spotify ကိုတည္ေထာင္သူ အသက္၃၈ႏွစ္ရွိအီယက္ဟာဥေရာပစူပါလိဂ္က်ဆုံးမႈျဖစ္ေပၚမႈကိုအခြင့္အေရးယူကာအာဆင္နယ္ကိုဝယ္ယူေရးႀကိဳးပမ္းလာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာအာဆင္နယ္အသင္းကိုဝယ္ယူေရးႀကိဳးပမ္းရာတြင္ဘုတ္အဖြဲ႕ဝင္အျဖစ္ခန႔္အပ္သူမ်ားကိုပါလူသိရွင္ၾကားေၾကညာၿပီးပရိသတ္ေထာက္ခံမႈရယူထားပါတယ္။ဒါ့အျပင္အာဆင္နယ္အသင္းရွယ္ယာမ်ားကိုပရိသတ္မ်ားပိုင္ဆိုင္ခြင့္ရရွိေအာင္လည္းလုပ္ေဆာင္သြားမယ္လို႔မဲဆြဲထားပါတယ္။

အီယက္ဟာအာဆင္နယ္ဂႏၴဝင္မ်ားျဖစ္ၾကတဲ့သီယာရီဟင္နရီ၊ဒင္းနစ္ဘားကမ့္၊ပက္ထရစ္ဗီအဲရာတို႔ကိုသူ႔ကမ္းလွမ္းမႈထဲမွာထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။

သူဟာသူ႔ကမ္းလွမ္းမႈအားေပါင္သန္း၃၀၀ထပ္မံတိုးျမႇင့္ၿပီးစတန္ခ႐ြန္ယန္ကီအားစမ္းသပ္မႈျပဳလုပ္ဦးမွာျဖစ္ပါတယ္။

အသက္၇၃ႏွစ္ရွိအေမရိကန္ဘီလွ်ံနာစတန္ခ႐ြန္ယန္ကီဟာ၂၀၁၈ခုႏွစ္တုန္းကအာဆင္နယ္ကိုတစ္ဦးတည္းပိုင္အျဖစ္အပိုင္စီးခဲ့သူျဖစ္ၿပီးပရိသတ္မ်ားမုန္းတီးျခင္းခံေနရတဲ့ပိုင္ရွင္တစ္ဦးလည္းျဖစ္ပါတယ္။

ခ႐ြန္ယန္ကီရဲ႕သားဂ်ိဳ႕စ္ကကလပ္မွာဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ကာကလပ္ကိုဦးေဆာင္လုပ္ေဆာင္ေနပါတယ္။

Spotify ပိုင္ရွင္အီယက္ဟာအသက္၈ႏွစ္အ႐ြယ္ကတည္းကအာဆင္နယ္အသင္းကိုအားေပးလာခဲ့သူျဖစ္ပါတယ္။