အာဆင်နယ်က ပေးတဲ့လုပ်ခထက် နှစ်ဆတိုးပေးပြီး မူဒရစ်ကို ချဲလ်ဆီးခေါ်ယူခဲ့ခြင်းဖြစ်

ချဲလ်ဆီးဟာလန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်ရဲ့နံပါတ်တစ်ပစ်မှတ်မိုင်ခေလိုမူဒရစ်ကိုလုပ်ခနှစ်ဆအထိပေးပြီးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာအသက်၂၂နှစ်ရှိယူကရိန်းစတားမိုင်ခေလိုအားရှက်တာဒိုးနက်စ်မှ ပြောင်းရွှေ့ကြေးပေါင်၉၇သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သူဟာမနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရတဲ့ပွဲကိုလာကြည့်ခဲ့ပြီးကွင်းအတွင်းသို့ဆင်းကာပရိသတ်များကိုနှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမဲ့တကယ်တော့မိုင်ခေလိုမူဒရစ်ဟာအစောပိုင်းတုန်းကအာဆင်နယ်သို့ပြောင်းရွှေ့ကစားလိုကြောင်းအရိပ်အမြွက်ပြောကြားခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ချဲလ်ဆီးဟာအာဆင်နယ်ကပေးတဲ့လုပ်ခထက်နှစ်ဆပေးပြီးမူဒရစ်ကိုစိတ်ပြောင်းလာအောင်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

တဖက်တွင်အာဆင်နယ်ဟာချဲလ်ဆီးကစိတ်ဝင်စားလာမှုကြောင့်ရှက်တာဒိုးနက်စ်ဘက်ကပြောင်းရွှေ့ကြေးတောင်းဆိုမှုမြင့်မားလာမှုနဲ့အတူ မူဒရစ်ကိုခေါ်ယူရေးကြိုးပမ်းမှုမှနောက်ဆုတ်ခဲ့ပါတယ်။

ဒါပေမဲ့မူဒရစ်ဟာအာဆင်နယ်ထံမှတစ်ပတ်လုပ်ခပေါင်၅၀၀၀၀ဖြင့်ကမ်းလှမ်းမှုသာရရှိတာဖြစ်ပါတယ်။

သူဟာချဲလ်ဆီးသို့ပြောင်းရွှေ့မှုနဲ့အတူတစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀အထိရရှိလာမှာဖြစ်ပြီးအာဆင်နယ်ကပေးတဲ့ပမာဏထက်နှစ်ဆပိုမိုရရှိလာပါမယ်။

ချဲလ်ဆီးဟာမူဒရစ်အတွက်ပေါင်၆၂သန်းပေးရမှာဖြစ်ပြီးကျန်ပေါင်၃၅သန်းကိုအောင်မြင်မှုအပေါ်မူတည်ပြီးပေးရပါမယ်။

သူဟာချဲလ်ဆီးနှင့်ရှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုထားပါတယ်။

ZawGyi

အာဆင္နယ္က ေပးတဲ့လုပ္ခထက္ ႏွစ္ဆတိုးေပးၿပီး မူဒရစ္ကို ခ်ဲလ္ဆီးေခၚယူခဲ့ျခင္းျဖစ္

ခ်ဲလ္ဆီးဟာလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္အာဆင္နယ္ရဲ႕နံပါတ္တစ္ပစ္မွတ္မိုင္ေခလိုမူဒရစ္ကိုလုပ္ခႏွစ္ဆအထိေပးၿပီးေခၚယူခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာအသက္၂၂ႏွစ္ရွိယူကရိန္းစတားမိုင္ေခလိုအားရွက္တာဒိုးနက္စ္မွ ေျပာင္းေ႐ႊ႕ေၾကးေပါင္၉၇သန္းျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

သူဟာမေန႔ညတုန္းကခရစၥတယ္ပဲေလ့စ္ကိုအႏိုင္ရတဲ့ပြဲကိုလာၾကည့္ခဲ့ၿပီးကြင္းအတြင္းသို႔ဆင္းကာပရိသတ္မ်ားကိုႏႈတ္ဆက္ခဲ့ပါတယ္။

ဒါေပမဲ့တကယ္ေတာ့မိုင္ေခလိုမူဒရစ္ဟာအေစာပိုင္းတုန္းကအာဆင္နယ္သို႔ေျပာင္းေ႐ႊ႕ကစားလိုေၾကာင္းအရိပ္အႁမြက္ေျပာၾကားခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ခ်ဲလ္ဆီးဟာအာဆင္နယ္ကေပးတဲ့လုပ္ခထက္ႏွစ္ဆေပးၿပီးမူဒရစ္ကိုစိတ္ေျပာင္းလာေအာင္လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။

တဖက္တြင္အာဆင္နယ္ဟာခ်ဲလ္ဆီးကစိတ္ဝင္စားလာမႈေၾကာင့္ရွက္တာဒိုးနက္စ္ဘက္ကေျပာင္းေ႐ႊ႕ေၾကးေတာင္းဆိုမႈျမင့္မားလာမႈနဲ႔အတူ မူဒရစ္ကိုေခၚယူေရးႀကိဳးပမ္းမႈမွေနာက္ဆုတ္ခဲ့ပါတယ္။

ဒါေပမဲ့မူဒရစ္ဟာအာဆင္နယ္ထံမွတစ္ပတ္လုပ္ခေပါင္၅၀၀၀၀ျဖင့္ကမ္းလွမ္းမႈသာရရွိတာျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕မႈနဲ႔အတူတစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀အထိရရွိလာမွာျဖစ္ၿပီးအာဆင္နယ္ကေပးတဲ့ပမာဏထက္ႏွစ္ဆပိုမိုရရွိလာပါမယ္။

ခ်ဲလ္ဆီးဟာမူဒရစ္အတြက္ေပါင္၆၂သန္းေပးရမွာျဖစ္ၿပီးက်န္ေပါင္၃၅သန္းကိုေအာင္ျမင္မႈအေပၚမူတည္ၿပီးေပးရပါမယ္။

သူဟာခ်ဲလ္ဆီးႏွင့္ရွစ္ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။